ပီရူးလူမျိုး နိုင်ငံရေးသမား From Wikipedia, the free encyclopedia
ပီရူးနိုင်ငံသမ္မတ အာလန်ဂါစီယာ ပဲရက်ဇ်ကို (1949-2019) ၁၉၄၉-ခုနှစ် မေလ ၂၃ ရက်နေ့တွင် ပီရူးနိုင်ငံ လီမာမြို့တော်တွင် မွေးဖွားသည်။ လီမာမြို့ စန်မားကော့စ် တက္ကသိုလ်မှ ဥပဒေဘွဲ့ကို ရရှိခဲ့ပြီးနောက် စပိန်နိုင်ငံ မက်ဒရစ်မြိုနှင့် ပြင်သစ်နိုင်ငံ ပါရီမြို့တို့ရှိ တက္ကသိုလ်များတွင် ဥပဒေနှင့် လူမှုရေး သိပ္ပံပညာဘွဲ့လွန် သင်တန်းများကို တက်ရောက်ဆည်းပူးခဲ့သည်။ ၁၉၇၈-ခုနှစ်တွင် ပီရူးနိုင်ငံသို့ ပြန်လည်ရောက်ရှိလာ၍ ပီရူးနိုင်ငံ၏လက်ရှိအခြေခံဥပဒကို ရေးဆွဲပြဋ္ဌာန်းသော ဥပဒေပြု လွှတ်တော်တွင် အမတ်အဖြစ် ရွေးချယ်တင်မြှောက်ခဲ့ရသည်။
ဂါစီယာပဲရက်ဇ်သည် အလျံဇာ ပေါ်ပြူလာ ရီဗော်လူစီ ယွန်နာရီယာအမေရိကာနာ (အေပီအာရ်အေ) ပါတီ၏ အထွေထွေအတွင်းရေးမှူးအဖြစ် ၁၉၈၂ ခုနှစ်တွင် ရွေးချယ်တင်မြှောက်ခံ ရသည်။ ဂါစီယာ၏အတိုက် အခံများက ဂါစီယာသည် နိုင်ငံရေး အတွေ့အကြုံနည်းပြီး စီမံအုပ်ချုပ်မှု အတွေ့အကြုံ လုံးဝမရှိကြောင်းဖြင့်ဝေ ဖန်တိုက်ခိုက်ကြသော်လည်း ထောက်ခံသူတို့ကမူယင်း အားနည်းချက်သည် ပင်လျှင် အင်အားတစ်ရပ်ဖြစ်လာပြီး အစဉ်အလာအရ စစ်တပ်နှင့် အပြည်ပြည်ဆိုင်ရာ ဘဏ်လုပ်ငန်းရှင်များ၏ ဖိအားပေးမှုကို လုံးဝဒူးထောက် အညံ့ခံမည့်သူ မဟုတ်ဟူ၍ ယုံကြည်ကြသည်။ စပိန်ဝန်ကြီးချုပ် ဖိလစ်ဂွန် ဇာလေ့မား ကွက်စ် ကဲ့သို့ပင် သဘောတရားထက် နိုင်ငံရေးအရ လက်တွေ့ဗျူဟာကို ဦးစားပေးတတ်သူ ဖြစ်သည်ဟု ဆိုကြသည်။ သို့ဖြင့် ၁၉၈၅-ခုနှစ် ဧပြီလ ၁၄ ရက်နေ့က ကျင်းပသော ရွေးကောက်ပွဲတွင်ထောက်ခံမဲ ၄၅ ဒသမ ၇ ရာခိုင်နှုန်းဖြင့် ဦးဆောင်ခဲ့သည်။
မဲထက်ဝက်မကျော်၍ ဒုတိယအကြိမ် ရွေးကောက်ပွဲ ယှဉ်ပြိုင်ရန်ရှိသော်လည်း မဲအရေအတွက် ဒုတိယအများဆုံး ရသူက နုတ်ထွက်သွား၍ ဇွန်လ ၁ ရက်နေ့တွင်သမ္မတအသစ်အဖြစ်ရွေးချယ်တင်မြှောက် ခံခဲ့ရခြင်းဖြစ်သည်။ အေပီအာရ်အေပါတီသည်ပီးရူးနိုင်ငံတွင် ဝါအရင့်ဆုံး နိုင်ငံရေးပါတီကြီး ဖြစ်သော်လည်း ဂါစီယာ ပဲရက်ဇ်သည်သာ သမ္မတအဖြစ် ပထမဆုံးရွေးချယ် တင်မြှောက်ခံရသော အေပီအာရပ်အေ ပါတီခေါင်း ဆောင်ဖြစ်သည်။
ပီရူးနိုင်ငံတွင် ဒီမိုကရေစီအရ ရွေးချယ်တင်မြှောက် ခံထားရသောသမ္မတ တစ်ဦး၏ နေရာတွင် အနှစ် ၄ဝကျော် ကာလအတွင်းပထမဆုံး အကြိမ်အဖြစ် ဒီမိုကရေစီနည်းအရ ဆက်ခံခွင့်ရသူဖြစ်လာသည်။
သမ္မတ ဂါစီယာသည် ပြည်ပပို့ကုန်မှ ရသောဝင်ငွေ၏ ၁ဝ ရာခိုင်နှုန်းကိုသာ ပြည်ပကြွေးမြီး ဆပ်မည်ဟု ၁၉၈၅ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့တွင် ကြေညာခဲ့သည်။ ပြည်ပ ကြွေးမြီဒေါ်လာသန်းပေါင်း ၁၄ယ၇ဝဝတင် ရှိသော ပီရူးနိုင်ငံ၏ အကျိုးစီးပွားအတွက် ထူးခြားသော အစီအမံဖြစ်သည်ဟုဆိုသည်။၁၉၈၇-ခုနှစ် ဩဂုတ်လတွင် ပုဂ္ဂလိကပိုင် ဘဏ် ၁ဝ ခု၊ ဘဏ္ဍာရေးကုမ္ပဏီ ခြောက်ခုနှင့် အာမခံကုမ္ပဏီ ၁၇ ခုတို့ကို နိုင်ငံပိုင်သိမ်းယူရန် စီစဉ်ခဲ့ပြန်သည်။ ယခင်က ရေနံတင်သွင်း နေရသောပီရူးနိုင်ငံသည် ဂါစီယာ၏ လက်ထက်တွင် ပြည်ပသို့တင်ပို့ရောင်းချနိုင်သော နိုင်ငံအဖြစ်သို့ ရောက်ရှိလာသည်။ [1]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.