အလွယ်တကူ ပြုပြင်စားသုံးနိုင်သော အစားအစာ
From Wikipedia, the free encyclopedia
အလွယ်တကူ ပြုပြင်စားသုံးနိုင်သော အစားအစာ (သို့မဟုတ်) သည် အလွယ်တကူ စားသုံးနိုင်ရန်အတွက် ပြင်ဆင်ရောင်းချသော အစားအစာ ဖြစ်သည်။ ယင်းကဲ့သို့သော အစားအစာများသည် များသောအားဖြင့် နောက်ထပ် ထပ်မံပြင်ဆင်ရန် မလိုအပ်ဘဲ အသင့် စားသုံးနိုင်သည်။ သယ်ဆောင်ရလွယ်ကူပြီး ကြာရှည်ခံအောင် ပြင်ဆင်ထားသည်။ စားသောက်ဆိုင် အစားအစာများသည် ဤဖွင့်ဆိုချက်တွင် အကျုံးဝင်သော်လည်း ဤအသုံးအနှုန်းကို သုံးနှုန်းလေ့မရှိပေ။ အလွယ်တကူ ပြုပြင်စားသုံးနိုင်သော အစားအစာများတွင် အသင့်စား အစာခြောက်များ၊ အေးခဲထားသော အစားအစာများ ပါဝင်သည်။
ပေါင်မုန့်၊ ဒိန်ခဲ နှင့် အခြားသော ပြင်ဆင်ပြီး အစားအစာများကို နှစ်ထောင်ပေါင်းများစွာကပင် စတင် ရောင်းချခဲ့သည်။ အခြားအမျိုးအစားများသည် အစားအစာနည်းပညာအရ အဆင့်ဆင့် ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ အလွယ်တကူ ပြုပြင်စားသုံးနိုင်သော အစားအစာတို့သည် နိုင်ငံနှင့် ပထဝီဝင်နေရာများအလိုက် အမျိုးမျိုး ကွဲပြားခြားနားသည်။ ကလေးသူငယ် အဝလွန်မှုကို ကာကွယ်ရန်နှင့် စီးပွားရေးအရ ရောင်းချသော အစားအစာများ၏ ကျန်းမာရေးထိခိုက်နိုင်မှုကို လျော့ချနိုင်ရန် နည်းလမ်းမျိုးစုံသုံး၍ ပြင်ဆင်သည်။
အလွယ်တကူ ပြုပြင်စားသုံးနိုင်သော အစားအစာများကို အလွယ်တကူ စားသုံးနိုင်ရန်အတွက် ပြင်ဆင် ရောင်းချသည်။[1] အလွယ်တကူ ပြုပြင်စားသုံးနိုင်သော အစားအစာအဖြစ် ပြင်ဆင်ရောင်းချသော ထုတ်ကုန်များသည် အပူ၊ အသင့်စားဟင်းလျာများအနေဖြင့် လည်းကောင်း၊ အခန်းတွင်းအပူချိန်တွင် ကြာရှည်ခံသော ထုတ်ကုန်များအဖြစ် လည်းကောင်း၊ သို့မဟုတ် အေးခဲထားသော သို့မဟုတ် အအေးခံထားသော ထုတ်ကုန်များအနေဖြင့် လည်းကောင်း ပြင်ဆင်ထားသည်။[2] ယင်းအစားအစာများကို "စားသုံးသူများအတွက် ပိုမို နှစ်လိုဖွယ်ဖြစ်စေရန်" ဖန်တီးထားသော အစားအစာများအဖြစ် ရည်ညွှန်းကြသည်။[3]