From Wikipedia, the free encyclopedia
၁၉၆၉ အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပွဲတော် သည် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ တွင် ၁၉၆၉ ခုနှစ် ဒီဇင်ဘာ ၆ ရက်မှ ၁၃ ရက်နေ့အထိ ကျင်းပခဲ့သော ပဉ္စမအကြိမ်မြောက် အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲဖြစ်သည်။
ကျင်းပရာမြို့ | ရန်ကုန်မြို့ | ||
---|---|---|---|
ပါဝင်သော နိုင်ငံများ | ၆ နိုင်ငံ | ||
ကစားပွဲအမျိုးအစား | အားကစား ၁၅ မျိုး | ||
ဖွင့်ပွဲအခမ်းအနား | ၆ ဒီဇင်ဘာ | ||
ပိတ်ပွဲအခမ်းအနား | ၁၃ ဒီဇင်ဘာ | ||
တရားဝင်ဖွင့်လှစ်ပေးခဲ့သူ | ဦးနေဝင်း ဝန်ကြီးချုပ် | ||
အခမ်းအနားကျင်းပရာ အားကစားကွင်း | ဗိုလ်ချုပ်အောင်ဆန်း အားကစားကွင်း | ||
|
ထိုနှစ်တွင် ဗီယက်နမ်နိုင်ငံသည် အိမ်ရှင်အဖြစ် ကျင်းပခွင့်ရရှိသော်လည်း ဗီယက်နမ်စစ်ပွဲကြောင့် အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် ငြင်းဆန်ခဲ့သည်။ မြန်မာနိုင်ငံသည် ဒုတိယအကြိမ်ပွဲတော်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး ယခုအားကစားပွဲတော်သည် မြန်မာနိုင်ငံအနေဖြင့် ဒုတိယအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။ ထိုအချိန်၌ အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲ၏ အငယ်ဆုံးအဖွဲ့ဝင် နိုင်ငံဖြစ်နေသော စင်ကာပူနိုင်ငံသည် အားကစားပြိုင်ပွဲ၏အမည်ကို အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (Southeast Asian Games) ဟု ပြောင်းလဲရန် အကြံပြုခဲ့သည်။
ထိုစဉ်က နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေဝင်းမှ ဗိုလ်ချုပ်အောင်ဆန်းအားကစားကွင်းတွင် အားကစားပွဲတော်အား ဖွင့်လှစ်ပေးခဲ့သည်။
နိုင်ငံအသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်သူ ၉၂၀ဦးရှိခဲ့သည်။ မြန်မာ၊ ထိုင်းနှင့် စင်ကာပူတို့မှ နိုင်ငံအလိုက် ပထမ၊ဒုတိယနှင့် တတိယရရှိခဲ့သည်။
အားကစားနည်းပေါင်း ၁၅မျိုးပါဝင်ခဲ့သည်။
* အိမ်ရှင်နိုင်ငံ
အဆင့် | NOC | ရွှေ | ငွေ | ကြေး | စုစုပေါင်း |
---|---|---|---|---|---|
၁ | မြန်မာ* | ၅၇ | ၄၆ | ၄၆ | ၁၄၉ |
၂ | ထိုင်း | ၃၂ | ၃၂ | ၄၅ | ၁၀၉ |
၃ | စင်ကာပူ | ၃၁ | ၃၉ | ၂၃ | ၉၃ |
၄ | မလေးရှား | ၁၆ | ၂၄ | ၃၉ | ၇၉ |
၅ | တောင်ဗီယက်နမ် | ၉ | ၅ | ၈ | ၂၂ |
၆ | လာအို | ၀ | ၀ | ၃ | ၃ |
စုစုပေါင်း (၆နိုင်ငံ) | ၁၄၅ | ၁၄၆ | ၁၆၄ | ၄၅၅ | |
ရင်းမြစ် Archived 28 February 2018 at the Wayback Machine. |
ယခင်က ၁၉၆၇ ဘန်ကောက် |
ပဉ္စမအကြိမ် အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပွဲတော် ၁၉၆၉ ရန်ကုန် |
ဆက်ခံသူ ၁၉၇၁ ကွာလာလမ်ပူ |
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.