From Wikipedia, the free encyclopedia
၁၉၁၂ မေမြို့ငလျင် သို့မဟုတ် ၁၉၁၂ မြန်မာငလျင် သည် မေလ ၂၃ ရက်နေ့ မနက်ပိုင်းတွင် မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် ငလျင်တစ်ခု ဖြစ်သည်။ ငလျင်ဗဟိုချက်သည် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့အနီးနှင့် ပြင်ဦးလွင်မြို့တို့ ဖြစ်သည်။ ငလျင်ပမာဏသည် Ms ၈.၀ ရှိသည်ဟု Beno Gutenberg နှင့် Charles Francis Richter တို့က ဖော်ပြခဲ့သည်။ ထို့အပြင် ဤငလျင်သည် ၁၉၀၀ ပြည့်နှစ် အစောပိုင်းတွင် လှုပ်ခတ်ခဲ့သည့် အထင်ကရငလျင်များထဲမှ တစ်ခုလည်း ဖြစ်သည်။ [2][3][4]မကြာသေးမီအချိန်များကလည်း ငလျင်များ တစ်ဖန်ပြန်လည်ကာ လှုပ်ခတ်လာခဲ့သည်။ သို့သော်လည်း ပမာဏသည် ၇.၆ နှင့် ၇.၇ ကြားသာ ရှိသည်။ ဤငလျင်သည် ငလျင်ကြိုအနေနှင့် မေလ ၁၈ ရက်နေ့နှင့် ၂၁ ရက်နေ့များတွင် ရော့စီဖိုရယ်စကေး ပမာဏ ၅ နှင့် ၇ အသီးသီးရှိကြသည့် ငလျင်ကြိုနှစ်ကြိမ် လှုပ်ခတ်ခဲ့သည်။ လှုပ်ခတ်မှုကို မြန်မာနိုင်ငံတစ်ဝန်းလုံးနီးပါး ခံစားခဲ့ရသည်။ ထို့အပြင် ယူနန်ပြည်နယ်နှင့် ထိုင်းနိုင်ငံများကပါ ခံစားခဲ့ရသည်။ ဤငလျင် လှုပ်ခတ်မှု ဧရိယာပမာဏသည် ၃၇၅၀၀၀ စတုရန်းမိုင် ရှိသည်။ [5]ဤငလျင်သည် မြန်မာနိုင်ငံတွင် အပြင်းထန်ဆုံးငလျင်များထဲမှ တစ်ခု ဖြစ်သည်။
UTC အချိန် | 1912-05-23 02:24:04 |
---|---|
ISC ဖြစ်ရပ် | 16958191 |
USGS-ANSS | ComCat |
ဒေသ ရက်စွဲ | 23 May, 1912 |
ဒေသ အချိန် | 09:00:00 |
ကာလ | more than 60 seconds |
အတိုင်းအတာ | 7.6-8.0 Ms 7.8 Mw |
ငလျင်ဗဟို | 22.35°N 96.737°E |
အက်ကွဲကြောင်း | ကျောက်ကြမ်းပြတ်ရွေ့ကြော |
အမျိုးအစား | Strike-slip |
သက်ရောက်ဧရိယာ | Myanmar |
စုစုပေါင်းပျက်စီးမှု | Widespread and severe |
အများဆုံးပြင်းအား | IX (RF) VIII (Severe)[1] |
ထိခိုက်သေကြေမှုများ | Unknown |
ငလျင်သည် ကျောက်ကြမ်းပြတ်ရွေ့ကြောတွင် ဖြစ်ပွားခဲ့သည်။ ကျောက်ကြမ်းပြတ်ရွေ့ကြောသည် ရှမ်းရိုးမတစ်လျှောက် ၅၀၀ ကီလိုမီတာအရှည်တွင် ညာဘက်ဘေးတိုက်အနေအထား တည်ရှိသည်။ [6]၎င်းသည် စစ်ကိုင်းပြတ်ရွေ့ကြောနှင့် အပြိုင်နီးပါး တည်ရှိလျက်ရှိသည်။ Sunda ကျောက်ချပ်ထု၏ လှည့်ပတ်မှုကြောင့် ရှမ်းရိုးမတွင် လက်ယာနှင့် လက်ဝဲတိုက် ပြတ်ရွေ့ကြောများသည် များစွာတည်ရှိသည်။ ဤဒေသတွင် ငလျင်များသည် လှုပ်ခတ်လေ့ရှိသည်ဖြစ်ပြီး ၁၉၈၈ ခုနှစ်တွင် ပမာဏ ၇.