အောင်ပြည့်စုံ
From Wikipedia, the free encyclopedia
အောင်ပြည့်စုံ (၁၉၈၄ မွေးဖွား) သည် မြန်မာနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်ဖြစ်ပြီး လုပ်ငန်းကြီးများဖြစ်သော စကိုင်းဝမ်းဆောက်လုပ်ရေးနှင့် အောင်မြင့်မိုရ်မင်းအာမခံလုပ်ငန်းတို့ကို ပိုင်ဆိုင်သည်။[1] တယ်လီကွန်းဝန်ဆာင်မှုလုပ်ငန်း မိုင်တဲတွင်လည်း တစ်ဦးချင်းအနေဖြင့် အများဆုံးရှယ်ယာရှင်ဖြစ်ကြောင်း သိရသည်။[1] မြန်မာနိုင်ငံ၏ အာဏာသိမ်းစစ်ခေါင်းဆောင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏သား ဖြစ်သောကြောင့် လူမုန်းများသည်။
အောင်ပြည့်စုံ | |
---|---|
မွေးဖွား | ၁၉၈၄ (အသက် ၃၉–၄၀) မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ |
နိုင်ငံလူမျိုး | မြန်မာ |
အခြား အမည်များ | ဖိုးသား |
မိခင်ကျောင်း | ရန်ကုန်ကွန်ပျူတာတက္ကသိုလ် |
အလုပ်အကိုင် | စီးပွားရေးလုပ်ငန်းရှင် |
အိမ်ထောင်ဖက်(များ) | မျိုးရတနာထိုက် (m. ၂၀၁၂) |
သားသမီး | ခင်ငြိမ်းချမ်းပြည့်စုံလှိုင် ခင်ဘုန်းမြတ်ပြည့်စုံလှိုင် |
မိဘ(များ) | မင်းအောင်လှိုင် ကြူကြူလှ |
ဆွေမျိုးသားချင်း | ခင်သီရိသက်မွန် |
၎င်း၏ဖခင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာသည့်ကာလ သမ္မတ ဦးသိန်းစိန်လက်ထက်၌ ဈေးကွက်အောက် အလွန်နည်းသော ပမာဏဖြင့် ရန်ကုန်ပြည်သူ့ဥယျာဉ်အတွင်းရှိ တန်ကြေးမြင့်စားသောက်ဆိုင်နှင့် ပန်းချီပြခန်းကို နှစ် ၃၀ ငှားခွင့် ရသည်။[2] ပို့ခွန်သွင်းခွန်ကင်းလွတ်ခွင့်နှင့် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ရေး၌ အလိုအလျောက်ခွင့်ပြုမိန့်ရသော အေအန္နံမဟာ (A&M Mahar) ပို့ကုန်သွင်းကုန်လုပ်ငန်းကိုလည်း လုပ်ကိုင်နေသည်။[3][4] မြန်မာနိုင်ငံ၏ အခွန်ဦးစီးဌာနကို ခေါင်းဆောင်သူမှာ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၏ ဒါရိုက်တာဟောင်း ကျော်ထင်ဖြစ်သည်။[4]
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှလည်း ထင်မထားနိုင်လောက်အောင်နည်းသော ငွေပမာဏဖြင့် အရက်ရောင်းချခွင့် ရခဲ့သည်။ ကန်သာယာဆေးရုံ၏ ရှယ်ယာရှင်ဖြစ်ပြီး ချောင်းသာ၊ ပုဂံ၊ မန္တလေး၊ အင်းလေး စသော ပြည်ပခရီးသွားများကျက်စားရာတို့၌ ဖွင့်ထားသော အဇူရဟိုတယ်တွဲကြီးကိုလည်း အခြားစီးပွားရေးလုပ်ငန်းရှင်တဦးနှင့်အတူ ပူးတွဲပိုင်ဆိုင်သည်။ ချောင်းသာ၌ အဇူရကမ်းခြေအပန်းဖြေစခန်းသည် အကြီးဆုံးဖြစ်သည်။[5][6][7]