From Wikipedia, the free encyclopedia
၁၉၆၂ အာရှအားကစားပြိုင်ပွဲ (အင်္ဂလိပ်: 1962 Asian Games) သည် အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့ ၌ ၁၉၆၂ခုနှစ် ဩဂုတ်လ ၂၄ရက်နေ့မှ စက်တင်ဘာလ ၄ရက်နေ့အထိ ကျင်းပခဲ့သော စတုတ္ထအကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံသည် အာရှအားကစားပြိုင်ပွဲကို ပထမဆုံးအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံ၏ သမ္မတ ဆူကာနို မှ အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။
ကျင်းပရာမြို့ | ဂျာကာတာမြို့ | ||
---|---|---|---|
ဆောင်ပုဒ် | Ever Onward | ||
ပါဝင်သော နိုင်ငံများ | ၁၇ | ||
ပါဝင်ဆင်နွဲသော အားကစားသမားများ | ၁,၄၆၀ | ||
ကစားပွဲအမျိုးအစား | ၁၂၀ (၁၃နည်း) | ||
ဖွင့်ပွဲအခမ်းအနား | ၂၄ ဩဂုတ် | ||
ပိတ်ပွဲအခမ်းအနား | ၄ စက်တင်ဘာ | ||
တရားဝင်ဖွင့်လှစ်ပေးခဲ့သူ | ဆူကာနို (သမ္မတ) | ||
တရားဝင်ပိတ်သိမ်းပေးခဲ့သူ | Hamengkubuwono IX အာရှ အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ | ||
အဓိကအားကစားကွင်း | ဂျီလိုရာ ဘန်ကာနို အားကစားကွင်း | ||
|
နိုင်ငံ (၁၇)နိုင်ငံမှ အားကစားသမား (၁,၄၆၀)ဦးတို့သည် အားကစားနည်း (၁၃)မျိုးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဖွင့်ပွဲ၊ ပိတ်ပွဲကို ဂျီလိုရာ ဘန်ကာနို အားကစားကွင်းတွင် ကျင်းပခဲ့သည်။ ဂျပန်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ အိန္ဒိယနိုင်ငံ တို့က နိုင်ငံအလိုက် ပထမ၊ ဒုတိယနှင့် တတိယ ရရှိခဲ့သည်။[1]
၁၉၅၈ခုနှစ် မေလ ၂၃ရက်နေ့တွင် ဂျပန်နိုင်ငံ၌ ကျင်းပသော အစည်းအဝေး၌ ၁၉၆၂ခုနှစ်ပွဲတော်ကို ကျင်းပမည့်နိုင်ငံအား မဲပေးရွေးချယ်ခဲ့ကြသည်။ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့နှင့် ပါကစ္စတန်နိုင်ငံ ကရာချိမြို့တို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မဲအရေအတွက် မတိမ်းမယိမ်းဖြင့် ဂျာကာတာက အနိုင်ရခဲ့သည်။
၁၉၆၂ အာရှအားကစားပြိုင်ပွဲ အိမ်ရှင်ရွေးချယ်ခြင်းရလဒ် | ||||||
---|---|---|---|---|---|---|
မြို့ | အမျိုးသားအိုလံပစ်ကော်မတီ | မဲရလဒ် | ||||
ဂျာကာတာမြို့ | အင်ဒိုနီးရှား | ၂၂ | ||||
ကရာချိမြို့ | ပါကစ္စတန် | ၂၀ |
အင်ဒိုနီးရှားနိုင်ငံသည် ထိုစဉ်က လွတ်လပ်ရေးရသည်မှာ (၁၇)နှစ်သာ ရှိသေးပြီး နိုင်ငံတကာအားကစားပြိုင်ပွဲတစ်ခုကို ပထမဆုံးအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ (ပီအာစီ) နှင့် အရှေ့အလယ်ပိုင်းရှိ မွတ်စလင်နိုင်ငံများ၏ တင်ပြချက်အရ အစ္စရေးနိုင်ငံနှင့် တရုတ်သမ္မတနိုင်ငံ (အာအိုစီ - ထိုင်ဝမ်) တို့ကို ပြိုင်ပွဲမှ ဖယ်ထုတ်ခဲ့သည်။ အိမ်ရှင် အင်ဒိုနီးရှားနိုင်ငံမှ လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များသည် အစ္စရေးနှင့် အာအိုစီတို့မှ အဖွဲ့ဝင်များကို ပြည်ဝင်ခွင့်ဗီဇာ ထုတ်မပေးခဲ့ပေ။ ထိုအချက်များသည် အာရှအားကစားအဖွဲ့ချုပ်၏ စည်းမျဉ်းများကို