၁၉၄၆ (MCMXLVI) သည် ဂရီဂေါရီးယန်း ပြက္ခဒိန်တွင် အင်္ဂါနေ့မှ စတင်သော ပုံမှန်ခုနှစ်ဖြစ်ပြီး၊ ယနေ့ခေတ် (Common Era) နှင့် အေဒီ (Anno Domini) ၏ ၁၉၄၆ ကြိမ်မြောက် ခုနှစ်ဖြစ်ကာ၊ ၂ ထောင်စုနှစ်၏ ၉၄၆ ကြိမ်မြောက် ခုနှစ်၊ ၂၀ ရာစုနှစ်၏ ၄၆ ကြိမ်မြောက် ခုနှစ်ဖြစ်ပြီး ၁၉၄၀ ဆယ်စုနှစ်၏ ၇ ကြိမ်မြောက် ခုနှစ် ဖြစ်သည်။
အချက်တိုများ ထောင်စုနှစ်:, ရာစုနှစ်များ: ...
ပိတ်ရန်
(၁) ရက်။
- အရှေ့အာရှတောင်ပိုင်း စစ်သေနာပတိချုပ်မောင်ဘက်တန်က ကြေညာချက်အမှတ် ၁ ကို ထုတ်ပြန်ပြီး ဗြိတိသျှစစ်အုပ်ချုပ်ရေးရုပ်သိမ်းကြောင်း ကြေညာ။
(၈) ရက်။
- ဗြိတိသျှအစိုးရက ဖဆပလကိုယ်စားလှယ်အဖွဲ့ အင်္ဂလန်နိုင်ငံသို့ လာရောက်ဆွေးနွေးမည့်ကိစ္စကို လက်မခံကြောင်းပြန်ကြား။
(၁၉) ရက်။
- မြန်မာနိုင်ငံဘုရင်ခံက ဗိုလ်ချုပ်အောင်ဆန်းနှင့် သခင်သန်းထွန်းတို့ကို ဖိတ်ခေါ်၍ အင်္ဂလန်နိုင်ငံသို့ နှစ်ဦးတည်းသွားလိုလျှင် စီစဉ်ပေးမည်ဖြစ်ကြောင်း မေးမြန်း။ ဗိုလ်ချုပ်အောင်ဆန်းမှ ဖဆပလအဖွဲ့ချုပ် အမှုဆောင်အဖွဲ့သို့ တင်ပြပြီးမှ အမှုဆောင်အဖွဲ့၏ ဆုံးဖြတ်ချက်အတိုင်း လိုက်နာမည်ဟု အကြောင်းပြန်ကြား။
(၃၀) ရက်။
- မြန်မာနိုင်ငံအတွက် ဗြိတိသျှစစ်အုပ်ချုပ်ရေး ရပ်စဲ။
(၁) ရက်။
- မြန်မာနိုင်ငံတစ်ဝန်း စစ်အုပ်ချုပ်ရေးရုပ်သိမ်း။
(၂) ရက်။
- အောင်ဆန်း-အက်တလီစာချုပ်မူကြမ်းကို ဖဆပလအလုပ်အမှုဆောင်အဖွဲ့က လက်ခံခဲ့။
(၁) ရက်။
- မြန်မာနိုင်ငံဘုရင်ခံဆာဒေါ်မန်စမစ်က ဖဆပလကိုယ်စားလှယ်အဖွဲ့ အင်္ဂလန်နိုင်ငံသွားရေးနှင့်စပ်လျဉ်း၍ လေယာဉ်ပျံဖြင့်မဟုတ်ဘဲ သင်္ဘောဖြင့် စီစဉ်ပေးမည်ဟု အကြောင်းပြန်။
(၃) ရက်။
- တိုင်းပြုပြည်ပြုလွှတ်တော်အတွက် ဖဆပလအမတ်လောင်းများ စာရင်းကြေညာ။
(၂၀) ရက်။
- ပထမအကြိမ်ပင်လုံညီလာခံသို့ ဦးနု၊ ဦးဘဂျမ်းနှင့် မန်းဘခိုင်တို့ ဖဆပလကိုယ်စားလှယ်အဖြစ် တက်ရောက်။
(၄) ရက်။
- စာရေးဆရာ၊ ပန်းချီဆရာ၊ ကာတွန်း ကံချွန် မွေးဖွား။
