![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/a/ac/Taw_Phaya_Galay.jpg/640px-Taw_Phaya_Galay.jpg&w=640&q=50)
အောင်ဇေ (တော်ဘုရားလေး)
From Wikipedia, the free encyclopedia
တော်ဘုရားလေးသည် သီပေါမင်းနှင့် စုဖုရားလတ်တို့၏ သမီးတော်လေးပါးအနက် စတုတ္ထမြောက် သမီးတော် မြတ်ဖုရားကလေး ၏ စတုတ္ထမြောက်သားတော် ဖြစ်သည်။ ဂျပန်ခေတ်တွင် အစ်ကိုတော် တော်ဘုရားကြီးမင်းသား ဘုရင်ဖြစ်ခဲ့ပြီး တော်ဘုရားကြီးက သူမရှိခဲ့သော် နန်းဆက်ခံဖို့ရန် ဆိုပြီး ညီငယ်ကို အိမ်ရှေ့နှင်းခဲ့ပါသည်။ စုဘုရားလတ်၏ ၁၉၁၉ က ချုပ်ဆိုသည့် ထီးမွေနန်းမွေလွှဲစာချုပ်အရ သူတို့မယ်တော်ကို ကုန်းဘောင်ထီးနန်းလွှဲခဲ့ပြီး ဖြစ်တဲ့အတွက် မယ်တော်ရဲ့ အရိုက်အရာခံသူ တော်ဘုရားကြီးက ညီတော်အငယ်ဆုံးကို အိမ်ရှေ့ပြန်နှင်းတာ ဖြစ်ပါတယ်။ လူသိ ရှင်ကြား အာဏာရ ဘုရင် အနေနဲ့ လွှဲခြင်း မဟုတ်သော်လည်း မြန်မာသမိုင်းမှာဖြင့် နောက်ဆုံးခန့် အိမ်ရှေ့စံဘဝကို တော်ဘုရားကလေး လပိုင်း ရရှိခဲ့ပါတယ်။
အချက်တိုများ မြင့်မြတ်တော်မူလှသော (တော်ဝင်) တော်ဘုရားလေး အောင်ဇေ, ဂျပန့်ခေတ် အိမ်ရှေ့မင်း ...
မြင့်မြတ်တော်မူလှသော (တော်ဝင်) တော်ဘုရားလေး အောင်ဇေ | |
---|---|
![]() တော်ဘုရားလေး အောင်ဇေ(၁၉၂၆ - ၂ဝဝ၆) | |
ဂျပန့်ခေတ် အိမ်ရှေ့မင်း | |
နန်းသက် | ၁၉၄၄ – ၁၉၄၅ |
မွေးဖွား | (1926-06-30)၃၀ ဇွန်၊ ၁၉၂၆ ရန်ကုန်၊ မြန်မာ |
ကွယ်လွန် | ၁၇ ဇွန်၊ ၂၀၀၆(2006-06-17) (အသက် ၇၉) ရန်ကုန်၊ မြန်မာ |
အလုပ်အကိုင် | နိုင်ငံရေးသမား၊ စာရေးဆရာ၊ သမိုင်းသုတေသီ |
ပိတ်ရန်