အုမ်း၏ နိယာမ
အမှတ်နှစ်ခုကြားရှိ လျှပ်ကူးပစ္စည်းအား ဖြတ်သန်း၍စီးသွားသောလျှပ်စစ်သည် အမှတ်နှစ်ခု တစ်ဖက် / From Wikipedia, the free encyclopedia
အုမ်း ၏ နိယာမ(Ohm's law) ဆိုသည်မှာ ဂျာမန် ရူပဗေဒ ပညာရှင် ဂျော့ ဆိုင်မွန် အုမ်း ၏ လေ့လာတွေ့ရှိချက် နိယာမများကို ဆိုလိုခြင်းဖြစ်သည်။
အုမ်းဆိုလိုသည်မှာ အစွန်း နှစ်ဘက်ရှိသောလျှပ်ကူးပစ္စည်းတခုတွင် ဖြတ်သန်းစီးဆင်းသွားသော လျှပ်စီးကြောင်း(I ) သည် အစွန်း နှစ်ဘက်တလျှောက် ဖြစ်ပေါ် နေသော ပိုတင်ရှယ်ခြားနားခြင်း(V ) နှင့် တိုက်ရိုက်အချိုးကျကြောင်းတွေ့ရှိခဲ့သည်။
အထက်ပါညီမျှခြင်းတွင် ပါဝင်သည့် သင်္ကေတများမှာ -
- I - လျှပ်ကူးပစ္စည်းတစ်လျှောက်ရှိ လျှပ်စီးကြောင်း ဖြစ်သည်။ ယူနစ်မှာ အမ်ပီယာ (amperes) ဖြစ်သည်။
- V - လျှပ်ကူးပစ္စည်းပေါ် ဖြတ်သန်းနေသော ဗို့အား ဖြစ်သည်။ ယူနစ်သည် ဗို့ (volts) ဖြစ်သည်။
- R - လျပ်ကူးပစ္စည်း၏ လျှပ်စီးခုခံမှု ဖြစ်သည်။ ယူနစ်သည် အုမ်း (ohms) ဖြစ်သည်။ အထူးသဖြင့် အုမ်း၏ နိယာမတွင် R သည် ကိန်းသေတစ်ခု ဖြစ်ပြီး လျှပ်စီးကြောင်းအပေါ် မှီခိုမှု မရှိပေ။[1]အုမ်း၏ နိယာမ သည်သိပ္ပံနည်းကျ ဆက်သွယ်မှုတစ်ခုဖြစ်၍ ၎င်းသည် လျှပ်စီးကြောင်း (current) ပမာဏများစွာရှိသော လျှပ်စစ်စီးဆင်းနိုင်သော ပစ္စည်းအများစု၏ လျှောက်ကူးနိုင်မှုကို တိကျစွာ ဖော်ပြနိုင်သည်။ သို့သော်အချို့သောပစ္စည်းများသည် အုမ်း၏ နိယာမ(Ohm's law) ကိုမလိုက်နာပါ။ ၎င်းကို အုမ်း၏ နိယာမ မှသွေဖည်ခြင်(Non-Ohmic) ဟုခေါ်သည်။
ဤနိယာမ၏ အမည်သည် ဂျာမန်လူမျိုး ရူပဗေဒပညာရှင် ဂျော့အုမ်း (Georg Ohm) ကို အစွဲပြုကာ ပေးထားသည်။ ဂျော့အုမ်းသည် ၁၈၂၇ ခုနှစ်တွင် သုတေသနကျမ်း တစ်ခုကို ထုတ်ဝေခဲ့သည်။ ထိုကျမ်းတွင် အသုံးချလိုက်သော ဗို့အားတိုင်းတာမှုများ၊ ဝါယာကြိုးအလျားအမျိုးမျိုးကို အသုံးပြုထားသည့် ရိုးရိုးလျှပ်စစ်ပတ်လမ်းတစ်လျှောက်ရှိ လျှပ်စီးကြောင်း တိုင်းတာမှုတို့နှင့် ပတ်သက်သည်များ ပါဝင်သည်။ အုမ်းသည် သူ၏ လက်တွေ့စမ်းသပ်ချက်များ၏ ရလဒ်တို့ကို ညီမျှခြင်းတို့ဖြင့် ရှင်းပြခဲ့သည်။ သို့သော် သူ၏ ရှင်းပြချက်တို့သည် အထက်တွင် ဖော်ပြခဲ့သည့် ခေတ်မှီညီမျှခြင်းထက် အနည်းငယ် ရှုပ်ထွေးနေခဲ့သည်။ အသေးစိတ်ကို သမိုင်းတွင် ကြည့်ပါ။