အိုင်ဖုန်း ၆အက်စ်
From Wikipedia, the free encyclopedia
အိုင်ဖုန်း ၆အက်စ် နှင့် အိုင်ဖုန်း ၆အက်စ်ပလပ်စ် တို့သည် အက်ပဲ ကုမ္ပဏီမှ ထုတ်လုပ်သော စမတ်ဖုန်းများ ဖြစ်ကြသည်။ အဆိုပါ အိုင်ဖုန်းမော်ဒယ်အသစ် (၂) မျိုးကို အက်ပဲ၏ အမှုဆောင် အရာရှိချုပ် တင်ကွက်က ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့ ဆန်ဖရန်စစ်စကိုမြို့တွင် မိတ်ဆက်ပြသခဲ့သည်။ အိုင်ဖုန်း ၆ အက်စ် နှင့် အိုင်ဖုန်း ၆အက်စ်ပလပ်စ် တို့သည် ယခင် ၂၀၁၄ ခုနှစ်က ထွက်ရှိပြီးသော အိုင်ဖုန်း ၆ နှင့် အိုင်ဖုန်း ၆ပလပ်စ် တို့၏ အသစ်ထွက် မော်ဒယ်ဖြစ်သည်။ [1]
![]() | |
ဆော့ဝဲလ်ရေးသားသူ | Apple Inc. |
---|---|
ထုတ်လုပ်သူ | Foxconn |
ဆောင်ပုဒ် | အရာအားလုံးကို ပြောင်းလဲနိုင်စွမ်းရှိသော တစ်ခုတည်းသောအရာ |
ပထမဆုံး ဖြန့်ချီခြင်း | စက်တင်ဘာ ၂၅၊ ၂၀၁၅; ၈ နှစ် အကြာက (၂၀၁၅-၀၉-25) |
ရောင်းချရသည့် အရေအတွက် | ပထမ ရုံးပိတ်ရက်အတွင်း ၁၃ သန်း |
Form factor | Slate smartphone |
အတိုင်းအတာ | 6s: ၁၃၈.၃ mm (၅.၄၄ in) ၆၇.၁ mm (၂.၆၄ in)& ၇.၁ mm (၀.၂၈ in)& 6s Plus: ၁၅၈.၂ mm (၆.၂၃ in)& ၇၇.၉ mm (၃.၀၇ in)& ၇.၃ mm (၀.၂၉ in)& |
အလေးချိန် | 6S: ၁၄၃ g (၅.၀ oz) 6S Plus: ၁၉၂ g (၆.၈ oz) |
မောင်းနှင်စနစ် | Original: iOS 9 Current: iOS 15.0, released အောက်တိုဘာ ၂၁၊ ၂၀၁၅ (၂၀၁၅-၁၀-၂၁) |
ချပ်ပြားရှိစနစ် | Apple A9, Apple M9 motion coprocessor |
စီပီယူ | 1.8 GHz dual-core 64-bit ARMv8-A "Twister" |
ဂျီပီယူ | PowerVR GT7600 (six-core) |
မှတ်ဉာဏ်စွမ်းအား | 2 GB LPDDR4 RAM |
သိုမှီးနိုင်မှု | 16, 64, or 128 GB |
ဘက်ထရီ | 6S: 3.82 V 6.55 W·h (1715 mAh) Li-Po - 150 min charge time for an average of 8h 15 min use 6S Plus: 3.8 V 10.45 W·h (2750 mA·h) Li-Po - 165 min charge time for an average of 9h 11 min use |
ဖန်သားပြင် | 6S: ၄.၇ in (၁၂၀ mm) 6S Plus: ၅.၅ in (၁၄၀ mm) |
အနောက် ကင်မရာ | 12 MP (1.22 μm) |
ရှေ့ကင်မရာ | 5 MP, |
အသံ | Mono speaker, 3.5 mm TRS connector |
နားကြား အကူအညီ | M3, T4 |
ဝက်ဘ်ဆိုဒ် | apple.com/iphone-6s/ |
အိုင်ဖုန်း ၆အက်စ် နှင့် အိုင်ဖုန်း ၆အက်စ်ပလပ်စ် တို့သည် ၎င်းတို့၏ ယခင်မော်ဒယ်တွေထက် အမာထည်ပစ္စည်းများ ပိုမိုကောင်းမွန်အောင် ပြုလုပ်ထားရှိသည်။ ဖိအား အာရုံခံနိုင်စွမ်း ဖန်သားပြင်၊ 3D ထိတွေ့မှု၊ အနောက်ဘက် နှင့် အရှေ့ဘက် ကင်မရာ အဆင်မြှင့်တင်မှု၊ ပရောဆက်ဆာ ပိုမိုမြန်ဆန်လာမှု တို့ဖြင့် အဆင်မြှင့်တင်ခဲ့သည်။ ယခင်ရှိပြီးသား အနက်ရောင်၊ ငွေရောင်၊ ရွှေရောင်တို့အပြင် နှင်းဆီရွှေရောင်ကိုပါ အသစ် ထပ်မံထုတ်လုပ်ခဲ့သည်။ အိုင်ဖုန်း ၆အက်စ် နှင့် အိုင်ဖုန်း ၆အက်စ်ပလပ်စ်တို့ကို အသစ်ထုတ်လုပ်လိုက်သော လည်ပတ်မှုစနစ် အိုင်အိုအက် ၉.၀ ဖြင့် စတင်ရောင်းချခဲ့သည်။
ပထမဆုံး ရောင်းချခဲ့ရသည့် ပိတ်ရက်အတွင်းမှာကို အိုင်ဖုန်း ၆အက်စ် နှင့် ၆အက်စ်ပလပ်စ် စုစုပေါင်း (၁၃) သန်း ရောင်းချခဲ့ရသည်။ ပြီးခဲ့သော နှစ်က အိုင်ဖုန်း ၆ နှင့် အိုင်ဖုန်း ၆ ပလပ်စ် မှာ (၁၀) သန်းသာ ရောင်းချခဲ့ရသည်။[2]