၇ ရှိ ငလျင်နှင့် ၂၀၁၁ ခုနှစ်တွင် လူသေစေခဲ့သည့် ငလျင်တစ်လု လှုပ်ခတ်ခဲ့သည်။[7] ကျောက်ကြမ်းပြတ်ရွေ့ကြော၏ မြောက်ဘက်စွန်းပိုင်း ၁၆၀ ကီလိုမီတာရှိသည့် အပိုင်းတွင် ငလျင်သည် လှုပ်ခတ်ခဲ့သည်။ ပမာဏ ၇.၆ - ၇.၇ ရှိမည်ဟု ယူဆရကာ လှုပ်ခတ်မှုကြောင့် အမြင့်ဆုံးရွေ့လျားမှုအကွာအဝေးသည် ၈ မီတာ မှ ၉ မီတာအထိ ရှိခဲ့သည်။[8] ဤပြတ်ရွေ့ကြောတွင်ပင် 4660 BP, နှင့် 1270 BP အချိန်များက ငလျင်များ လှုပ်ခတ်ခဲ့ဖူးသည်။[8]
ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုအရေအတွက်ကို မသိရှိရပေ။ သို့သော် အမျိုးသားငလျင်သတင်းအချက်အလက်စင်တာက လူ ၁၀ မှသည် ၅၀ ပတ်ဝန်းကျင် သေဆုံးခဲ့ရသည့် သေဆုံးမှုဖော်ပြချက်များ ဖြစ်ခဲ့သည်ဟု ဖော်ပြခဲ့သည်။ [9]
မျက်မြင်သက်သေများက ပြောသည်မှာ ငလျင်လှုပ်ခတ်သည့်အချိန်တွင် မိုးချိန်းသံကဲ့သို့ အသံကြီး ဖြစ်ပေါ်ခဲ့သည်ဟု ဆိုခဲ့သည်။ အစိုးရအဆောက်အဦများမှ နံရံများ၊ အုတ်နံရံများ၊ သစ်သားတန်းများနှင့် သရွတ်များ စသည်တို့သည် အောက်သို့ပြုတ်ကျခဲ့သည်။ ဆေးရုံတစ်ခုမှ မီးခိုးတိုင်နှစ်ခုသည် ပြုတ်ကျခဲ့ကာ မိသားစုဆေးရုံတစ်ခု၏ အမိုးသည် ပြိုကျပျက်စီးခဲ့သည်။ ဝတ်ပြုချက်ကျောင်းတစ်ခုသည် ငလျင်လှုပ်ခတ်ခဲ့သည့်အတွက် ယိုင်နဲ့သွားခဲ့သည်။ လှုပ်ခတ်ခဲ့သည့် ပြင်းအားသည် ထိုဒေသတွင် ၈ မှ ၉ အထိ ရှိခဲ့သည်။ ဘန်ဂလိုများစွာသည် ပျက်စီးခဲ့ပြီး အချို့သည် လူများနေထိုင်ရန်အတွက် စိတ်ချရမှုမရှိသည့် အနေအထား ဖြစ်သွားသည်။ နောင်ချိုနှင် ဆမ္မဆယ်ရွာအကြားရှိ ရထားလမ်းသည်လည်း ကျောက်တောင်များပြိုကျသဖြင့် ဝန်ဆောင်မှုများ ပျက်စီးခခဲ့သည်။ မြေပြင်ပျက်စီးမှုသည် မြင်သာပြီး ရထားလမ်းမှာမူ ကွေးသွားခဲ့သည်။ ဂုတ်ထိပ်ဘူတာအနီးတွင် မြေပြိုမှုများ ဖြစ်ပွားခဲ့သည်။[5] အဆင့် အေ အဆင့်ရှိသည့် အင်္ဂတေအဆောက်အဦးများသည် ပြင်းထန်စွာပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။[1] အနီးအနားရှိ တောင်များမှ မြေပြိုမှုဖြစ်စဉ်များစွာဖြစ်ပွားခဲ့ပြီး မြို့များရှိ ဘုရားတိုင်းသည် လုံးဝပျက်စီးခဲ့ရသည်။
