အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်
မန္တလေးမြို့အခြေစိုက် တပ်မတော်တိုင်းစစ်ဌာနချုပ် / From Wikipedia, the free encyclopedia
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (အတိုကောက် လပခ) သည် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် အခြေစိုက်သော တိုင်းစစ်ဌာနချုပ်တစ်ခု ဖြစ်သည်။ အဓိက တာဝန်မှာ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများဖြစ်သော မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတောင်ပိုင်းနှင့် ၎င်းတို့နှင့်ထိစပ်နေသော နေရာဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များအား အဓိကတာဝန်ယူဆောင်ရွက်ရသည်။ ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ ၎င်း၏လက်အောက်ခံ တပ်များနှင့် အခြားလက်ရုံး/ဝန်ထမ်းတပ်များ၏ စစ်ဦးစီး/ စစ်ရေး/ စစ်ထောက်ပိုင်းဆိုင်ရာ လုပ်ငန်းများကိုပါ ဖြေရှင်းဆောင်ရွက်ပေးခြင်းနှင့် အထက်ဌာနများမှ အမိန့်နှင့် ညွှန်ကြားချက်များအား ထပ်ဆင့် ညွှန်ကြားပေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကိုပါ ဆောင်ရွက်ရသည်။ တိုင်းစစ်ဌာနချုပ်ရုံးမှာ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် နန်းတွင်းတွင်တည်ရှိပြီး၊[1] လက်ရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်ချုပ် ကြည်ခိုင် ဖြစ်သည်။
ဤ ဆောင်းပါးသည် စိစစ်အတည်ပြုနိုင်ရန်အတွက် နောက်ထပ်ကိုးကားချက်များ လိုအပ်နေသည်။ (စက်တင်ဘာ ၂၀၂၁) |
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် | |
---|---|
လပခ | |
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တံဆိပ် | |
နိုင်ငံ | မြန်မာ |
တပ်မတော် အမျိုးအစား | တပ်မတော် (ကြည်း) |
တပ် အမျိုးအစား | တိုင်းစစ်ဌာနချုပ် |
အခန်းကဏ္ဍ | နယ်မြေဒေသ ကာကွယ်ရေး၊ လုံခြုံရေး၊ စစ်ဆင်ရေး၊ နယ်မြေအတွင်းရှိ တပ်အားလုံး၏ ဦး/ရေး/ထောက်ဆိုင်ရာကိစ္စရပ်များ စီမံပေးခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း |
အမည်ပြောင် | ထင်းရှူးပင် (လပခ၏ ယခင်တံဆိပ်မှာ ထင်ရှူးပင်ဖြစ်သည်) |
အုပ်ချုပ်သူများ | |
တိုင်းမှူး | ဗိုလ်ချုပ် ကြည်ခိုင် |
အဆောင်အယောင်များ | |
အလံတော် |