From Wikipedia, the free encyclopedia
၁၉၈၈ လန်ကန့် - ဂန့်မ ငလျင်များ (simplified Chinese: 澜沧江-耿马地震; traditional Chinese: 瀾滄江-耿馬地震; pinyin: Láncāngjiāng-gěng mǎ dìzhèn) ("၁၁.၆ ငလျင်" ဟုလည်း သိကြ) သည် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်၊ ရှမ်းရိုးမရှိ နယ်စပ်အနီး ယူနန်ပြည်နယ်၊ လန့်ကန့် နှင့် ဂန့်မ မြို့များတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ဖြစ်သည်။[4] ငလျင်တစ်စုံသည် ၁၃ မိနစ်ခြားကာ လှုပ်ခတ်ခဲ့ပြီး ပထမတစ်ခုသည် ပမာဏ ၇.၇ ရှိကာ ဒုတိယတစ်ခုသည် ၇.၂ ရှိခဲ့သည်။ ငလျင်နှစ်ခုသည် Mercalli ပြင်းအား X (အလွန်ပြင်းထန်) နှင့် IX (ပြင်းထန်) အသီးသီး ရှိခဲ့ကြသည်။ အနည်းဆုံး လူ ၉၃၉ ဦး သေဆုံးခဲ့ကာ ယူနန်ပြည်နယ်တစ်လျှောက်ရှိ မြို့ပေါင်း ၂၀ တွင် လူပေါင်း ၇၇၀၀ ကျော်သည် ထိခိုက်မှုများ ရှိခဲ့သည်။ ဤငလျင်သည် ၁၉၇၆ ခုနှစ် တန့်ရှန်းငလျင်ဖြစ်ပြီးကတည်းက ဆိုပါက နိုင်ငံတွင် အပြင်းဆုံး ငလျင် ဖြစ်ခဲ့သည်။[5] ငလျင်နှစ်ခုစလုံးကြောင့် ထိခိုက်မှုနှင့် စီးပွားရေးအရ ဆုံးရှုံးမှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၇၀ မီလီယံ (၁၉၈၈ ခုနှစ် ဒေါ်လာဈေးဖြင့်) ရှိခဲ့သည်။ အတော်အတန်ပြင်းထန်၍ ကြီးမားသည့် နောက်ပိုင်းငလျင်များသည် ထိုဒေသတွင် လှုပ်ခတ်ခဲ့ကာ နောက်ထပ် ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများနှင့် ပတ်သက်သည့် အချက်အလက်အများစုကို တရုတ်အစိုးရသည် နိုင်ငံအတွင်းတွင် ထိုအချိန်က ဖြစ်ပွားနေသည့် နိုင်ငံရေးနှင့် ယဉ်ကျေးမှုဆိုင်ရာတော်လှန်ရေးများကြောင့် ထိမ်ချန်ထားခဲ့သည်။ [6]
UTC အချိန် | 1988-11-06 13:03:19 |
---|---|
ISC ဖြစ်ရပ် | 419867 |
419869 | |
USGS-ANSS | ComCat |
ComCat | |
ဒေသ ရက်စွဲ | 6 November 1988 |
ကာလ | 19 seconds |
အတိုင်းအတာ | 7.7 Mw (USGS), 7.6 Ms (CEA), 7.3 Ms (USGS)[1] |
7.2 Ms (CEA), 6.4 mb (USGS), 6.4 Ms (USGS) | |
အနက် | 17.8 km |
15.9 km | |
ငလျင်ဗဟို | တရုတ်-မြန်မာ နယ်စပ် ဒေသ 22.789°N 99.611°E |
အမျိုးအစား | Strike-slip |
သက်ရောက်ဧရိယာ | China, Myanmar and Thailand |
စုစုပေါင်းပျက်စီးမှု | $270 million USD in 1988 |
အများဆုံးပြင်းအား | MMI -- X (Extreme) (1st shock) MMI -- IX (Violent) (2nd shock) |
မြေပြိုမှုများ | Yes |
Foreshocks | Yes |
Aftershocks | 600 +, largest was an Mw 6.1[2] |
ထိခိုက်သေကြေမှုများ | 730-939 fatalities, 7,700 injured[3] |
ငလျင်ကြောင့် စာသင်ကျောင်း ၄၀၀၀ ကျော်နှင့် ယူနန်ပြည်နယ်ရှိ ဆေးဝါးကူညီရေးဌာနမျာား ပျက်စီးခဲ့သည်။ အခြား အိမ်များ ၁.၃၀၈သန်းသည်လည်း ပျက်စီးခဲ့သည်။ ထုထည် ၁,၀၀၀,၀၀၀ ကုဗမီတာရှိသည့် ကျောက်ထုရွေ့လျားမှုကြောင့် ကားလမ်းမများနှင့် မြစ်များကို ပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ကာ ရေကြောင်းပို့ဆောင်ရေးများ ရပ်တန့်ခဲ့သည်။ များသောအားဖြင့် အဆောက်အဦများစွာတို့သည် ပိုမိုကောင်းမွန်သည့်ဆောက်လုပ်ရေးလုပ်ငန်းနည်းပညာများနှင့် ငလျင်မတိုင်မီ ပြန်လည်ပြင်ဆင်ရေး လုပ်ငန်းများကြောင့် ငလျင်အတွင်း ကောင်းမွန်စွာရှိခဲ့သည်။ ငလျင်လှုပ်ခတ်ခဲ့သည့်ဒေသတွင် တည်ရှိသည့် အဆောက်အဦများစွာတို့သည် ပြိုကျပျက်စီးခဲ့ရသည်။ ရုပ်ရှင်ရုံတစ်ခုအပါအဝင် အဆောက်အဦအချို့ သည် ငလျင်ဒဏ် ပြင်းအား VIII ကို ခံနိုင်ရန်၊ အဆောက်အဦတစ်ခုသည် ပြင်းအား Ixကို ခံနိုင်ရည်ရှိရန် တည်ဆောက်ထားသည့်အတွက် ငလျင်လှုပ်ခတ်ခဲ့သည့်အခါ ပျက်စီးမှု မရှိခဲ့ပေ။[7] ဤအဆောက်အဦများသည် ငလျင်မလှုပ်ခတ်မီကပင် တောင့်တင်းခိုင်မာစွာ ရှိခဲ့ကြသည်။[1]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.