အုမဟိုရိဘူတာ
From Wikipedia, the free encyclopedia
From Wikipedia, the free encyclopedia
အုမဟိုရိဘူတာ (馬堀駅, Umahori-eki) သည် ဂျပန်နိုင်ငံ၊ ကျိုတိုစီရင်စု၊ ခမဲအိုခမြို့တွင် တည်ရှိသည့်ဘူတာတစ်ခု ဖြစ်သည်။ ဤဘူတာကို West Japan Railway Company (JR West) က စီမံခန့်ခွဲလျက်ရှိသည်။
အုမဟိုရိဘူတာ 馬堀駅 | |
---|---|
အုမဟိုရိဘူတာ, ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ | |
တည်နေရာ | Rokunotsubo-29 Shinochoumahori, Kameoka-shi, Kyoto-fu 621-0823 Japan |
ကိုဩဒိနိတ် | 35.0104°N 135.6021°E |
ပိုင်ဆိုင်သူ | West Japan Railway Company |
စီမံခန့်ခွဲသူ | West Japan Railway Company |
ရထားလိုင်း(များ) | Sagano Line (San'in Main Line) |
အကွာအဝေး | ၁၈.၁ km (၁၁.၂ mi) from Kyoto |
ပလက်ဖောင်းများ | 2 side platforms |
ရထားစင်္ကြံ | 2 |
ဆက်သွယ်ထားမှုများ |
|
တည်ဆောက်မှု | |
ဖွဲ့စည်းပုံ အမျိုးအစား | Ground level |
မသန်စွမ်းသူများ အသုံးချနိုင်မှု | Yes |
အခြား အချက်အလက်များ | |
အခြေအနေ | Staffed (Midori no Madoguchi ) |
ဘူတာရုံ ကုဒ် | တမ်းပလိတ်:RouteBox |
ဝဘ်ဆိုဒ် | တရားဝင် ဝက်ဘ်ဆိုဒ် |
သမိုင်းကြောင်း | |
ဖွင့်ခဲ့ | ၂၀ ဇူလိုင် ၁၉၃၅ |
Traffic | |
ခရီးသည် (FY2019) | 4672 daily |
ဝန်ဆောင်မှုများ | |
တမ်းပလိတ်:Adjstn | |
တည်နေရာ | |
အုမဟိုရိဘူတာသည် ဆန်းအင်းလိုင်း (ဆဂနိုလိုင်း) ကို ဆောင်ရွက်လျက်ရှိသည်။ ဤဘူတာသည် ခရီးဆုံးဘူတာဖြစ်သည့် ကျိုတိုဘူတာမှ ၁၁.၂ မိုင် (၁၈.၁ ကီလိုမီတာ) အကွာတွင် တည်ရှိသည်။
ဘူတာတွင် ဘယ်ညာပလက်ဖောင်းနှစ်ခု ပါဝင်ပြီး ဘူတာအဆောက်အဦသို့ ထိုပလက်ဖောင်းနှစ်ခုမှ တံတားဖြင့် ဆက်သွယ်ထားသည်။ ဘူတာတွင် “မိဒိုရိနော့ မဒိုဂုချိ” လက်မှတ်ရောင်းသည့်ဌာနလည်း ရှိသည်။[1]
1 | ■ San'in Main Line | for Kyoto |
2 | ■ San'in Main Line | for Kameoka, Sonobe and Fukuchiyama |
အုမဟိုရိဘူတာကို ၁၉၃၅ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။ ၁၉၈၇ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် ဂျပန်နိုင်ငံအမျိုးသားရထားလိုင်း (JNR) သည် ရထားလမ်းလုပ်ငန်းများကို ပုဂ္ဂလိကသို့ လွှဲပြောင်းပေးလိုက်သဖြင့် ဤဘူတာသည် West Japan Railway Company ၏ ထိန်းချုပ်မှုအောက်တွင် ရှိခဲ့သည်။ ၁၉၈၉ ခုနှစ်၊ မတ်လ ၅ ရက်နေ့တွင် ရထားလိုင်းအသစ်တစ်ခု တိုးချဲ့လိုက်သဖြင့် ဘူတာကို နေရာအသစ်ကို ရွှေ့ခဲ့သည်။ မူလဘူတာအဟောင်းကို လက်ရှိအချိန်တွင် ဆဂနိုခရီးသွားရထားလိုင်း (Sagano Scenic Railway) အတွက် အသုံးပြုလျက်ရှိသည်။[2]
၂၀၁၈ ခုနှစ်၊ မတ်လတွင် ဘူတာအမှတ်သတ်မှတ်ခြင်းများ လုပ်ဆောင်ခဲ့သည်။ ဤဘူတာ၏ အမှတ်သည် JR-E10 ဖြစ်သည်။[3][4]
၂၀၁၉ ခုနှစ်တွင် ဘူတာကို နေ့စဉ်အသုံးပြုသည့် ခရီးသည်အရေအတွက်သည် ပျှမ်းမျှအားဖြင့် ၄၆၇၂ ဦး ရှိခဲ့သည်။[5]
Wikimedia Commons ရှိ အုမဟိုရိဘူတာ နှင့်ပတ်သက်သော မီဒီယာများ
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.