From Wikipedia, the free encyclopedia
မြန်မာနိုင်ငံအသင်းသည် ၁၉၈၈ နွေရာသီ အိုလံပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ထိုပွဲသည် ၁၉၈၈ခုနှစ် စက်တင်ဘာ ၁၇ရက်နေ့မှ အောက်တိုဘာ ၂ရက်နေ့အထိ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် ကျင်းပခြင်းဖြစ်သည်။မြန်မာနိုင်ငံအိုလံပစ်ကော်မတီအနေဖြင့် အမျိုးသမီး ၂ဦးသာပါဝင်သော မြန်မာအားကစားအဖွဲ့ကိုစေလွှတ်ကာ အားကစားနည်း ၁မျိုးတွင် ယှဉ်ပြိုင်စေခဲ့သည်။ သို့သော်လည်း ဆုတံဆိပ် ဆွတ်ခူးနိုင်ခြင်း မရှိခဲ့ပေ။ဤအားကစားပွဲမှာ နိုင်ငံ၏ အင်္ဂလိပ်အမည်ကို Burmaအနေဖြင့် နောက်ဆုံးယှဉ်ပြိုင်ခြင်းဖြစ်ကာ နိုင်ငံကုဒ် BIRကိုလည်း နောက်ဆုံးအသုံးပြုခြင်းဖြစ်သည်။ ပြိုင်ပွဲကျင်းပနေသည့်ကာလတွင် မြန်မာနိုင်ငံ၌ နိုင်ငံရေးအခြေအနေမတည်မငြိမ် ဖြစ်နေကာ ဖွင့်ပွဲအခမ်းအနားကျင်းပပြီး နောက်တစ်နေ့ဖြစ်သော စက်တင်ဘာလ ၁၈ရက်နေ့တွင် မြန်မာနိုင်ငံ၌ အာဏာသိမ်းမှုဖြစ်ပွားခဲ့သည်။ သို့သော် အားကစားသမားများမှာ ရောက်နှင့်ပြီးသားဖြစ်၍ ဆက်လက်ယှဉ်ပြိုင်ခဲ့ကြသည်။ နွေရာသီအိုလံပစ်အပြီးကျင်းပသော နွေရာသီ ပါရာလမ်းပစ်ပြိုင်ပွဲကိုမူ ယှဉ်ပြိုင်ခြင်း မရှိခဲ့ပေ။
1988 နွေရာသီ အိုလံပစ်ပြိုင်ပွဲ မှ မြန်မာနိုင်ငံ အသင်း | |
---|---|
IOC ကုဒ် | BIR |
NOC | မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ |
ဝဘ်ဆိုဒ် | myasoc.org |
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ တွင် | |
ယှဉ်ပြိုင်သူများ | အားကစားနည်း ၁ မျိုးတွင် ၂ ဦး |
ဆုတံဆိပ်များ |
|
နွေရာသီ ပြိုင်ပွဲများ | |
Burma (BIR) (၁၉၄၈ - ၁၉၅၂ - ၁၉၅၆ - ၁၉၆၀ - ၁၉၆၄ - ၁၉၆၈ - ၁၉၇၂) | |
အခြား ဆက်စပ် ပါဝင်မှုများ | |
Myanmar (MYA)(၁၉၉၂- လက်ရှိ) |
ကစားသမား | ပွဲစဉ် | Heat | Quarterfinal | Semifinal | Final | ||||
---|---|---|---|---|---|---|---|---|---|
Result | Rank | Result | Rank | Result | Rank | Result | Rank | ||
ခင်ခင်ထွေး | အမျိုးသမီး မီတာ ၁၅၀၀ | 4:20.92 | 23 | ဤအဆင့်သို့ တက်နိုင်ခြင်းမရှိခဲ့ | |||||
အမျိုးသမီး မီတာ ၃၀၀၀ | 9:26.57 | 29 | ဤအဆင့်သို့ တက်နိုင်ခြင်းမရှိခဲ့ | ||||||
မာမာမင်း | အမျိုးသမီး မီတာ ၁၀၀၀၀ | DNS | ဤအဆင့်သို့ တက်နိုင်ခြင်းမရှိခဲ့ | ||||||
အမျိုးသမီး မာရသွန် | N/A | DNF |
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.