(၁၉) ရက်။
(၁၈) ရက်။
- အင်းစိန်ခရိုင် ထန်းတပင်မြို့နယ်တွင် ဗြိတိသျအစိုးရ၏ ဖိနှိပ်ချုပ်ချယ်မှုကို ကန့်ကွက်သောဆန္ဒပြမှုဖြစ်ပေါ်၊ ဆန္ဒပြသူများကို သေနတ်ဖြင့် ပစ်ခတ်သောကြောင့် တောင်သူလယ်သမားတစ်ဦး သေဆုံး။ သေဆုံးသူများ၏ ဈာပနအခမ်းအနားသို့ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် တက်ရောက်၍ ချုပ်ချယ်မှုဥပဒေများကို ကန့်ကွက်။
(၁၉) ရက်။
- ဖဆပလပဏာမညီလာခံကို ဂျူဗလီဟောတွင် ကျင်းပပြီး၊ သမ္မတအုပ်ချုပ်ရေးမူကို အတည်ပြုခဲ့။
(၂၃) ရက်။
(၂၈) ရက်။
(၇) ရက်
- ကန်တော်မင်ပန်းခြံ၌ ပြည်သူ့လွတ်လပ်ခွင့်များ ချုပ်ချယ်မှုများကို ရှုတ်ချသော လူထုဆန္ဒပြပွဲတစ်ခု ဖြစ်ပေါ်။
(၁၀) ရက်
- တိုင်းပြုပြည်ပြုလွှတ်တော် ပထမအစည်းအဝေးကျင်းပ။ ယာယီသဘာပတိအဖြစ် သခင်မြက ဆောင်ရွက်။
(၂၆) ရက်
- ဗြိတိသျှတို့၏ စက္ကူဖြူအုပ်ချုပ်ရေးကို တိုင်းရင်းသားပေါင်းစုံ တစ်သိန်းကျော်တက်ရောက်သော လူထု အစည်းအဝေးပွဲကြီးမှ ကန့်ကွက်ဆန္ဒပြခဲ့။
(၄) ရက်။
- ဘုရင်ခံဆာဒေါ်မန်စမစ်နေရာတွင် မေဂျာဂျင်နရယ်ဆာဟူးဘတ်ရန့်စ် ခန့်ထား။ မြန်မာနိုင်ငံ၏အခြေအနေကို ပေါ်လစီသစ်ဘုရင်ခံသစ်ဖြင့် ရုပ်လုံးဖော်ရန်အတွက် နန်းရင်းဝန်အက်တလီက လုပ်ဆောင်ခဲ့ခြင်းဖြစ်။
(၅) ရက်။
- ဦးအေး၊ ဦးစိုးရှိန်၊ ဦးဝမ်းမောင်တို့ ခေါင်းဆောင်သည့် ပုလိပ်သပိတ်ကြီးပေါ်ပေါက်ခဲ့ပြီးနောက် သမဂ္ဂပေါင်းစုံ သပိတ်များဖြင့် သပိတ်တိုက်ပွဲများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး ဗြိတိသျှအစိုးရ၏ အုပ်ချုပ်ရေး ယန္တရားကြီးတစ်ခုလုံး ရပ်ဆိုင်းလုနီးပါးဖြစ်ခဲ့။ ထိုသပိတ်များသည် မြန်မာနိုင်ငံသို့ ဆာဟူးဘတ်ရန့်စ် ရောက်ရှိပြီးနောက် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်။
(၁၅) ရက်။
- စာတိုက်အလုပ်သမားများ သပိတ်မှောက်။
- မြို့မ-ဦးသန်းကြွယ် ခေါင်းဆောင်သည့် မြန်မာနိုင်ငံကျောင်းသားများ သပိတ်မှောက်။
(၁၇) ရက်။
