From Wikipedia, the free encyclopedia
၁၉၅၈ အာရှအားကစားပြိုင်ပွဲ (အင်္ဂလိပ်: 1958 Asian Games) သည် ဂျပန်နိုင်ငံ၊ တိုကျိုမြို့ ၌ ၁၉၅၈ခုနှစ် မေလ ၂၄ရက်နေ့မှ ဇွန်လ ၁ရက်နေ့အထိ ကျင်းပခဲ့သော တတိယအကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။ ဂျပန်နိုင်ငံသည် အာရှအားကစားပြိုင်ပွဲကို ပထမဆုံးအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။ ဂျပန်နိုင်ငံ၏ ဧကရာဇ် ဟီရိုဟီတို မှ အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။
ကျင်းပရာမြို့ | တိုကျိုမြို့ | ||
---|---|---|---|
ဆောင်ပုဒ် | Ever Onward | ||
ပါဝင်သော နိုင်ငံများ | ၂၀ | ||
ပါဝင်ဆင်နွဲသော အားကစားသမားများ | ၁,၈၂၀ | ||
ကစားပွဲအမျိုးအစား | ၁၁၂ (၁၃နည်း) | ||
ဖွင့်ပွဲအခမ်းအနား | ၂၄ မေ | ||
ပိတ်ပွဲအခမ်းအနား | ၁ ဇွန် | ||
တရားဝင်ဖွင့်လှစ်ပေးခဲ့သူ | ဟီရိုဟီတို (ဧကရာဇ်) | ||
Torch Lighter | Mikio Oda | ||
အဓိကအားကစားကွင်း | အမျိုးသားအားကစားကွင်း | ||
|
နိုင်ငံ (၂၀)နိုင်ငံမှ အားကစားသမား (၁,၈၂၀)ဦးတို့သည် အားကစားနည်း (၁၃)မျိုးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဖွင့်ပွဲ၊ ပိတ်ပွဲကို အမျိုးသားအားကစားကွင်းတွင် ကျင်းပခဲ့သည်။ ဂျပန်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ တို့က နိုင်ငံအလိုက် ပထမ၊ ဒုတိယနှင့် တတိယ ရရှိခဲ့သည်။[1]
ပြိုင်ပွဲကျင်းပနေစဉ်အတွင်း ထိုင်းနိုင်ငံသည် မြန်မာ၊ မလာယာနှင့် လာအိုနိုင်ငံမှ ကိုယ်စားလှယ်များကို ဖိတ်ကြားကာ မိမိတို့နိုင်ငံများ၏ ဒေသတွင်း အားကစားပြိုင်ပွဲတစ်ခုကို ပုံမှန်ကျင်းပနိုင်ရန်အတွက် ဆွေးနွေးခဲ့ကြသည်။ ထိုမှနေ၍ အရှေ့တောင်အာရှကျွန်းဆွယ်အားကစားပြိုင်ပွဲ (နောင်တွင် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ) ကို ၁၉၅၉ခုနှစ်မှစ၍ (၂) နှစ်လျှင် တစ်ကြိမ် ကျင်းပလာခဲ့ကြသည်။
အိုလံပစ်အားကစားပြိုင်ပွဲများမှ စတင်ခဲ့သော မီးထွန်းညှိတိုင် လက်ဆင့်ကမ်းသယ်ဆောင်ခြင်းကို တတိယအကြိမ် အာရှအားကစားပြိုင်ပွဲ၌ စတင်ပြုလုပ်ခဲ့သည်။ မီးထွန်းညှိတိုင်ကို ၁၉၅၄ပွဲတော်၏ အဓိကအားကစားကွင်းဖြစ်သော ဖိလစ်ပိုင်နိုင်ငံ ရီဇယ်အထိမ်းအမှတ်အားကစားကွင်းရှေ့တွင် စတင်ထွန်းညှိခဲ့သည်။ ဂျပန်နိုင်ငံတွင်မူ အိုကီနာဝါကျွန်းမှ ကျူရှူးကျွန်းသို့ သယ်ဆောင်ခဲ့သည်။ အိုကီနာဝါမှာ ထိုစဉ်က အမေရိကန်တို့လက်အောက်တွင်ရှိသည်။ ဂျပန်နိုင်ငံ၏ ပထမဆုံးအိုလံပစ်ပြိုင်ပွဲ ရွှေတံဆိပ်ဆုရှင် Mikio Oda က ဖွင့်ပွဲအခမ်းအနားတွင် ပင်မမီးရှူးတိုင်အား ထွန်းညှိပေးခဲ့သည်။
