အီရန်နိုင်ငံ၏ လူဦးရေစစ်တမ်း
From Wikipedia, the free encyclopedia
၂၀ရာစု၏တဝက်နောက်ပိုင်းတွင် အီရန်လူဦးရေသည် သိသိသာသာတိုးလာခဲ့သည်။ ၂၀၁၆ ခုနှစ် အထိ သန်း၈၀ မျှဖြစ်ခဲ့သည်။ လွန်ခဲ့သောနှစ်များအတွင်း သားဖွားနှုန်းသည် သိသာစွာကျဆင်းခဲ့သည်။ လေ့လာတွေ့ချက်များအရဆိုရလျှင် အီရန်လူဦးရေသည် ၂၀၅၀ ခုနှစ်အထိ သန်း၁၀၀ မျှ မြင့်တက်သွားနိုင်ချေရှိသည်။[1][2] လက်ရှိအီရန်လူဦးရေ၏ထက်ဝက်ကျော်ခန့်သည် အသက်၃၅နှစ်အရွယ်များဖြစ်ကြသည်(၂၀၁၂)။[3]
၂၀၀၉ခုနှစ်အတွင်း အိမ်ထောင်စုအရေအတွက်မှာ ၁၅.၃ သန်းရှိပြီး မိသားစုတစ်စုအတွင်း၌ ပျမ်းပျ၄.၈ယောက်ရှိသည်။ ၂၀၁၂ခုနှစ်တွင် မိသားစုတစ်စု၏ တစ်လဝင်ငွေသည် ၁၁.၈ သန်းရီယာလ်(၉၆၀ ဒေါ်လာခန့်)ရှိပေသည်။[4]
ကမ္ဘာ့ဗဟိုဘဏ် OECD ၏ စစ်တမ်းအရ အီရန်၏ လူဦးရေတိုးမြင့်မှုသည် ၁၉၉၀မှ၂၀၀၈ခုနှစအတွင်း ၁၇.၆ နှင့် ၃၂ ရာခိုင်နှုန်းတိုးလာခဲ့သည်။ ၎င်းတို့အတွင်းမှ ပညာတတ်ဦးရေသည် ၂၀၀၇ ခုနှစ်တွင် ၈၀ရာခိုင်နှုန်းဖြစ်ပြီး၂၀၀၈ ခုနှစ်တွင် ၈၅ ရာခိုင်နှုန်းရှိခဲ့သည်။ ။[5]