အီရန်နိုင်ငံရှိ အားကစား
From Wikipedia, the free encyclopedia
အီရန်နိုင်ငံတွင် များစွာသော အားကစားအမျိုးအစားများကို လေ့ကျင့်လျက်ရှိနေကြသည်။ ထိုအားကစားအမျိုးအစားများထဲတွင် ခေတ်သစ်အားကစားနှင့် ရိုးရာ နှစ်မျိုးလုံးပါဝင်သည်။ ၁၉၇၄ ခုနှစ်တွင် အီရန်နိုင်ငံ တီဟီရန်မြို့တော်၌ အာရှအားကစားပွဲတော်ကို အိမ်ရှင်နိုင်ငံအဖြစ် တာဝန်ယူကျင်းပခဲ့သည်။ ထိုသည် အနောက်အာရှမြို့တော်များအကြား ပထမဦးဆုံးကျင်းပခဲ့သော မြို့တော်ဖြစ်သည်။ ထို့ပြင် လက်ရှိချိန်ထိလည်း မြောက်မြားစွာသော အားကစားများတွင် ပါဝင်ယှဉ်ပြိုင်လျက်ရှိသည်။ အီရန်နိုင်ငံတွင် နပန်းပွဲသည် အီရန်တို့၏ ရိုးရာအားကစားဖြစ်သော်လည်း ယခုအခါ အီရန်နိုင်ငံတွင် လူကြိုက်အများဆုံးသည် ဘောလုံးအားကစားပင် ဖြစ်ပေသည်။ ၂၀၁၀ ခုနှစ်တွင် အီရန်နိုင်ငံ စီပွားရေး အကျပ်အတည်းများကြောင့် အားကစား ဘတ်ဂျက်သည် ဒေါ်လာသန်း ၈၀ အစိုးရမှ သတ်မှတ်ခဲ့သည်။ ထိုသို့သတ်မှတ်ရခြင်းသည် အီရန်လူဦးရေအလိုက် တစ်ဦးလျှင် ၁ ဒေါ်လာနှုန်းသတ်မှတ်၍ သတ်မှတ်ခဲ့ခြင်းဖြစ်သည်။[1]