အဲလ်ဘာ့တပ်စ် မာ့ဂ်နပ်စ်
From Wikipedia, the free encyclopedia
အဲလ်ဘာ့တပ်စ် မာ့ဂ်နပ်စ် (သို့) အယ်လ်ဘာ့တွတ်စ် မာ့ဂ်နွတ်စ် (လက်တင်: Albertus Magnus[မှတ်စု 1] OP (c. 1200 – 15 November 1280) သည် ဂျာမန် ကတ်သလစ် စိန့်ဒါမီနီကန်ဂိုဏ်းဝင် ဘုန်းတော်ကြီးတစ်ပါး၊ ဒဿနပညာရှင်၊ သိပ္ပံဆရာ၊ ကတ်သလစ်ဂိုဏ်း၏ သူတော်စင်အဖြစ် ချီးမြှောက်ခံရသူ ဂိုဏ်းအုပ်ဘုန်းတော်ကြီးတစ်ဦးဖြစ်သည်။ ကြီးကျယ်သော သူတော်စင် အဲလ်ဘာ့တပ်စ် (Saint Albert the Great) (သို့) ကိုလုံးမြို့မှ အဲလ်ဘာ့ (Albert of Cologne) ဟူ၍လည်း သိရှိကြသည်။ ၎င်း၏ အသက်ရှင်နေထိုင်ခဲ့သော သက်တမ်းအတွင်း Doctor universalis နှင့် Doctor expertus ဟူ၍လည်းကောင်း အသက်ကြီးပိုင်းတွင် မာ့ဂ်နပ်စ် (Magnus) တပ်၍လည်းကောင်း သိရှိကြလေသည်။[6] James A. Weisheipl နှင့် Joachim R. Söder တို့ကဲ့သို့ ပညာရှင်များက ၎င်းကို အလယ်ခေတ်တွင် အကြီးကျယ်ဆုံး ဂျာမန် ဒဿနပညာရှင်၊ (ခရစ်ယာန်)ဘာသာရေးပညာရှင်ဟု ညွှန်းဆိုခဲ့ကြသည်။[7] ကတ်သလစ်ဂိုဏ်းက ၎င်းကို "Doctor of the Church" ဘွဲ့ရ (၃၆ ဦးထဲက) တစ်ယောက်အဖြစ် အသိအမှတ်ပြုခဲ့ကြသည်။
သူတော်စင် အဲလ်ဘာ့တပ်စ် မာ့ဂ်နပ်စ် | |||||||||||||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
မယ်တော် မာရီမှ သူတော်စင် အဲလ်ဘာ့ကို ကိုယ်ထင်ပြနေပုံ (Vicente Salvador Gomez ၏ လက်ရာ) | |||||||||||||||||||||||||
Bishop of Regensburg Doctor of the Church | |||||||||||||||||||||||||
မွေးဖွား | ၁၂၀၀ ဝန်းကျင်[1] Lauingen, Duchy of Bavaria | ||||||||||||||||||||||||
ကွယ်လွန် | ၁၂၈၀ နိုဝင်ဘာ ၁၅ မြင့်မြတ်သောရောမအင်ပါယာ၊ ကိုလုံးမြို့ | ||||||||||||||||||||||||
သူတော်စင်အဖြစ် ပူဇော် | ကတ်သလစ် | ||||||||||||||||||||||||
သူတော်စင်အဖြစ် ပုပ်ရဟန်းမင်း ထောက်ခံ | ၁၆၂၂, ရောမ by ပုပ်ရဟန်းမင်း ဂရက်ဂါရီ (၁၅) | ||||||||||||||||||||||||
သူတော်စင်အဖြစ် စာရင်းသွင်း | ၁၉၃၁ ဒီဇင်ဘာ ၁၆, ဗာတီကန်စီးတီး by ပုပ်ရဟန်းမင်း ပိယပ်စ် (၁၁) | ||||||||||||||||||||||||
အဓိက ဗိမာန် | ကိုလုံးမြို့၊ စိန့် အန်ဒရူးဘုရားကျောင်း | ||||||||||||||||||||||||
ပွဲတော် | နိုဝင်ဘာ ၁၅ | ||||||||||||||||||||||||
သူတော်စင်ဆိုင်ရာ ပြယုဂ်များ | ဒါမီနီကန် အလေ့အထ၊ ဒေါက်ခြာ၊ ကျမ်းစာအုပ်၊ ငန်းတောင်(ကလောင်တံ) | ||||||||||||||||||||||||
အားပေးမှု | သဘာဝသိပ္ပံကို ပျိုးထောင်သူများ၊ ဆေးကျောင်းသားများ၊ ဒဿနဆရာများ၊ သိပ္ပံပညာရှင်များ Scientific career | ||||||||||||||||||||||||
အခြားအမည်များ | Albertus Teutonicus, Albertus Coloniensis, Albert the Great, Albert of Cologne | ||||||||||||||||||||||||
နယ်ပယ် |
| ||||||||||||||||||||||||
ကျော်ကြားမှုအရင်းခံ | ဓာတ်သတ္တုများကို စနစ်တကျလေ့လာခြင်း အာဆန်းနစ်ဓာတ်ကို တွေ့ရှိခြင်း | ||||||||||||||||||||||||
| |||||||||||||||||||||||||