ဧရိယာအလိုက် နိုင်ငံနှင့် နယ်မြေဒေသများ စာရင်း
From Wikipedia, the free encyclopedia
ဤစာရင်းသည် ကမ္ဘာ့ပေါ်ရှိ အချုပ်အခြာအာဏာပိုင် နိုင်ငံများနှင့် ၎င်းတို့၏ အမှီအခိုနယ်မြေများအား ဧရိယာအလိုက် အဆင့်သတ်မှတ်ထားသော စာရင်းဖြစ်သည်။
စာရင်းတွင်ပါဝင်သော အချက်အလက်များကို ISO 3166-1 စံနှုန်းဖြင့် ကန့်သတ်ထားခြင်းမရှိပေ။ ISO 3166-1 စံနှုန်းအရ အသိအမှတ်ပြုထားခြင်းမရှိသော နယ်မြေဒေသများသည် ဤစာရင်းတွင် ပါဝင်မည်ဖြစ်ပြီး ၎င်းတို့၏ အဆင့်နံပါတ်ကို တပ်ပေးထားခြင်း ရှိမည်တော့ မဟုတ်ပေ။ "မှတ်ချက်" ကော်လံတွင် အသိအမှတ်ပြု နိုင်ငံများနှင့် ၎င်းနိုင်ငံများအတွင်းပါဝင်သော အသိအမှတ်ပြုထားခြင်း မရှိသော နယ်မြေများအကြား ရောထွေးမှုမဖြစ်စေရန် ရှင်းလင်းချက် ထည့်၍ပေးထားသည်။
ဤစာရင်းတွင် မပါဝင်သည်မှာ နိုင်ငံတစ်နိုင်ငံခြင်းစီမှ ပိုင်ဆိုင်သည်ဟု ကြေညာထားကြသော အန္တတိကတိုက်ရှိ အစိတ်အပိုင်းများ၊ ဥရောပသမဂ္ဂ[မှတ်စု 1]ကဲ့သို့ အချုပ်အခြာအရ အဆင့်တစ်ခုထိရှိပြီး အချုပ်အခြာအာဏာပိုင်နိုင်ငံ (သို့မဟုတ်) အမှီအခိုနယ်မြေဟု မဆိုထိုက်သော သီးခြားတည်ရှိနေရာ အရာများ၊ ဆီးလန်းနယ်ကဲ့သို့ အသိအမှတ်ပြုထားခြင်းမရှိသော မိုက်ခရိုနေရှင်းများတို့ ဖြစ်ကြသည်။
ဤစာရင်းတွင် ဧရိယာများအား တိုင်းတာခြင်းကို သုံးမျိုးဖြင့် ပြုလုပ်ထားသည်။
- စုစုပေါင်းဧရိယာ - နိုင်ငံတကာ နယ်စပ်စည်းမျဉ်းများနှင့် ကမ်းရိုးတန်းအတွင်းရှိ ကုန်းမြေနှင့် ရေထုဧရိယာ စုစုပေါင်းတို့၏ ပေါင်းခြင်းဖြစ်သည်။
- ကုန်းမြေဧရိယာ - နိုင်ငံတကာ နယ်စပ်စည်းမျဉ်းများနှင့် ကမ်းရိုးတန်းအတွင်းရှိ ကုန်းမြေ၏ စုစုပေါင်းဧရိယာဖြစ်ပြီး ရေထုဧရိယာမပါဝင်ပေ။
- ရေထုဧရိယာ - နိုင်ငံတကာ နယ်စပ်စည်းမျဉ်းများနှင့် ကမ်းရိုးတန်းအတွင်းရှိ ကုန်းတွင်း ရေထု(ရေကန်၊ ရေလှောင်ကန်နှင့် မြစ်များ)၏ မျက်နှာပြင်ဧရိယာစုစုပေါင်းဖြစ်သည်။[2] ပင်လယ်ကမ်းခြေအနီးရှိ ရေထု(အချို့သေးငယ်သော ပင်လယ်အော်များ) ပါဝင်ကောင်း ပါဝင်နိုင်သည်။ သီးခြားမှတ်ချက်ပြု၍မှလွဲလျှင် ရေပိုင်နက်များ မပါဝင်ပါ။ ထိစပ် နယ်မြေများ(Contiguous zones)၊ သီးခြားစီပွားရေးနယ်မြေ(Exclusive economic zone)များ မပါဝင်ပါ။
ဤစာရင်းရှိ အချက်အလက်များကို ကုလသမဂ္ဂ စာရင်းအင်းဌာနခွဲမှရရှိသော အချက်အလက်များအား ကိုးကားထားခြင်းဖြစ်ပြီး အခြားရင်းမြစ်များမှ ကိုးကားခဲ့သော် သီးခြားမှတ်စုဖြင့် ဖော်ပြပါမည်။[3]