အရှေ့တောင်အာရှ ကျွန်းဆွယ်ဒေသ
အာရှတိုက်နယ်မြေ / From Wikipedia, the free encyclopedia
အရှေ့တောင်အာရှ ကျွန်းဆွယ်ဒေသ (သို့မဟုတ်) အင်ဒိုချိုင်းနားကျွန်းဆွယ်ဒေသမှာ အရှေ့တောင်အာရှ၏ နယ်မြေတစ်ခုဖြစ်သည်။ အာရှတိုက်မကြီးနှင့်တစ်ဆက်တည်း အိန္ဒိယနိုင်ငံ၏အရှေ့ဘက်၊တရုတ်နိုင်ငံ၏ တောင်ဘက်တ့င်တည်ရှိကာ အနောက်ဘက်တွင် အိန္ဒိယသမုဒ္ဒရာ၊အရှေ့ဘက်တွင် ပစိဖိတ်သမုဒ္ဒရာတို့ကဝန်းရံထားသည်။