![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/1/17/African_Great_Lakes.svg/langmy-640px-African_Great_Lakes.svg.png&w=640&q=50)
အာဖရိကရှိ ရေကန်ကြီးများ
From Wikipedia, the free encyclopedia
အဖရိကရှိ ရေကန်ကြီးများ သည် အရှေ့အာဖရိကအက်ကြောင်းဒေသ ပတ်ဝန်းကျင်နှင့် အက်ကြောင်းလွင်ပြင်ရှိ အစိတ်အပိုင်းရှိ ကန်များ ဖြစ်သည်။ ၎င်းကန်များတွင် ဗစ်တိုးရီးယားကန်လည်း ပါဝင်သည်။ ဗစ်တိုးရီးယားကန်သည် ကမ္ဘာပေါ်တွင် ထုထည်နှင့် အနက်အားဖြင့် ကမ္ဘာပေါ်တွင် ဒုတိယမြောက်အကြီးဆုံး သန့်ရှင်းကြည်လင်သည့် ရေကန်တစ်ခု ဖြစ်သည်။ ထို့အပြင် မာလဝီကန်သည်လည်း ဧရိယာအားဖြင့် ကမ္ဘာပေါ်တွင် ရှစ်ခုမြောက်အကြီးဆုံး သန့်ရှင်းကြည်လင်သည့်ရေကန်တစ်ခု ဖြစ်သည်။ [1]စုပေါင်းလိုက်မည်ဆိုပါက ၎င်းကန်များတွင် ရေသည် 31,000 km3 (7400 cu mi) ပါဝင်သည်။ ၎င်းသည် ဘိုင်ကယ်ကန် သို့မဟုတ် မြောက်အမေရိကရှိ ကန်များထက် ပိုမိုများပြားသည့် ပမာဏ ဖြစ်သည်။ ၎င်းအရေအတွက်သည် ဤကမ္ဘာဂြိုဟ်၏ မအေးခဲသည့် ရေမျက်နှာပြင်၏ ၂၅ ရာခိုင်နှုန်း ရှိသည်။ အာဖရိက၏ အက်ကြောင်းရှိ ကန်ကြီးများသည် ရှေးယခင်ကတည်းက သက်ရှိများ မှီတင်းနေထိုင်ခဲ့ရာ ဖြစ်ပြီး ကမ္ဘာ့ငါးမျိုးစိတ်၏ ၁၀ ရာခိုင်နှုန်းသည် ထိုဒေသတွင် နေထိုင်ကြသည်။
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/1/17/African_Great_Lakes.svg/640px-African_Great_Lakes.svg.png)
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/0/01/MapGreatRiftValley.png/640px-MapGreatRiftValley.png)
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/2/2c/GreatLakesAfrica.jpg/220px-GreatLakesAfrica.jpg)
အာဖရိကကန်ကြီးများ တည်ရှိသည့်ကန်များတွင် ကွန်ဂိုနိုင်ငံ၊ ဘူရွန်ဒီနိုင်ငံ၊ အီသီယိုးပီးယားနိုင်ငံ၊ ကင်ညာနိုင်ငံ၊ မိုဇမ်ဘစ်နိုင်ငံ၊ မာလဝီနိုင်ငံ၊ ရဝမ်ဒါနိုင်ငံ၊ ဇမ်ဘီယာနိုင်ငံ၊ တန်ဇန်းနီးယားနိုင်ငံနှင့် ယူဂန်ဒါနိုင်ငံ တို့ ဖြစ်သည်။[2]