အာဖဂန်နစ္စတန် အစ္စလာမ်သမ္မတနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် From Wikipedia, the free encyclopedia
အာဖဂန်နစ္စတန်နိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်သည် ၂၀ ရာစုအစပိုင်းမှစ၍ အာဖဂန်နစ္စတန်နိုင်ငံ၏ အလံပေါ်တွင် ပါဝင်လာခဲ့သည်။ အထိမ်းအမှတ်တံဆိပ်၏ နောက်ဆုံးသော ပုံတွင် အာရပ်ဘာသာစကားဖြင့် Shahada ကို ရေးထိုးထားသည်။ ထိုစာသား၏ အောက်တွင် မုခ်ပေါက်(Mihrab)နှင့် တရားဟောစင်မြင့်(Minbar) တို့ပါဝင်သော ဗလီပုံပါရှိသည်။[1] ဗလီကိုတွဲလျက် အာဖဂန်နစ္စတန်နိုင်ငံ၏ အလံကို လွှင့်ထူထားသည်။ ဗလီ၏ အောက်၌ ရေးထိုးထားသောစာမှာ နိုင်ငံ၏ အမည်ဖြစ်သည်။ ဗလီအား ဂျုံနှံတို့ဖြင့် ဝန်းရံထားပြီး ၎င်းအောက်တွင် ဗြိတိသျှလက်အောက်မှ အာဖဂန်နစ္စတန်နိုင်ငံ လွတ်လပ်ရေးရရှိခဲ့သည့် ခုနှစ်ဖြစ်သော ဟိုက်ဂျရီနေပြက္ခဒိန်နှစ် ၁၂၉၈ ခုနှစ် (ဂရီဂေါရီးယန်းပြက္ခဒိန်၌ ၁၉၁၉ ခုနှစ်)ကို ရေးထိုးထားသည်။
အာဖဂန်နစ္စတန်နိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် | |
---|---|
အသေးစိတ် အချက်အလက်များ | |
အသုံးပြုသူ | အာဖဂန်နစ္စတန် အစ္စလာမ်မစ်သမ္မတနိုင်ငံ |
စတင်အသုံးပြုခြင်း | ၂၀၁၃ |
အရံများ | ဂျုံ |
ဆောင်ပုဒ် | لَا إِلٰهَ إِلَّا ٱلله مُحَمَّدٌ رَسُولُ ٱلله (shahada) |
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.