![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/9/9d/Afro-Eurasia_%2528orthographic_projection%2529_political.svg/langmy-640px-Afro-Eurasia_%2528orthographic_projection%2529_political.svg.png&w=640&q=50)
အာဖရို-ယူရေးရှား
အာဖရိက၊ဥရောပနှင့်အာရှပါဝင်သောအရပ် / From Wikipedia, the free encyclopedia
ကမ္ဘာဟောင်း ဟုခေါ်ဆိုကြသော အာဖရို-ယူရေးရှား (အေဖရိုယူရေးရှား၊ ယူရာဖရေးရှား[3] သို့ ယူဖရေးရှား[4]) သည် အရှေ့ကမ္ဘာခြမ်းတွင် တည်ရှိသော ကမ္ဘာပေါ်ရှိ အကြီးဆုံးသော ကုန်းမြေဖြစ်သည်။ ဆူးအက်ကျွန်းဆက်ဖြင့် ဆက်စပ်နေသော အာဖရိက နှင့် ယူရေးရှား (ဥရောပနှင့် အာရှ) နှစ်ခုကို ပေါင်းစပ်၍ ခေါ်ဆိုထားခြင်းဖြစ်သည်။ စူပါတိုက် ဟူ၍လည်း ခေါ်ဆိုကြသေးသည်။ အာဖရို-ယူရေးရှား သည် ဧရိယာစုစုပေါင်း ၈၄၉၈၀၅၃၂ စတုရန်းကီလိုမီတာ ကျယ်ဝန်းကာ လူဦးရေ သန်း ၆ ထောင်ခန့် (ကမ္ဘာ့လူဦးရေ၏ ၈၅% ခန့်) နေထိုင်ကြသည်။[5] အမေရိက၊ အန္တာတိက နှင့် အိုရှန်းနီးယား တို့အား ကမ္ဘာသစ် ဟု ခေါ်ဆိုသကဲ့သို့ အာဖရို-ယူရေးရှား ကို ကမ္ဘာဟောင်း ဟူ၍ ခေါ်ဆိုကြလေသည်။
အချက်တိုများ ဧရိယာ, လူဦးရေ ...
![]() | |
ဧရိယာ | ၈၄,၉၈၀,၅၃၂ စတုရန်း ကီလိုမီတာ (၃၂,၈၁၁,၁၆၆ စတုရန်းမိုင်) |
---|---|
လူဦးရေ | ၆,၁၅၁,၈၁၀,၀၀၀ (၂၀၁၃) |
Demonym | Afro-Eurasian, Afroeurasian, Eurafrasian |
နိုင်ငံများ | ၁၄၇ |
အမှီအခိုနယ်မြေများ | ၁၇ |
ဘာသာစကားများ | ၄,၇၂၅[1][2] |
အချိန်ဇုန်များ | UTC-1 (Cap-Vert) UTC+12 (ဆိုက်ဘေးရီးယား) |
ပိတ်ရန်