အုန်းရည်
အုန်းသီးနုအတွင်းရှိ အရည်ကြည် / From Wikipedia, the free encyclopedia
ပအုန်းရည်ဟုခေါ်သော အရည်မှာ ချဉ်သည်အထိ လှောင်ထားသည့် ထန်းရည်ပင်ဖြစ်သည်။ ထိုထန်းရည်ကို ထားဝယ်လူမျိုးများသည် ငါးပိနှင့်သုပ်၍ စားကြသည်။ ထားဝယ်မုန့်ဟင်းခါးချက်သည့်အခါတွင် မုန့်လက်သုပ်ရည်ကို ထန်းရည်(ပအုန်းရည်) နှင့်ပင် ချက်ပြုတ်ပါသည်။ ထားဝယ်လူမျိုးတို့သည် ထိုပအုန်းရည် (ထန်းရည်ချဉ်)ကို စဉ့်အိုးများဖြင့်ထည့်ကာ နှစ်ပေါက် စားသုံးရန် လှောင်ထားတတ်ကြသည်။ ထိုပအုန်းရည် (ထန်းရည်ချဉ်)ကို ချက်ပြုတ်စားသော်လည်း ဝမ်းပျက်ခြင်း၊ ဝမ်းလျှောခြင်း မဖြစ်ပါ။ ထားဝယ်လူမျိုးတို့၏ ယဉ်ကျေးမှု အစားအသောက် ဆန်းတခုပင်ဖြစ်သည်။ ပြုလုပ်ပုံမှာလည်း အပန်းမကြီးလှပါ။ ထန်းရည်ခါးစစ်စစ်ကို ချဉ်သည်ထိ နေလှန်းပေးရသည်။ ရက်အနည်းငယ်ကြာလာလျှင် ချဉ်လာပါလိမ့်မည်။ ချဉ်လာလျှင်ပင် စားသုံးနိုင်ပြီဖြစ်သည်။