အေအဲမ်ဒီ
From Wikipedia, the free encyclopedia
အေအဲမ်ဒီ (Advanced Micro Devices, Inc. သို့မဟုတ် AMD) သည် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ စဲန်တာကလဲရာ (Santa Clara)တွင် အဓိက အခြေစိုက်ထားသော အခြားနိုင်ငံအချို့တွင်လည်း ရုံးစိုက်ထားသည့် (multinational) တပိုင်းလျှပ်ကူး (semiconductor) ကုမ္ပဏီတစ်ခုဖြစ်သည်။ လုပ်ငန်းသုံးနှင့် တစ်ဦးချင်းသုံး ဈေးကွက်နှစ်ခုစလုံးအတွက် ကွန်ပျူတာပရိုဆက်ဆာများ (computer processors)ကို လည်းကောင်း၊ ၎င်းနှင့် ဆက်စပ်သော နည်းပညာများကို လည်းကောင်း တီထွင်ထုတ်လုပ်ရောင်းချသည်။ အစပိုင်းတွင် ပရိုဆက်ဆာများကို ၎င်းကိုယ်တိုင် ထုတ်လုပ်ခဲ့သော်လည်း၊ နောက်ပိုင်းတွင် သူ၏ ထုတ်လုပ်မှုပိုင်းဆိုင်ရာ ဌာနကြီးကို ဂလိုဘယ် ဖောင်ဒရီစ် (GlobalFoundries)ဟုခေါ်သော ပုဂ္ဂလိကစက်ရုံအဖြစ်သို့ ၂၀၀၉-ခုနှစ်တွင် ခွဲထုတ်လိုက်ပြီးနောက်ပိုင်း၌ သူ၏ ပရိုဆက်ဆာများ ထုတ်လုပ်မှုအပိုင်းကို ပြင်ပကုမ္ပဏီများသို့ လွှဲပြောင်းခဲ့ကာ စက်ရုံမလိုသော ထုတ်လုပ်မှု (fabless manufacturing) ပုံစံသို့ ပြောင်းလဲခဲ့သည်။ အေအဲမ်ဒီ (AMD) ၏အဓိကထုတ်ကုန်များမှာ မိုက်ခရို ပရိုဆက်ဆာများ (microprocessors)၊ motherboard chipset များ၊ လုပ်ငန်းသုံးကွန်ပျူတာများ (workstations)၊ တစ်ကိုယ်ရေသုံးကွန်ပျူတာများ (personal computers)နှင့် အတွင်းမြှုပ်အိုင်စီသုံးစနစ်ဆိုင်ရာ အသုံးချပစ္စည်းများနှင့် ပရိုဂရမ်များ (embedded system applications) ဖြစ်ကြသည်။
အမျိုးအစား | အများပိုင် |
---|---|
လုပ်ငန်း | တပိုင်းလျှပ်ကူး (semiconductor) |
တည်ထောင်သည့်နှစ် | မေ ၁၊ ၁၉၆၉; ၅၄ နှစ် အကြာက (၁၉၆၉-၀၅-01) |
တည်ထောင်သူများ | Jerry Sanders |
ဝန်ဆောင်မှု ဧရိယာ | တစ်ကမ္ဘာလုံး |
အရေးပါ ပုဂ္ဂိုလ်များ | |
ထုတ်ကုန်ပစ္စည်း |
|
ဝင်ငွေ | $23.6 billion[1] |
အခွန်မဆောင်မီ ဝင်ငွေ | $1.26 billion[1] |
အသားတင် ဝင်ငွေ | $1.32 billion[1] |
ရင်းနှီးမြှုပ်နှံမှု | $12.4 billion[2] |
စုစုပေါင်း ရှယ်ယာတန်ဖိုး | $7.5 billion[2] |