၁၉၅၈ အာရှအားကစားပြိုင်ပွဲ၏ ဖွင့်ပွဲအခမ်းအနားကို ၁၉၅၈ခုနှစ် မေလ ၂၄ရက်နေ့တွင် တိုကျိုမြို့ အမျိုးသားအိုလံပစ်အားကစားကွင်း ၌ ကျင်းပခဲ့သည်။ ဂျပန် ဧကရာဇ် ဟီရိုဟီတို က အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။ အခမ်းအနားသို့ ဂျပန်နိုင်ငံ အိမ်ရှေ့စံမင်းသား အာကီဟီတို၊ အီရန်အင်ပါယာ ဘုရင် မိုဟာမက် ရယ်ဇာ ပယ်လယ်ဗီ အပါအဝင် ပရိသတ် (၇၀,၀၀၀) တက်ရောက်ခဲ့ကြသည်။
အားကစားနည်းများအနက် ဂျူဒို၊ တင်းနစ်၊ စားပွဲတင်တင်းနစ်၊ ဘော်လီဘောအားကစားနည်းများသည် ထိုစဉ်က အိုလံပစ်အားကစားနည်းများ မဟုတ်ပေ။ ကြက်တောင်ရိုက်အားကစားနည်းကို သရုပ်ပြအားကစားနည်းအဖြစ် ထည့်သွင်းခဲ့ကာ ၁၉၆၂ပွဲတော် မှစ၍ ပုံမှန် ထည့်သွင်းကျင်းပခဲ့သည်။ ဂျူဒိုအားကစားနည်းကိုလည်း သရုပ်ပြခဲ့ကြသည်။
IOC | နိုင်ငံ | အားကစားသမားဦးရေ |
---|---|---|
AFG | အာဖဂန်နစ္စတန် | ၈ |
BIR | မြန်မာ[2] | ၃၆ |
CAM | ကမ္ဘောဒီးယား | ၁၂ |
CEY | ဆီလွန် | ၁၁ |
HKG | ဟောင်ကောင် | ၈၀ |
IND | အိန္ဒိယ | ၇၉ |
INA | အင်ဒိုနီးရှား | ၆၆ |
IRN | * အီရန် | ၈၃ |
ISR | အစ္စရေး | ၂၃ |
JPN | ဂျပန် (အိမ်ရှင်) | ၂၈၇ |
MAL | မလာယာဖက်ဒရေးရှင်း | ၈၀ |
NEP | နီပေါ | ၇ |
PAK | ပါကစ္စတန် | ၈၇ |
PHI | ဖိလစ်ပိုင် | ၁၅၂ |
ROC | တရုတ်သမ္မတနိုင်ငံ | ၁၃၆ |
စင်ကာပူ (ကိုလိုနီ) | ၅၄ | |
KOR | တောင်ကိုရီးယား | ၁၂၀ |
VNM | တောင်ဗီယက်နမ် | ၃၂ |
THA | ထိုင်း | ၄၇ |
* အိမ်ရှင်
အဆင့် | NOC | ရွှေ | ငွေ | ကြေး | စုစုပေါင်း |
---|---|---|---|---|---|
၁ | ဂျပန်* | ၆၇ | ၄၁ | ၃၀ | ၁၃၈ |
၂ | ဖိလစ်ပိုင် | ၈ | ၁၉ | ၂၁ | ၄၈ |
၃ | တောင်ကိုရီးယား | ၈ | ၇ | ၁၂ | ၂၇ |
၄ | * အီရန် | ၇ | ၁၄ | ၁၁ | ၃၂ |
၅ | တရုတ်သမ္မတနိုင်ငံ | ၆ | ၁၁ | ၁၇ | ၃၄ |
၆ | ပါကစ္စတန် | ၆ | ၁၁ | ၉ | ၂၆ |
၇ | အိန္ဒိယ | ၅ | ၄ | ၄ | ၁၃ |
၈ | တောင်ဗီယက်နမ် | ၂ | ၀ | ၄ | ၆ |
၉ | မြန်မာ | ၁ | ၂ | ၁ | ၄ |
၁၀ | စင်ကာပူ | ၁ | ၁ | ၁ | ၃ |
၁၁ | ဆီလွန် | ၁ | ၀ | ၁ | ၂ |
၁၂ | ထိုင်း | ၀ | ၁ | ၃ | ၄ |
၁၃ | ဟောင်ကောင် | ၀ | ၁ | ၁ | ၂ |
၁၄ | အင်ဒိုနီးရှား | ၀ | ၀ | ၆ | ၆ |
၁၅ | ၀ | ၀ | ၃ | ၃ | |
၁၆ | အစ္စရေး | ၀ | ၀ | ၂ | ၂ |
စုစုပေါင်း (16 NOCs) | ၁၁၂ | ၁၁၂ | ၁၂၆ | ၃၅၀ |
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.