- ဆာပေါ်ထွန်းခေါင်းဆောင်သော ရုပ်သေးအစိုးရ ပြုတ်ကျ။ ဘုရင်ခံဆာဟူးဘတ်ရန့်စ်က ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ဖဆပလအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များကို ဖိတ်ခေါ်ပြီး ဘုရင်ခံအလုပ်အမှုဆောင်(ဝန်ကြီး)အဖွဲ့ကို ဖွဲ့စည်းရန် မေတ္တာရပ်ခံ။
(၂၁) ရက်။
(၂၂) ရက်။
(၂၃) ရက်။
- တစ်ပြည်လုံးတစ်နိုင်ငံလုံးရှိ အစိုးရအမှုထမ်းပေါင်းစုံ သပိတ်မှောက်။၁၉၄၆ ခုနစ် အထွေထွေ သပိတ်တွင် ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သပိတ်မှောက် ကောင်စီ ဒုတိယ ဥက္ကဋ္ဌ မြို့မ-ဦးသန်းကြွယ်သည် အတွင်းဝန်ရုံးအပြင်ဘက်တွင်သာမက အတွင်းဝန်ရုံးအတွင်း ဝင်၍ အရေးဆိုခဲ့ရာတွင် မြန်မာနိုင်ငံကျောင်းသားထု တစ်ရပ်လုံးအား ဦးဆောင်ခဲ့။
(၂၆) ရက်။
- ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သည့် ဖဆပလအစိုးရအဖွဲ့ ဖွဲ့စည်း။ အစိုးရအဖွဲ့တွင် ၁။ ဗိုလ်ချုပ်အောင်ဆန်း (ဒု-ဥက္ကဋ္ဌကာကွယ်ရေးနှင့်နိုင်ငံခြားရေး)၊ ၂။ သခင်မြ (ပြည်ထဲရေးနှင့် တရားရေး)၊ ၃။ ဦးတင်ထွဋ်(ဘဏ္ဍာရေးနှင့် အခွန်တော်) ၄။ ဦးဘဘေ (ကူးသန်းရောင်းဝယ်ရေးနှင့် ထောက်ပ့ံရေး)၊ ၅။ မန်းဘခိုင်(အလုပ်သမားနှင့် စက်မှုလက်မှု)၊ ၆။ ဦးအောင်ဇံဝေ (ကျန်းမာရေးနှင့်လူမှုဝန်ကြီးဌာန)၊ ရ။ ဦးသိန်းဖေ(လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်စီးပွားရေး)၊ ၈။ သခင်ဘစိန်(သယ်ယူပို့ဆောင်ရေး)၊ ၉။ ဂဠုန်ဦးစော(ပညာရေးနှင့်အမျိုးသားစီမံကိန်း)၊ ၁၀။ စောဘဦးကြီး(ပြန်ကြားရေး)၊ ၁၁။ ဆာမောင်ကြီး (ပြန်လည်ထူထောင်ရေး)၊
(၂၇) ရက်။
- ဗိုလ်ချုပ်အောင်ဆန်း ဒုတိယဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သော ဘုရင်ခံအမှုဆောင်(ဝန်ကြီး)အဖွဲ့ကို ဖွဲ့စည်း။ ထိုအဖွဲ့တွင် ၁။ ဗိုလ်ချုပ်အောင်ဆန်း(ဒုတိယဥက္ကဋ္ဌ ကာကွယ်ရေးနှင့် နိုင်ငံခြားရေး) ၂။ သခင်မြ (ပြည်ထဲရေးနှင့်တရားရေး)၊ ၃။ ဦးဘဘေ(ကူးသန်းရောင်းဝယ်ရေး) ၄။ ဦးတင်ထွဋ်(ဘဏ္ဍာရေး)၊ ၅။ တက်ဘုန်းကြီးဦးသိန်းဖေ (သိန်းဖေမြင့်)(စက်မှုလက်မှုနှင့်အလုပ်သမား)၊ ၆။ မန်းဘခိုင်(စက်မှုလက်မှုနှင့်အလုပ်သမား)၊ ရ။ ဂဠုန်ဦးစော (ပညာရေး)၊ ၈။ ဦးအောင်ဇံဝေ(ပေါင်းသင်းဆက်ဆံရေး)၊ ၉။ သခင်ဘစိန်(သယ်ယူပို့ဆောင်ရေး)၊
(၂၉) ရက်။
- ဖဆပလအဖွဲ့ချုပ်မှ ဦးဆောင်ခဲ့သည့် ပြည်လုံးကျွတ်စက္ကူဖြူစီမံကိန်း ကန့်ကွက်ပွဲကို မူလစီစဉ်ထားသည့်အတိုင်း ပြုလုပ်ခဲ့။ ဘုရင်ခံအမှုဆောင်ကောင်စီအဖွဲ့ဝင်တစ်ဦးဖြစ်သော ဖဆပလ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ပါဝင်ဆင်နွှဲခဲ့။
(၃) ရက်။
- ဘုရင်ခံအမှုဆောင်ကောင်စီအဖွဲ့၏ အာဏာကိုသုံးစွဲပြီး ဗိုလ်ချုပ်အောင်ဆန်းက အမှုထမ်းပေါင်းစုံသပိတ်ကိုယ်စားလှယ်များနှင့် ဆွေးနွေးခဲ့။
(၈) ရက်။
- ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော အမှုဆောင်ကောင်စီလူကြီးအဖွဲ့ မြန်မာနိုင်ငံအားအချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံတစ်နိုင်ငံအဖြစ် ထူထောင်မည့် အခြေခံဥပဒေရေးဆွဲရန် အစီအစဉ်များကို ပြုလုပ်နေပြီဖြစ်ကြောင်း ကြေညာ။
(၁၀) ရက်။
- ဖဆပလအဖွဲ့ချုပ်က အချက်လေးချက်ပါရှိသော တစ်နှစ်အတွင်း လွတ်လပ်ရေးကြေညာချက်ကို ထုတ်ပြန်။ ကြေညာချက်ပါ တောင်းဆိုချက်များကို ၁၉၄၇ ဇန်နဝါရီ ၃၁ မတိုင်မီကာလတွင် မလိုက်လျောပါက ဖဆပလဝန်ကြီးများ အမှုဆောင်ကောင်စီ(ဝန်ကြီး)အဖွဲ့မှ နုတ်ထွက်မည်ဖြစ်ကြောင်း ကြေညာ။
(၁၇) ရက်။
- ဖဆပလ၊ ကွန်မြူနစ် ညီညွတ်ရေးလုပ်ငန်းရပ်စဲကြောင်း ဖဆပလအဖွဲ့ချုပ်က ကြေညာ။
(၂၀) ရက်။
(၂၀) ရက်။
- အောက်လွှတ်တော်၌ မြန်မာပြည်ကိုယ်စားလှယ်အမှုဆောင်များနှင့် ဆွေးနွေးရန် အဆိုတင်သွင်းအတည်ပြုခဲ့ပြီး၊ အင်္ဂလန်သို့ ကိုယ်စားလှယ်စေလွှတ်ရန် ဘုရင်ခံအမှုဆောင်အဖွဲ့ကို ဖိတ်ကြား။ မြန်မာ့လွတ်လပ်ရေးအတွက် ဆွေးနွေးမည်ဟု ကြေညာ။ ဒုတိယအကြိမ် ဖဆပလ ပြည်လုံးကျွတ် ညီလာခံကြီးကျင်းပ။