ချိုးဖောက်ခြင်းဖြစ်ကာ အင်ဒိုနီးရှားနိုင်ငံမှ မူလက ကတိပေးထားသည့် အဖွဲ့ဝင်နိုင်ငံအားလုံး (အင်ဒိုနီးရှားနှင့် သံတမန်ဆက်ဆံရေးမရှိသည့် အစ္စရေး၊ အာအိုစီ၊ ကိုရီးယားသမ္မတနိုင်ငံ တို့အပါအဝင်) ကိုဖိတ်ကြားရန် အချက်အားလည်း ချိုးဖောက်ခြင်းဖြစ်သည်။ ထို့ကြောင့် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီမှ အင်ဒိုနီးရှားနိုင်ငံအား အပြစ်ပေးသည့်အနေဖြင့် ၁၉၆၄ နွေရာသီ အိုလံပစ်ပြိုင်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ခဲ့သည်။ ထိုဒဏ်ပေးမှုကို တုံ့ပြန်မှုအနေဖြင့် အင်ဒိုနီးရှားနိုင်ငံက ဦးစီးကာ GANEFO အားကစားပြိုင်ပွဲကို ၁၉၆၃ခုနှစ်တွင် ကျင်းပခဲ့သည်။[2]
အားကစားနည်းအားလုံးနီးပါးကို အသစ်တည်ဆောက်ထားသော ဂျီလိုရာ ဘန်ကာနို အားကစားကွင်း အပါအဝင် ဂျီလိုရာ ဘန်ကာနို အားကစားပြိုင်ဝင်းရှိ အားကစားကွင်း/ရုံများတွင် ကျင်းပခဲ့သည်။ ထိုအားကစားပြိုင်ဝင်းကို ၁၉၅၉ခုနှစ် မေလ ၁၁ ရက်နေ့မှစ၍ စီစဉ်ခဲ့ကြပြီး ပြိုင်ပွဲကျင်းပရန် တစ်လအလိုတွင် ပင်မအားကစားကွင်းကို တည်ဆောက်ပြီးစီးခဲ့သည်။[3]
အလေးမအားကစားနည်းကို ထည့်သွင်းကျင်းပရန် စီစဉ်ခဲ့သော်လည်း အစ္စရေးနှင့် တရုတ်သမ္မတနိုင်ငံတို့အား ယှဉ်ပြိုင်ခွင့် ပိတ်ခဲ့သောကြောင့် ကမ္ဘာ့အလေးမအဖွဲ့ချုပ်မှ ပြိုင်ပွဲကို အသိအမှတ်မပြုခဲ့ပေ။ ထို့ကြောင့် ထည့်သွင်းမကျင်းပခဲ့တော့ပေ။ ကြက်တောင်အားကစားနည်းကို ပထမဆုံးအကြိမ် ထည့်သွင်းကျင်းပခဲ့သည်။
IOC | နိုင်ငံ | အားကစားသမားဦးရေ |
---|---|---|
AFG | အာဖဂန်နစ္စတန် | ၁၁ |
BIR | မြန်မာ[4] | ၃၁ |
CAM | ကမ္ဘောဒီးယား | ၇၄ |
CEY | ဆီလွန် | ၃၂ |
HKG | ဟောင်ကောင် | ၅၄ |
IND | အိန္ဒိယ | ၇၄ |
INA | အင်ဒိုနီးရှား (အိမ်ရှင်) | ၂၈၅ |
JPN | ဂျပန် | ၂၁၀ |
MAL | မလာယာဖက်ဒရေးရှင်း | ၁၂၁ |
မြောက်ဘော်နီယို (ကိုလိုနီ) | ၂ | |
PAK | ပါကစ္စတန် | ၇၆ |
PHP | ဖိလစ်ပိုင် | ၁၇၃ |
ဆာရာဝပ် (ကိုလိုနီ) | ၇ | |
SGP | စင်ကာပူ | ၉၄ |
KOR | တောင်ကိုရီးယား | ၁၃၇ |
VNM | တောင်ဗီယက်နမ် | ၃၇ |
THA | ထိုင်း | ၁၂၇ |
* အိမ်ရှင်
အဆင့် | NOC | ရွှေ | ငွေ | ကြေး | စုစုပေါင်း |
---|---|---|---|---|---|
၁ | ဂျပန် | ၇၃ | ၅၆ | ၂၃ | ၁၅၂ |
၂ | အင်ဒိုနီးရှား* | ၁၁ | ၁၂ | ၂၈ | ၅၁ |
၃ | အိန္ဒိယ | ၁၀ | ၁၃ | ၁၀ | ၃၃ |
၄ | ပါကစ္စတန် | ၈ | ၁၁ | ၉ | ၂၈ |
၅ | ဖိလစ်ပိုင် | ၇ | ၆ | ၂၄ | ၃၇ |
၆ | တောင်ကိုရီးယား | ၄ | ၉ | ၁၀ | ၂၃ |
၇ | ထိုင်း | ၂ | ၆ | ၄ | ၁၂ |
၈ | မလာယာ | ၂ | ၄ | ၉ | ၁၅ |
၉ | မြန်မာ | ၂ | ၁ | ၅ | ၈ |
၁၀ | စင်ကာပူ | ၁ | ၀ | ၂ | ၃ |
၁၁ | ဆီလွန် | ၀ | ၂ | ၃ | ၅ |
၁၂ | ဟောင်ကောင် | ၀ | ၂ | ၀ | ၂ |
၁၃ | အာဖဂန်နစ္စတန် | ၀ | ၀ | ၁ | ၁ |
ကမ္ဘောဒီးယား | ၀ | ၀ | ၁ | ၁ | |
တောင်ဗီယက်နမ် | ၀ | ၀ | ၁ | ၁ | |
စုစုပေါင်း (15 NOCs) | ၁၂၀ | ၁၂၂ | ၁၃၀ | ၃၇၂ |
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.