ဆိပ်ကမ်းမြို့နှင့် ယီမင်နိုင်ငံ၏ ယာယီမြို့တော် From Wikipedia, the free encyclopedia
အေဒင်မြို့သည် အာရေဗျကျွန်းဆွယ် တောင် ဘက်ကမ်းခြေရှိ အေဒင်နယ်၏ မြို့တော် ဖြစ်ခဲ့သည်။ မီးငြိမ်းတောင်စွယ်ပေါ်တွင် တည်ရှိ၍ ဗြိတိသျှတို့၏ ခံတပ်မြို့တော်လည်း ဖြစ်ခဲ့သည်။ ပင်လယ်နီ၏ တောင်ဘက်ထွက်ပေါက် ဖြစ်သော ဗက်·ဗယ်·မန်ဒက် ရေလက်ကြားကို ထိန်းကြပ်လျက် ရှိသောမြို့ဖြစ်ခြင်းကြောင့် အရှေ့ဂျီဘရော်လ်တာဟူ၍ ခေါ်စမှတ် ပြုကြသည်။ ထို့ပြင် ဆူးအက်တူးမြောင်းကို ဖြတ်သန်းသွားလာသူများအတွက် အရေးကြီးသော ဓာတ်ဆီ၊ ကျောက်မီးသွေး စသော ထင်းမီးဖြည့်တင်းရာ စခန်းလည်းဖြစ် သည်။ သားရေ၊ ဆေး၊ ဆားနှင့် ကော်ဖီတို့ကို တင်ပို့သည်။ သို့သော် ၁၉၆၇ ခုနှစ် ဇွန်လတွင်ဖြစ်ပွားခဲ့သော အာရပ်-အစ္စရေးစစ်ပွဲကြောင့် ဆူးအက်တူးမြောင်းကို ပိတ်လိုက်ရသော အခါ အေဒင်မြို့၏အရေးပါမှုသည် လျော့ကျသွားခဲ့ရလေသည်။
တစ်ဆယ့်ငါးရာစုနှစ်အတွင်း ပေါ်တူဂီလူမျိုးတို့က အာဖရိကတိုက်တောင်ဘက်စွန်းကို ပတ်၍ အရှေ့နိုင်ငံများသို့ သွားသော ပင်လယ်ခရီးလမ်းကို မတွေ့မီကတည်းက အေဒင်မြို့ သည် အာရှနိုင်ငံများနှင့် အနောက်နိုင်ငံများ ကုန်စည်ကူးသန်းရာ အချက်အချာမြို့ဖြစ်ခဲ့သည်။ ၁၈၆၉ ခုနှစ် ဆူးအက်တူးမြောင်း ဖောက်လုပ်ပြီးနောက်တွင် ထိုမြို့သည် ဗြိတိသျှတို့ အတွက် စစ်ရေးစစ်ရာအရ ပို၍အရေးပါသောမြို့ ဖြစ်လာလေ သည်။ ဗြိတိသျှတို့သည် အေဒင်မြို့ကို ၁၈၃၉ ခုနှစ်တွင် သိမ်းပိုက်ပြီးလျှင် အိန္ဒိယနိုင်ငံအုပ်ချုပ်ရေး အောက်၌ထား၍ အုပ်ချုပ်သည်။ ၁၉၃၇ ခုနှစ် ဧပြီလ တစ်ရက်နေ့တွင် အေဒင်နယ်ကို ဘုရင်ခံတစ်ဦးက သီးခြားဗြိတိသျှ ကိုလိုနီနယ်အဖြစ် ခွဲခြားအုပ်ချုပ်သည်။ ၁၉၄၇ ခုနှစ် ဇန်နဝါရီလတွင် ဥပဒေပြု ကောင်စီကို ဖွဲ့စည်း၍ နယ်ကို အုပ်ချုပ်ခဲ့လေသည်။
