အာရမ္မဏပစ္စည်း
From Wikipedia, the free encyclopedia
From Wikipedia, the free encyclopedia
[1] စိတ်စေတသိက် တရားတို့အား အာရုံ၏အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရား၊ (ရူပါရုံ သဒ္ဒါရုံ-စသော အာရုံခြောက် ပါးတည်း)။ [2] [3]
အာရမ္မဏသည် အလွန်ပျော်စရာကောင်းသော နေရာဟု အဓိပ္ပါယ်ရ၏။ အပင်မျိုးစုံ စိုက်ပျိုးထားသော ဥယျာဉ်သည် နေချင်စဖွယ် ဖြစ်သလို ရူပါစသော အာရုံများသည် စိတ်စေတသိက်တို့၏ ပျော်စရာသတ္တိထူး ရှိကြလေသည်။ ထို့ကြောင့် စိတ် စေတသိက်တို့သည် အာရုံနှင့်ကင်းပြီး မဖြစ်နိုင်။ အာရုံသည် စိတ်စေတသိက်တို့ကို မခွဲနိုင်လောက်အောင် ဆွဲဆောင်နိုင်ခြင်းသည် အာရမ္မဏသတ္တိမည်၏။ အာလမ္ဗဏသည် ဆွဲကိုင်စရာဟု အဓိပ္ပါယ်ရသည်။ မသန်မစွမ်းသူတို့သည် တုတ်,တောင်ဝှေး,ကြိုးတမ်းကို ဆွဲကိုင်ပြီး ထကြရ သွားကြရ ရပ်ကြရသလို အာရုံတို့သည်လည်း စိတ်စေတသိက်တို့၏ ဆွဲမှီစရာဖြစ်၍ အာရုံတို့သည် အာလမ္ဗဏသတ္တိ ရှိ၏။
ပစ္စည်း | ပစ္စယုပ္ပန် | ပစ္စနိက် |
ပစ္စုပ္ပန် အတိတ် အနာဂတ်ဖြစ်သော
စိတ်-၈၉၊ စေ-၅၂ ၊ရုပ်-၂၈ ကာလဝိမုတ်ဖြစ်သော နိဗ္ဗာန် ပညတ် |
စိတ်-၈၉၊ စေ-၅၂၊ | ရုပ် ၂၈ |
ဖြစ်ပေါ်နေစဉ် ‘ဥပါဒ် ဌီ ဘင်’ အားဖြင့် ထင်ရှားရှိသော အာရုံကို ပစ္စုပ္ပန်ဟု ခေါ်သည်။ ‘ဥပါဒ် ဌီ ဘင်’ စေ့၍ ပျက်ပြီးလျှင် အတိတ်အာရုံဟု ခေါ်သည်။ အကြောင်းညီညွတ်လျှင် ဧကန်ဖြစ်မည့်အာရုံကို အနာဂတ်ဟု ခေါ်သည်။ စိတ်-၈၉, စေ-၅၂, ရုပ် ၂၈ တို့သည် ပစ္စုပ္ပန် အတိတ် အနာဂတ် ကာလသုံးမျိုး အမည်ရနိုင်သည်။ ကာလသုံးမျိုးမှ လွတ်သော အာရုံသည် ကာလဝိမုတ်မည်၏။ ပညတ်နှင့် နိဗ္ဗာန်သည် ကာလသုံးပါးမှ လွတ်၏။ မောင်ဖြူ, မောင်မဲ, အိမ်, ကျောင်းစသည့် ပညတ်တွေကို တရားကိုယ်ရှာကြည့်သည့်အခါ ဘာမျှမတွေ့ရ၊ စိတ် စေတသိက် ရုပ်ကိုသာ တွေ့ရမည်။ ထို့ကြောင့် နာမည် ပညတ်ကို တရားကိုယ် မရှိ၍ ဖြစ်ခြင်း(ဥပါဒ်) သဘောမရှိရကား ဖြစ်ဆဲ ပစ္စုပ္ပန်စသည်ဖြင့် ခေါ်မရ၊ ကာလဝိမုတ်ဟုသာ ခေါ်သည်။ နိဗ္ဗာန်သည် ပရမတ္ထအားဖြင့် တကယ်အရှိတရားဖြစ်သော်လည်း ဖြစ်ပျက်သဘောမရှိ၍ ကာလဝိမုတ်သာ ဖြစ်သည်။ [4]
လောက၌ ရှိသမျှ သိစရာ(အာရုံ)အားလုံးကို စိတ်, စေတသိက်, ရုပ်, နိဗ္ဗာန်, ပညတ် ဟု ငါးမျိုးသာ ရှိလေသည်။ ၎င်းသိစရာ ငါးမျိုးသည် အာရမ္မဏသတ္တိ ရှိသော တရားများဖြစ်သည်။ ၎င်း ငါးမျိုးကို ခွဲလျှင် - ရုပ် ၂၈ ပါးမှ
