အိုဟဲ အပြည်ပြည်ဆိုင်ရာလေဆိပ်
From Wikipedia, the free encyclopedia
ချီကာဂို အိုဟဲ အပြည်ပြည်ဆိုင်ရာလေဆိပ် (IATA: ORD၊ ICAO လေဆိပ်ကုဒ်| KORD) သည်ယေဘူယျအားဖြင့် အိုဟဲလေဆိပ်၊ ချီကာဂို အိုဟဲ သို့မဟုတ် အိုဟဲဟူ၍ ခေါ်ဆိုလေ့ရှိကြသည်။ ချီကာဂို၊ အီလီနွိုင်းပြည်နယ်၊ အနောက်မြောက်ဘက် ၁၇ မိုင် (၂၇ ကီလိုမီတာ) အကွာ ချီကာဂိုမြို့ အနောက်ဘက်ခြမ်းတွင် တည်ရှိသော အဓိက နိုင်ငံတကာလေဆိပ် ဖြစ်သည်။ ချီကာဂိုလေကြောင်းဌာနမှ စီမံကွပ်ကဲ၍ ၇,၆၂၇ ဧက (၃,၀၈၇ ဟက်တာ) ကျယ်ဝန်းသည်။,[3] အိုဟဲမှတဆင့် မြောက်အမေရိက၊ တောင်အမေရိက၊ ကာရစ်ဘီယံ၊ ဥရောပ၊ အာဖရိက၊ အာရှ၊ အိုရှန်းနီးယား နှင့် မြောက်အတ္တလန္တိတ်တို့တွင်ရှိသည့် နေရာပေါင်း ၂၂၈ နေရာသို့ တိုက်ရိုက်သွားနိုင်ပါသည်။[4][5]
ချီကာဂို အိုဟဲ အပြည်ပြည်ဆိုင်ရာလေဆိပ် | |||||||||||||||||||||||||||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
အချက်အလက်များ | |||||||||||||||||||||||||||||||||||||||
အမျိုးအစား | Public | ||||||||||||||||||||||||||||||||||||||
ပိုင်ဆိုင်သူ | ချီကာဂို အစိုးရ | ||||||||||||||||||||||||||||||||||||||
စီမံကွပ်ကဲသူ | ချီကာဂို လေကြောင်းဌာန | ||||||||||||||||||||||||||||||||||||||
ဝန်ဆောင်မှု ဧရိယာ | ချီကာဂိုမြို့ | ||||||||||||||||||||||||||||||||||||||
တည်နေရာ | အိုဟဲအသိုင်းအဝိုင်းဧရိယာ၊ ချီကာဂိုမြို့၊ အီလီနွိုင်းပြည်နယ်၊ အမေရိကန်ပြည်ထောင်စု | ||||||||||||||||||||||||||||||||||||||
ဖွင့်လှစ် | ဖေဖော်ဝါရီ ၁၉၄၄ (၈၀ နှစ် အကြာက) (၁၉၄၄-၀၂)[1] | ||||||||||||||||||||||||||||||||||||||
ဗဟိုချက်အဖြစ် အသုံးပြုသည့် လေကြောင်း | |||||||||||||||||||||||||||||||||||||||
Focus city for |
| ||||||||||||||||||||||||||||||||||||||
ပင်လယ်မျက်နှာပြင် အထက် | ၆၆၈ ပေ / ၂၀၄ မီတာ | ||||||||||||||||||||||||||||||||||||||
ကိုဩဒိနိတ် | 41°58′43″N 87°54′17″W | ||||||||||||||||||||||||||||||||||||||
ဝက်ဘ်ဆိုဒ် | flychicago.com/ohare | ||||||||||||||||||||||||||||||||||||||
မြေပုံ | |||||||||||||||||||||||||||||||||||||||
FAA လေဆိပ် ပုံကြမ်း | |||||||||||||||||||||||||||||||||||||||
ပြေးလမ်း | |||||||||||||||||||||||||||||||||||||||
| |||||||||||||||||||||||||||||||||||||||
ရဟတ်ယာဉ်ကွင်း | |||||||||||||||||||||||||||||||||||||||
| |||||||||||||||||||||||||||||||||||||||
ကိန်းဂဏန်း အချက်အလက်များ (2021) | |||||||||||||||||||||||||||||||||||||||
| |||||||||||||||||||||||||||||||||||||||
Source: O'Hare International Airport[2] |
အိုဟဲလေဆိပ်ကို ချီကာဂို မစ်ဒ်ဝေး အပြည်ပြည်ဆိုင်ရာလေဆိပ်၏ ဆက်ခံသူအဖြစ် ရည်မှန်းထား၍ တည်ဆောက်ခဲ့ကြသည်။ အိုဟဲသည် ဒေါင့်လားစ် လေယာဉ်ကုမ္ပဏီတွင် C-54 Skymaster စစ်ဘက်သယ်ယူပို့ဆောင်ရေးများအတွက် ဒေါင့်လားစ် လေယာဉ်ကုမ္ပဏီ၏ လေယာဉ်ကွင်းအဖြစ် စတင်ခဲ့သည်။ ဒုတိယ ကမ္ဘာစစ်စစ်ပွဲအတွင်း အဒ်ဝေါ့ အိုဟဲသည် အမေရိကန်ရေတပ်၏ ပထမဆုံးသော ဂုဏ်ပြုဆုတံဆိပ်ကို ရရှိခဲ့သူဖြစ်သည်။ ထို့ကြောင့် ဤလေဆိပ် အမည်သည် အိုဟဲဖြစ်သည်။[6] ဒုတိယကမ္ဘာစစ်ပြီးနောက် ပထမဆုံး အဓိကလေဆိပ်အဖြစ် စီစဉ်ထားသည့်အတိုင်း အိုဟဲ၏ ဆန်းသစ်သောဒီဇိုင်းသည် နားနေဆောင်များ၊ ဂိတ်များသို့ တိုက်ရိုက်ဝင်ရောက်သည့် အဝေးပြေးလမ်း၊ ဂျက်လေယာဉ်တံတားများ နှင့် မြေအောက်ဆီဖြည့်သည့်စနစ်များကဲ့သို့သော ဆန်းသစ်တီထွင်မှုဆိုင်ရာ အယူအဆများကို အိုဟဲက ရှေ့ဆောင်ခဲ့သည်။[7]