အိုလံပတ်တောင်
အင်္ဂါဂြိုဟ်ရှိ မီးတောင်ကြီး / From Wikipedia, the free encyclopedia
အိုလံပတ်တောင် သည် အင်္ဂါဂြိုဟ်ရှိ အလွန်ကြီးမားသော မီးတောင်ဖြစ်သည်။ တစ်ခါတိုင်းတာချက်အရ ယင်း၏အမြင့်သည် ၂၅ ကီလိုမီတာ (၁၃.၆ မိုင်) ရှိခဲ့သည်။[4] အိုလံပတ်တောင်သည် ဧဝရတ်တောင်၏ ပင်လယ်ရေမျက်နှာပြင်အမြင့် ၂ ဆခွဲရှိလေသည်။ ယင်းသည် နေအဖွဲ့အစည်းတွင် အကြီးဆုံး မီးတောင်နှင့် အရှည်ဆုံးတောင်တစ်ခုလည်း ဖြစ်သည်။ အင်္ဂါဂြိုဟ်ပေါ်ရှိ မီးတောင်ကြီးများထဲတွင် သက်တမ်းအနုဆုံးဖြစ်ပြီး ၁၉ ရာစုနှောင်းပိုင်း နက္ခတ္တပညာရှင်များကြားတွင် သိရှိခဲ့သည်။ အာကာသယာဉ်များမှ အတည်ပြုချက် မရရှိသေးခင်ကတည်းက ယင်းအား တောင်တစ်ခုဟု သံသယဝင်ခြင်း ခံခဲ့ရသည်။[5] မီးတောင်သည် အင်္ဂါဂြိုဟ်၏ အနောက်ဘက်ခြမ်း 18.65°N 226.2°E / 18.65; 226.2 အနီးတွင် တည်ရှိပြီး Karzok crater နှင့် Pangboche crater ဟူ၍ မီးတောင်ပေါက်ဝ ၂ ခု တည်ရှိသည်။[6] မီးတောင်ပေါက်ဝများသည် အင်္ဂါဂြိုဟ်၏ ဥက္ကာခဲများ ပေါကြွယ်ဝသည့် ရင်းမြစ်များ ဖြစ်ကြသည်။[7]
အိုလံပတ်တောင်အား ဗိုက်ကင်း ၁ အာကာသယာဉ်မှ မြင်ရပုံ | |
ကိုဩဒိနိတ် | 18.65°N 226.2°E / 18.65; 226.2[1] |
---|---|
ဒိုင်မင်းရှင်းများ | နေအဖွဲ့အစည်းရှိ အရှည်ဆုံးတောင် |
အမြင့်ဆုံး | ၂၁,၂၈၇.၄ m (၆၉,၈၄၁ ft) above datum[2] ၂၆ km (၈၅,၀၀၀ ft) local relief ၂၆ km (၈၅,၀၀၀ ft) above plains[3] |
ရှာဖွေတွေ့ရှိသူ | မရီနာ ၉ |
Eponym | Latin – Mount Olympus |