၁၉၆၆ အာရှ အားကစားပြိုင်ပွဲ
From Wikipedia, the free encyclopedia
၁၉၆၆ အာရှအားကစားပြိုင်ပွဲ (အင်္ဂလိပ်: 1966 Asian Games) သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ၌ ၁၉၆၆ခုနှစ် ဒီဇင်ဘာ ၉ရက်နေ့မှ ဒီဇင်ဘာ ၂၀ရက်နေ့အထိ ကျင်းပခဲ့သော ပဉ္စမအကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။ ထိုင်းနိုင်ငံသည် အာရှအားကစားပြိုင်ပွဲကို ပထမဆုံးအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။ ထိုင်းနိုင်ငံဘုရင် ဘူမိဘော အဒူလျာဒက် မှ အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။
အချက်တိုများ ကျင်းပရာမြို့, ဆောင်ပုဒ် ...
ကျင်းပရာမြို့ | ![]() | ||
---|---|---|---|
ဆောင်ပုဒ် | Ever Onward | ||
ပါဝင်သော နိုင်ငံများ | ၁၈ | ||
ပါဝင်ဆင်နွဲသော အားကစားသမားများ | ၁,၉၄၅ | ||
ကစားပွဲအမျိုးအစား | ၁၄၂ (၁၆နည်း) | ||
ဖွင့်ပွဲအခမ်းအနား | ၉ ဒီဇင်ဘာ | ||
ပိတ်ပွဲအခမ်းအနား | ၂၀ ဒီဇင်ဘာ | ||
တရားဝင်ဖွင့်လှစ်ပေးခဲ့သူ | ဘူမိဘော အဒူလျာဒက် (ဘုရင်) | ||
အဓိကအားကစားကွင်း | စူပါချာလာဆိုင် အားကစားကွင်း | ||
|
ပိတ်ရန်
နိုင်ငံ (၁၈)နိုင်ငံမှ အားကစားသမား (၁,၉၄၅)ဦးတို့သည် အားကစားနည်း (၁၆)မျိုးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဖွင့်ပွဲ၊ ပိတ်ပွဲကို စူပါချာလာဆိုင် အားကစားကွင်းတွင် ကျင်းပခဲ့သည်။ ဂျပန်နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ တို့က နိုင်ငံအလိုက် ပထမ၊ ဒုတိယနှင့် တတိယ ရရှိခဲ့သည်။