အေဒင်ကိုလိုနီနယ်တွင် အေဒင်မြို့နှင့်တကွ လစ်တဲ အေဒင်ကျွန်းဆွယ်၊ ပယ်ရင်းကျွန်း၊ ကူရီရာ မူရီယာကျွန်းစုတို့ ပါဝင်၍ အကျယ်အဝန်းအားဖြင့် ရ၅ စတုရန်းမိုင်ရှိသည်။ လူဦးရေ ၁၅ဝ,ဝဝဝ ယောက် (၁၉၇၂) ရှိသည်။ ရာသီဥတုမှာ ပူပြင်းခြောက်သွေ့သည်။
အေဒင်ကိုလိုနီနယ်နှင့် တဆက်တည်းဖြစ်သောဗြိတိသျှ အစောင့်အရှောက်ခံ အေဒင်နယ်ဟူ၍ လည်းရှိသည်။ ထို အစောင့်အရှောက် ခံနယ်ကို အရှေ့နှင့် အနောက်ဟု ပိုင်းခြား ထားသည်။ ယင်းနယ်ထဲ၌ အာရပ်စော်ဘွားများအုပ်ချုပ်သော နယ်ပယ်နှစ်ဆယ် ပါရှိသည်။ အစောင့်အရှောက်ခံနယ်၏ အကျယ်အဝန်းမှာ စတုရန်းမိုင် ၁၁၂,ဝ၈ဝ ခန့်ဖြစ်သည်။၁၉၅၉ ခုနှစ်မှ အစပြု၍ ဗြိတိသျှစောင့်အရှောက်ခံ အေဒင်နယ်တွင် အပါအဝင် စော်ဘွားနယ် အချို့ပူးပေါင်းကာ တောင်ပိုင်းအာရပ် စော်ဘွားနယ်ပေါင်းစုဟု ဖွဲ့စည်းခဲ့သည်။ ၁၉၆၂ ခုနှစ်ရောက်လျှင် အခြားအာရပ်စော်ဘွား နယ်များနှင့် အေဒင်ကိုလိုနီနယ်တို့ပါ ပူးပေါင်းပါဝင်လာ၍ တောင်အာရေဗျ နယ်ပေါင်းစုဟု အမည်ပြောင်းလိုက်သည်။
၁၉၆၇ ခုနှစ် နိုဝင်ဘာလ ၃ဝ ရက်နေ့တွင် ထိုနယ် ပေါင်းစုကို ဂရိတ်ဗြိတိန်က လွပ်လပ်ရေးပေးလိုက်၏။ ထိုအခါ တောင်ပိုင်း ယီမင်ပြည်သူ့သမ္မတနိုင်ငံဟု တည်ထောင်လိုက်သည်။
ထိုစဉ်က ဗြိတိသျှအစောင့်အရှောက်ခံ အေဒင်နယ်မှ စော်ဘွားနယ်၁၆ နယ်နှင့်အေဒင် ကိုလိုနီနယ်တို့သာ ပါဝင်ခဲ့သော်လည်း နောင်အခါ ကျန်စော်ဘွားနယ် လေးနယ်သည်လည်း ပူးပေါင်း ပါဝင်ခဲ့၏။
၁၉၇ဝ ပြည့်နှစ် နိုဝင်ဘာလ ၃ဝ ရက်နေ့တွင် ပြည်သူ့ဒီမိုကရက်တစ် ယီမင်သမ္မတနိုင်ငံဟု အမည်ပြောင်း လိုက်၏။ ယခုအခါ အေဒင်မြို့သည် ပြည့်သူ့ဒီမိုကရက်တစ် ယီမင်သမ္မတနိုင်ငံတွင် အကြီးဆုံးနှင့် အုပ်ချုပ်ရေးရုံးစိုက်မြို့ ဖြစ်သည်။ ကုန်သွယ်ရေး အချက်အချာဌာနလည်းဖြစ်လေသည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.