အားကစားကွင်း
From Wikipedia, the free encyclopedia
အားကစားကွင်း (အင်္ဂလိပ်: Stadium)ဆိုသည်မှာ အားကစားနည်းများ (အထူးသဖြင့် ရုံတွင်းမဟုတ်ပဲ ရုံပြင်ပတွင်ဆော့ရသော အားကစားနည်းများ ဥပမာ-ဘောလုံး)၊ ဖျော်ဖြေပွဲများနှင့် အခြားပွဲစဉ်များအတွက် တည်ဆောက်ထားသော အဆောက်အဦးဖြစ်သည်။ထိုအဆောက်အဦးတွင် ကွင်းပြင် သို့မဟုတ် စင်မြင့်ပါပြီး ၎င်းကို ပွဲကြည့်စင်များက ဝန်းရံထားသည်။[1]
အားကစားကွင်းအများစုသည် ဘောလုံးအားကစားနည်းအတွက် အသုံးပြုလေ့ရှိကြသည်။အချို့မှာမူ ခရစ်ကတ်၊ ဘေ့စ်ဘော၊ ကွင်းပြင်ဟော်ကီ စသည့် အားကစားနည်းများအတွက် အသုံးပြုကြသည်။အားကစားကွင်းအချို့တွင် ပွဲကြည့်စင်နှင့် ကွင်းပြင်အကြားတွင် ပြေးလမ်းများပါပြီး ပြေးခုန်ပစ်အားကစားနည်းအတွက် အသုံးပြုကြသည်။
အားကစားကွင်းများတွင် ဖျော်ဖြေပွဲများကိုပါ ကျင်းပလေ့ရှိသည်။