အာရုံ ၆-ပါး ရသည်။ ၎င်းအာရုံ ၆-ပါးသည် အာရမ္မဏသတ္တိ ရှိသောတရားများဖြစ်ကြသည်။
အာရုံ(အကြောင်း-ပစ္စည်း) | အာရမ္မဏိက(အကျိုး-ပစ္စယုပ္ပန်) |
၁။ ကာမစိတ်-၅၄၊ စေတသိက်-၅၂၊ ရုပ်-၂၈ | တဒါရုံ-၁၁၊ ဟသိတုပ္ပါဒ်-၁ |
၂။ လောကီစိတ်-၈၁၊ စေ-၅၂၊ ရုပ်-၂၈၊ ပညတ် | အကုသိုလ်စိတ်-၁၂၊ မဟာကုသိုလ်, မဟာကြိယာ ဉာဏဝိပ္ပယုတ်-၈ |
၃။ အရဟတ္တမဂ်, အရဟတ္တဖိုလ်ကြဉ်စိတ် ၈၇၊ စေ-၅၂၊ ရုပ်-၂၈ နိဗ္ဗာန်, ပညတ် | မဟာကုသိုလ် ဉာဏသမ္ပယုတ်-၄ |
၄။ စိတ်-၈၉၊ စေ-၅၂၊ ရုပ်-၂၈၊ နိဗ္ဗာန်၊ ပညတ် | မဟာကြိယာ ဉာဏသမ္ပယုတ်-၄၊ မနောဒွါရာဝဇ္ဇန်း-၁ |
၁။ ဒူရ, ပဋိစ္ဆန္န, သဏှ, သုခုမ ပစ္စုပ္ပန်ရူပါရုံ | ဒိဗ္ဗစက္ခုအဘိညာဉ်
(ရူပါဝစရကုသိုလ်/ကြိယာပဉ္စမဈာန်စိတ်) |
၂။ ဒူရ, ပဋိစ္ဆန္န, သဏှ, သုခုမ ပစ္စုပ္ပန်သဒ္ဒါရုံ | ဒိဗ္ဗသောတအဘိညာဉ်
(ရူပါဝစရကုသိုလ်/ကြိယာပဉ္စမဈာန်စိတ်) |
၃။ ရူပကုသိုလ်/ကြိပဉ္စမဈာန်-၁၊ သတသဟဿ
စသော နိမ္မိတရုပ်ဟုဆိုအပ်သော အာရုံ ၆-ပါး |
ဣဒ္ဓိဝိဓကြိယာအဘိညာဉ်
(ရူပါဝစရကုသိုလ်/ကြိယာပဉ္စမဈာန်စိတ်) |
၄။ လွန်ပြီးသော ၇-ရက်မှစ၍ လာလတံ့သော
၇-ရက်တိုင်အောင် ကာလသုံးပါးဖြစ်သော အရဟတ္ထမဂ်/ဖိုလ် ကြဉ် သူတပါးစိတ်-၈၇ |
စေတောပရိယကုသိုလ်အဘိညာဉ် |
၅။ လွန်ပြီးသော ၇-ရက်မှစ၍ လာလတံ့သော
၇-ရက်တိုင်အောင် ကာလသုံးပါးဖြစ်သော သူတပါးစိတ်-၈၉ |
စေတောပရိယကြိယာဘိညာဉ် |
၆။ ပုဗ္ဗေနိဝုဋ္ဌဖြစ်သော အရဟတ္ထမဂ်/ဖိုလ်ကြဉ်
စိတ်-၈၇၊ စေ-၅၂၊ ရုပ်-၂၈ ဟုဆိုအပ်သော ခန္ဓာ ၅-ပါး၊ ခန္ဓာ ၅-ပါးမှ လျှောက်၍ သိအပ်သော နိဗ္ဗာန်, အမျိုးအမည် ပညတ် |
ပုဗ္ဗေနိဝါသာနုဿတိကုသိုလ်အဘိညာဉ် |
၇။ ပုဗ္ဗေနိဝုဋ္ဌဖြစ်သော စိတ်-၈၉၊ စေ-၅၂၊
ရုပ်-၂၈ ဟုဆိုအပ်သော ခန္ဓာ ၅-ပါး၊ ခန္ဓာ ၅-ပါးမှ လျှောက်၍ သိအပ်သော နိဗ္ဗာန်, အမျိုးအမည် ပညတ် |
ပုဗ္ဗေနိဝါသာနုဿတိကြိယာအဘိညာဉ် |
၈။ အတိတ်ဖြစ်သော လောကီကုသိုလ်, အကုသိုလ်ကံ | ယထာကမ္မူပဂကုသိုလ်/ကြိယာအဘိညာဉ် |
၉။ အနာဂတ်ဖြစ်သော အရဟတ္ထမဂ်/ဖိုလ်ကြဉ်
စိတ်-၈၇၊ စေ-၅၂၊ ရုပ်-၂၈ ဟုဆိုအပ်သော ခန္ဓာ ၅-ပါး၊ ခန္ဓာ ၅-ပါးမှ လျှောက်၍ သိအပ်သော နိဗ္ဗာန်, အမျိုးအမည် ပညတ် |
အနာဂတံသကုသိုလ်အဘိညာဉ် |
၁၀။ အနာဂတ်ဖြစ်သော စိတ်-၈၉၊ စေ-၅၂၊
ရုပ်-၂၈ ဟုဆိုအပ်သော ခန္ဓာ ၅-ပါး၊ ခန္ဓာ ၅-ပါးမှ လျှောက်၍ သိအပ်သော နိဗ္ဗာန်, အမျိုးအမည် ပညတ် |
အနာဂတံသကြိယာအဘိညာဉ် |
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.