မျက်မြင်တွေ့ရှိသူများစွာက ငလျင်လှုပ်ခတ်နေစဉ်အတွင်းတွင် ရပ်နေရန်ပင် များစွာခက်ခဲခဲ့သည်ဟု ဆိုခဲ့သည်။ ငလျင်ကြောင့် ကတ်သီဒရယ်ကျောင်းတော်တစ်ခုသည် ပြင်းထန်စွာ ပျက်စီးခဲ့သည်။ Wesleyan ကျောင်းတစ်ခုသည်လည်း အင်္ဂတေအဆောက်အဦဖြစ်သည့်အတွက် ကြီးမားစွာပျက်စီးခဲ့သည်။ အဆင့် (A) ရှိသည့် အုတ်အဆောက်အဦများနှင့် ဘုရားများ၊ ဘုန်းတော်ကြီးကျောင်းများ အားလုံးနီးပါးတို့သည် ပျက်စီးခဲ့ရသည်။ [5]အဆောက်အဦ ငါးခုသည် လုံးဝပြိုကျသွားခဲ့သည်။[1]ရော့စီဖော်ရယ်စကေးတိုင်းတာချက်အရ ဤငလျင်၏ လှုပ်ခတ်မှုသည် ပမာဏ ၉ အထိ ရောက်ရှိခဲ့သည်။
တောင်ကြီးတွင် လှုပ်ခတ်မှုသည် တစ်မိနစ်ကျော်ကြာမြင့်ခဲ့သည်။ အိမ်များ၏ မီးခိုးတိုင်အားလုံးနီးပါးသည် ပြုတ်ကျခဲ့ကာ စစ်တပ်ဆိုင်ရာအဆောက်အဦများတို့သည်လည်း ပျက်စီးခဲ့သည့် အခြေအနေ ဖြစ်သည်။[5]
လှုပ်ခါမှုသည် အုတ်အဆောက်အဦများကို ပျက်စီးစေကာ ဘုရားစေတီများစွာကို ပြိုကျစေခဲ့သည်။ မြေပြိုမှုကြောင့် ရေပိုက်လိုင်းများ ပျက်စီးစေခဲ့ကာ မြို့တွင် နှစ်ညတာ လျှပ်စစ်ပြတ်တောက်မှု ဖြစ်ပေါ်ခဲ့သည်။[5]
ငလျင်နှင့် ဝေးကွာသည့်နေရာများဖြစ်ကြသည့် ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ကျင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင်လည်း လှုပ်ခတ်မှုကို အနည်းငယ်ခံစားခဲ့ရသည်။ ထို့အပြင် လှုပ်ခါမှုကြောင့် ဖြစ်ပေါ်လာသည့် ဆူညံသံများကိုလည်း ကြားခဲ့ရပြီး ငလျင်တုန်ခါမှုပြင်းအားသည် ၆ နှင့် ၇ အကြား ရှိခဲ့သည်။ အဆောက်အဦအချို့သည် ကျိုးပဲ့မှုများဖြစ်ပေါ်ခဲ့သည်။ သို့သော်လည်း ပျက်စီးသွားသည့်အထိ မပြင်းထန်ခဲ့ပေ။ သီပေါ်မြို့တွင် အင်္ဂတေအဆောက်အဦများစွာတို့သည် ဆိုးရွားစွာ ပျက်စီးခဲ့ရပြီး မီးခိုးတိုင်များသည်လည်း ပြိုကျခဲ့သည်။ မြေကြီးထဲမှ အရည်များထွက်လာခြင်းများသည် နေရာအတော်များများတွင် ဖြစ်ပေါ်ခဲ့သည်။[5][1]
မြန်မာနိုင်ငံ တောင်ပိုင်းနှင့် မြောက်ပိုင်း၊ ထိုင်းနိုင်ငံ၏ အစိတ်အပိုင်းများတွင် ညင်သာသည့် လှုပ်ခါမှုကို ခံစားခဲ့ရသည်။ ၎င်းလှုပ်ခါမှုကို လူအများစုသည် ခံစားသိရှိခဲ့ရသည်။ ပြင်းအားသည် ၄ (ပျော့) နှင့် ၅ (အလယ်အလတ်) အကြား ရှိခဲ့သည်။ ပျက်စီးမှုများနှင့် ပတ်သက်၍ ထုတ်ပြန်မှု မရှိခဲ့ေပ။ ရန်ကုန်နှင့် ချင်းတောင်တန်းတွင် ငလျင်ကို သတိထားမိရုံမျှသာ ဖြစ်ခဲ့သည်။ သို့သော်လည်း လှုပ်ခါမှုသည် မီးအိမ်များအား တွဲလောင်းကျစေခြင်း၊ ဆိပ်ကြီးခနောင်တိုတွင် မီးတိုင်များသည် ယိုင်သွားခြင်း စသည်တို့ ဖြစ်ပေါ်သည်အထိ ပြင်းခဲ့သည်။ စစ်တွေတွင် အမြင့်ဆုံးလှုပ်ခတ်မှုကို ခံစားခဲ့ရသည်ဟု ဆိုခဲ့သည်။[5]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.