အိုမူအာမူအာ
၂၀၁၇ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့ပြီး နေအဖွဲ့အစည်းကို ဖြတ်သန်းသွားသော ကြယ်တာရာကြားခံအရာဝတ / From Wikipedia, the free encyclopedia
အိုမူအာမူအာ (အင်္ဂလိပ်: ʻOumuamua) သည် အလယ်အလတ်အဆင့် တက်ကြွသော ကြယ်တံခွန် ဖြစ်ပြီး မိမိတို့ သိထားသည့် နေအဖွဲ့အစည်းမှ ပထမဆုံး ထွက်ခွာသွားမည့် ကြယ်တာရာကြားခံ အရာဝတ္ထု (interstellar object) ဖြစ်သည်။ ယင်းအား Robert Weryk ဆိုသူက ဟာဝိုင်အီရှိ Pan-STARRS တယ်လီစကုပ်ဖြင့် ၂၀၁၇ အောက်တိုဘာ ၁၉ တွင် ရှာဖွေတွေ့ရှိခဲ့သည်။ ပထမဆုံး မြင်တွေ့ချိန်၌ ယင်းသည် ကမ္ဘာမြေမှ ၃၃,၀၀၀,၀၀၀ ကီလိုမီတာ (၂၁,၀၀၀,၀၀၀ မိုင်) ကွာဝေးလျက်ရှိပြီး နေမှ ဝေးရာအရပ်သို့ ဦးတည်လျက် ရှိနေခဲ့သည်။
ʻOumuamua on 28 October 2017[မှတ်စု 1] | |
ရှာဖွေတွေ့ရှိခြင်း [2][3] | |
---|---|
ရှာဖွေတွေ့ရှိခဲ့သူ | Robert Weryk using Pan-STARRS 1 |
ရှာဖွေတွေ့ရှိသည့်ဆိုဒ် | Haleakala Obs., Hawaii |
ရှာဖွေတွေ့ရှိသည့် ရက်စွဲ | 19 October 2017 |
အသံထွက် | /oʊˈmuːəˈmuːə/ ( နားဆင်) |
အစွဲပြု၍ မှည့်ခေါ် | Hawaiian term for scout[4] |
အခြားအမည်များ | |
ဂြိုဟ်သိမ်စာရင်း | interstellar object[4] hyperbolic asteroid[7] |
ပတ်လမ်း ဂုဏ်အင်များ [7] | |
Epoch 2 November 2017 (JD 2458059.5) | |
လေ့လာရေး စက်ဝိုင်း | 34 days |
အနီးဆုံးပတ်လမ်း | 6999255340000000000♠0.25534±0.00007 AU |
ဆီမီး မေဂျာ ဝင်ရိုး | 7000127980000000000♠1.2798±0.0008 AU[Note 1] |
ပတ်လမ်း ဗဟိုကျမှု | 7000119951000000000♠1.19951±0.00018 |
ပျမ်းမျှ ပတ်နှုန်း | 7004263300000000000♠26.33±0.01 km/s (interstellar)[8] |
ပျမ်းမျှ မူမမှန်မှု | 36.425° |
ပတ်လမ်း တိမ်းစောင်းမှု | 122.69° |
Longitude of ascending node | 24.599° |
Argument of perihelion | 241.70° |
ကမ္ဘာ MOID | 0.0959 AU ၊ 37.3 LD |
ဂျူပီတာ MOID | 1.455 AU |
ရုပ်ပိုင်းဆိုင်ရာ ဂုဏ်အင်များ | |
ဒိုင်မင်းရှင်း | 230 × 35 × 35 m (est. at albedo 0.10)[9][10] |
လှည့်ပတ်ကာလ | Tumbling (non-principal axis rotation)[11] Reported values include: 7000810000000000000♠8.10±0.02 h[12] 7000810000000000000♠8.10±0.42 h[13] 7000696000000000000♠6.96+1.45 −0.39 h[14] |
Geometric albedo | 0.1 (spectral est.)[9] 0.06–0.08 (spectral est.)[13] |
ဥက္ကာခဲ အမျိုးအစား | D?[9] B–V = 6999700000000000000♠0.7±0.06[9] V-R = 6999450000000000000♠0.45±0.05[9] g-r = 6999470000000000000♠0.47±0.04[13] r-i = 6999360000000000000♠0.36±0.16[13] r-J = 7000120000000000000♠1.20±0.11[13] |
မြင်သာသော ပမာဏ | 19.7 to >27.5[8][Note 2] |
ပကတိ ပမာဏ (H) | 7001220799999999999♠22.08±0.445[7] |
အိုမူအာမူအာသည် ခန့်မှန်းခြေ (၈၀၀ × ၁၀၀ ပေ) ရှိပြီး နေအဖွဲ့အစည်းအပြင်ဘက်တွင် တွေ့ရသော အရာဝတ္ထုများကဲ့သို့ အရောင်မှာ နက်နီရောင် ရှိသည်။ အိုမူအာမူအာသည် နေအနီးသို့ ဖြတ်သွားသော်လည်း ကြယ်တံခွန်အမြီးတန်းကို မတွေ့ရပေ။ အိုမူအာမူအာသည် သတ္တုပါဝင်မှု ကြွယ်ဝပြီး သိပ်သည်းမှုလည်း များမည်ဟု ယူဆထားသည်။ နေကို တူရုပြု၍ အလွန်လျင်မြန်စွာ ရွေ့လျားသောကြောင့် နေအဖွဲ့အစည်းရှိ အိုမူအာမူအာ၏ ရင်းမြစ်နေရာအား ခြေရာခံရန် အခွင့်ရေး မရှိသကဲ့သို့ နေအဖွဲ့အစည်းရှိ ပတ်လမ်းဖြင့် စောင့်ဖမ်း၍လည်း မရနိုင်ပေ။ ယင်းကြောင့် အချိန်ကြာလာသည်နှင့်အမျှ နေအဖွဲ့အစည်းအပြင်ဘက်သို့ ထွက်ခွာသွားမည်ဖြစ်သည်။ အိုမူအာမူအာ၏ ကြယ်စနစ်နှင့် ကြယ်များကြား ဖြတ်သန်းခဲ့သည့်အချိန်များကိုမူ မသိရပေ။