အိုင်းပက် (ကွန်ပျူတာ)
အက်ပဲလ်၏ သင်ပုန်းကွန်ပျူတာမျိုးဆက် / From Wikipedia, the free encyclopedia
iPad (မြန်မာအသံထွက် အိုင်းပက်) သည် Apple Inc. မှ ကိုယ်ပိုင်ဒီဇိုင်းဖြင့် ထုတ်လုပ်ဖြန့်ချိ ရောင်းချသော သင်ပုန်းကွန်ပျူတာ အမျိုးအစားဖြစ်သည်။ အဓိကအားဖြင့် အရုပ်မြင် အသံကြားစနစ်များကို အသုံးပြုနိုင်ရန် ဖြစ်သည်။ ထို့အတူ အီလက်ထရောနစ်စာအုပ်များ၊ သီချင်းများ၊ ဂိမ်းများ အပြင် အင်တာနက်စာမျက်နှာများကိုလည်း၊ ကြည့်ရှုနိုင်စေ ရန်ဖန်တီးထားသည်။ iPad များကို ၂၀၁၀ခုနှစ် ဇန်နဝါရီလတွင် Apple Inc., မှ စတိဖ်ဂျော့ မှ စတင်မိတ်ဆက်ပေးခဲ့သည်။ အိုင်းပက်၏ အရွယ်အစား နှင့် အလေးချိန်မှာ smartphones များနှင့် laptop computer များကြားတွင်ရှိသည်။ အိုင်းပက်များ တွင် အသုံးပြုသော operating system သည် iPod နှင့် iPhone များတွင် အသုံးပြုသော operating system များနှင့်တူညီသောကြောင့် အိုင်းပက်အတွက် သီးသန့်ထုတ်လုပ်ထားသော Application Software များအပြင် iPhone မှ Application Software များကိုလည်း အိုင်းပက် တွင်အသုံးပြုနိုင်သည်။
11″ third-generation iPad Pro | |
ဖန်တီးသူ | Apple Inc. |
---|---|
ထုတ်လုပ်သူ |
|
ပစ္စည်းအမျိုးအစား | Tablet computer |
ဖြန့်ချီသည့်နေ့ | April 3, 2010 (1st generation) |
ရောင်းရသောအရေအတွက် | 500 million |
စက်မောင်းစနစ် | iOS (2010–2019) iPadOS (2019–present) |
ပါဝါ | Built-in rechargeable Li-Po battery |
သိုလှောင်နိုင်မှုစွမ်းအား | 16, 32, 64, 128, 256 or 512 GB or 1TB flash memory[1] |
ပြသပေးနိုင်မှု | 4:3 aspect ratio LED-backlit IPS LCD |
အသံ | Bluetooth, speaker, microphone, 3.5mm headphone jack (not available on the iPad Pro 12.9-inch 3G and 11 inch) |
Input | Multi-touch screen, headset controls, proximity and ambient light sensors, 3-axis accelerometer, digital compass 2 added: 3-axis gyro |
ကင်မရာ | Initially none, subsequent models include front and rear cameras |
ဆက်သွယ်နိုင်မှု | WiFi and Bluetooth, GSM (some models) |
အွန်လိုင်းဝန်ဆောင်မှု | |
ဆက်စပ်အမျိုးအစားများ | iPhone, iPod Touch (Comparison) |
ဝက်ဘ်ဆိုဒ် | apple.com/ipad |
အိုင်းပက်၏ operating system ကိုမွမ်းမံပြင်ဆင်ခြင်း မပြုပဲ အသုံးပြုပါက Apple Inc., မှ အသုံးပြုရန်ခွင့်ပြုထားသော မည်သည့် program မဆိုအသုံးပြုနိုင်သည်။ အိုင်းပက်များနှင့် iPhone များကဲ့သို့ပင် အိုင်းပက်သည် multi touch display များကိုအသုံးပြုပါသည်။ အခြား tablet computer များကဲ့သို့ဖိအားနှင့် သုံးရသည့် Stylus ဒစ်ဂျီတယ် ပင်များကို အသုံးပြုရန်မလိုပါ။ On Screen Keyboard ပါရှိသည့်အတွက် Keyboard ကိုအသုံးပြုရန်မလိုပါ။ Wi-Fi ဆက်သွယ်မှု ကိုအသုံးပြုသည့်အတွက် Local Area Network နှင့် Internet ကိုလည်း Wireless ကြည့်ရှုနိုင်သည်။ တချို့မော်ဒယ်များတွင် 3G စနစ်များကိုပါ အသုံးပြုနိုင်သည့် အတွက် HPSA နှင့် EV-DO အစရှိသော ဒေတာကွန်ယက်များကိုလည်း ချိတ်ဆက်နိုင်ပါသေးသည်။ iOS 5 ကိုအသုံးပြုပြီးနောက်ပိုင်းတွင်မူ USB ကိုအသုံးပြုပြီး၊ PC များနှင့် ချိတ်ဆက်ကာ iTune ဖြင့် synced လုပ်ရန်လည်းပဲ မလိုအပ်တော့ပါ။
အိုင်းပက်များကို ၂၀၁၀ခုနှစ် ဧပြီလတွင်စတင်ထုတ်လုပ် ရောင်းချခဲ့ပြီး ၃လ အတွင်းမှပင် အိုင်းပက်ပေါင်း ၃သန်းကျော်ကို ရောင်းချနိုင်ခဲ့သည်။ ၂၀၁၀ ခုနှစ် အတွင်းမှာပင် Apple Inc., မှ အိုင်းပက်ပေါင်း ၁၄.၈သန်းကို ကမာ္ဘအနှံ့အပြားတွင်ရောင်းချခဲ့သည်။
iPad 2 များကို ၂၀၁၁ မတ်လတွင်စတင်ထုတ်လုပ်ခဲ့ပြီး၊ ယနေ့အချိန်(၂၆၊၁၁၊၂၀၁၁) ထိ ၁၅သန်းမျှရောင်းချပြီးဖြစ်သည်။ တခြားသော tablet PC များထက်ပင် အိုင်းပက်များသည် ရောင်းအားကောင်းပါသည်။