![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/b/b6/Four_Asian_Tigers.svg/langmy-640px-Four_Asian_Tigers.svg.png&w=640&q=50)
အာရှ ကျားလေးကောင်
ထိုင်ဝမ်၊ တောင်ကိုရီးယား၊ ဟောင်ကောင်နှင့် စင်ကာပူနိုင်ငံတို့ဖြစ်ပြီး ထိုနိုင်ငံတို့သည် ၁ / From Wikipedia, the free encyclopedia
အာရှကျားလေးကောင် (သို့) အာရှနဂါးလေးကောင် ဆိုသည့် ဝေါဟာရသည် အာရှမှ
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/b/b6/Four_Asian_Tigers.svg/320px-Four_Asian_Tigers.svg.png)
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/1/18/Hong_Kong_Night_Skyline.jpg/640px-Hong_Kong_Night_Skyline.jpg)
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/a/a2/Singapore_Panorama_v2.jpg/640px-Singapore_Panorama_v2.jpg)
စသည့် ဒေသများ၏ ကောင်းမွန်စွာ တိုးတက်လျက်ရှိသော စီးပွားရေး အခြေအနေကို ညွှန်းဆိုသည်။
ဤဒေသများသည် ၁၉၆၀ ခုနှစ်မှ ၁၉၉၀ ခုနှစ်များအကြား စီးပွားရေး တရှိန်ထိုး တိုးတက်လာခြင်းကြောင့် အများက အာရုံစိုက်လာသည့် အသစ်ပေါ်ထွန်းလာသော စက်မှုနိုင်ငံများဖြစ်သည်။ ယနေ့ခေတ်တွင် ဤဒေသများ၏ စီးပွားရေး တိုးတက်နှုန်း လျင်မြန်နေဆဲ ဖြစ်သော်လည်း လက်ရှိတွင် ဒီ့ထက် တိုးတက်နှုန်းကောင်းမွန်သည့် အာရှ အခြားနိုင်ငံများကို လူအများ ပိုမို စိတ်ဝင်စားလာကြပြီ ဖြစ်သည်။
အာရှကျားလေးကောင်မှ လုပ်သားများသည် အဆင့်မြင့် ပညာအရည်အချင်းရှိပြီး နည်းပညာအရ ကျွမ်းကျင်သူများ ဖြစ်ကြသောကြောင့် ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားသည်။ ဥပမာအားဖြင့် ဟောင်ကောင်နှင့် စင်္ကာပူနိုင်ငံတို့သည် ကမ္ဘာတွင် ရှေ့ပြေးနေသည့် ဘဏ္ဍာရေး လုပ်ငန်း အချက်အချာ ဖြစ်လာသည့်အလျောက် တောင်ကိုရီးယားနှင့် ထိုင်ဝမ်တို့သည် အိုင်တီလုပ်ငန်း (Information Technology) တွင် ဦးဆောင်သူများ ဖြစ်လာသည်။ ဤနှစ်နိင်ငံ၏ အောင်မြင်မြု အတွေ့အကြုံကို ဟန်မြစ်ပေါ်မှ အံ့ဖွယ်တိုးတက်မှုနှင့် ထိုင်ဝမ်၏ အံ့ဖွယ်တိုးတက်မှုဟု တင်စားပြောဆိုလာကြပြီး အခြားနိုင်ငံများအတွက် စံနမူနာ ဖြစ်လာသည်။ [1][2][3]