![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/6/66/Alad.jpg/640px-Alad.jpg&w=640&q=50)
အာလာဒင်
အရှေ့အလယ်ပိုင်း ရိုးရာပုံပြင် / From Wikipedia, the free encyclopedia
အာလာဒင် (အင်္ဂလိပ်: Aladdin; အာရပ်: علاء الدين , /အာလားဒင်/ ၊ /အာလာ့အို့ဒင်း/ ) သည် ရိုးရာပုံပြင်တစ်ပုဒ်ဖြစ်၍ ဖြစ်နိုင်ခြေအများဆုံးမှာ အရှေ့အလယ်ပိုင်း၏ မူရင်းစာပေဖြစ်နိုင်သည်။ မူလ အာရေးဘစ်စာပေဖြစ်သော 'တစ်ထောင့်တစ်ည' (အာရေးဘီးယန်းညများ) စာအုပ်၏ အပိုင်းတစ်ခုမဟုတ်သော်လည်း ယင်းစာစုနှင့် ဆက်စပ်ပြီး လူသိအများဆုံးဖြစ်သည်။ ပြင်သစ်သား အော်န်ထွိန်း ဂဲလွန် (Antoine Galland) က ဆီးရီးယားနယ်ဘက်မှ ခရစ်ယာန် မဲရန်နိုက်ဂိုဏ်း ပုံပြောသူ ဟာနာ ဒီယတ်ဘ် ဆီမှ ရယူကာ ဤပုံပြင်ကို ပြင်သစ်ဘာသာပြန် တစ်ထောင့်တစ်ညပုံပြင် (Les mille et une nuits) တွင် ပေါင်းထည့်ခဲ့သည်။[1]
အချက်တိုများ အာလာဒင်နှင့် အံ့ဖွယ်မီးခွက်, ရိုးရာပုံပြင် ...
အာလာဒင်နှင့် အံ့ဖွယ်မီးခွက် | |
---|---|
![]() အာလာဒင် ဂူအတွင်၌ အံ့ဖွယ်မီးခွက်ဆန်းကို ရှာတွေ့ပုံ။ | |
ရိုးရာပုံပြင် | |
အမည် | အာလာဒင်နှင့် အံ့ဖွယ်မီးခွက် |
အချက်အလက် | |
Aarne-Thompson အရ အုပ်စုခွဲခြင်း | ATU 561 (Aladdin) |
ဒေသ | အာရေဗျကျွန်းဆွယ် |
ထုတ်ဝေခြင်း | အော်န်ထွိန်း ဂဲလွန် ဘာသာပြန်သော တစ်ထောင့်တစ်ညပုံပြင်များ စာအုပ်။ |
ပိတ်ရန်