![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/5/56/2019_Tokyo_Skytree.jpg/640px-2019_Tokyo_Skytree.jpg&w=640&q=50)
အရှည်ဆုံး မျှော်စင်များ စာရင်း
ကမ္ဘာတွင် အရှည်ဆုံး မျှော်စင်များ / From Wikipedia, the free encyclopedia
ယနေ့ တည်ရှိနေသည့် မျှော်စင်များ သည် မျှော်စင်တစ်ခု၏ အင်ဂျင်နီယာဆိုင်ရာ အဓိပ္ပာယ်ကို ဖြည့်ဆည်းပေးသည်: "ရှည်လျားသော လူ့အဆောက်အဦး တစ်ခုသည် အကျယ်ထက် အမြဲတမ်း ပိုရှည်သည်။ အများပြည်သူ သို့မဟုတ် သာမန်အလုပ်ကိစ္စများ ဆောင်ရွက်ရန် ဖြစ်သော်လည်း နေထိုင်ရန်၊ အလုပ်ရုံးခန်းအတွက် မဟုတ်ပေ။ အောက်ပါတို့သည် အင်ဂျင်နီယာဘာသာရပ် အလိုအရ မျှော်စင်တစ်ခုအား အဓိပ္ပာယ်သတ်မှတ်ထားသည့် တည်ရှိနေဆဲ မျှော်စင်များဖြစ်သည်။"[1] အဓိပ္ပာယ်မှာ စဉ်ဆက်မပြတ် နေထိုင်၍ရသော အဆောက်အဦများနှင့် မိုးမျှော်တိုက်များ အပါအဝင် ရေဒီယိုနှင့် ရုပ်မြင်သံကြားလွှင့်စင် များကို ဤစာရင်းကနေ ဖယ်သည်ဟုဆိုလိုသည်။ ထို့အပြင် တံတားတာဝါတိုင်များ သို့မဟုတ် လျှပ်စစ်ဓာတ်အားကြိုးကြီးများ ဆွဲရာ၌ သုံးသော စင်မြင့်များ၊ မီးခိုးခေါင်းတိုင်များ၊ တစ်ဆင့်ခံပေးပို့သည့် မျှော်စင်များ၊ ပန်းပုနှင့် အကြီးမားဆုံးသောရုပ်ပွားတော် andobelisks များကို အများပြည်သူ သို့မဟုတ် ပုံမှန်လုပ်ငန်း လည်ပတ်သုံးစွဲနိုင်ဖို့ ဒီဇိုင်းရေးဆွဲခဲ့ကြသည် မဟုတ်သောကြောင့် ဤစာရင်းမှ ပယ်ခဲ့သည်။
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/5/56/2019_Tokyo_Skytree.jpg/640px-2019_Tokyo_Skytree.jpg)
တမ်းပလိတ်:Tallest towers in the world.svg
မျှော်စင်များကို မကြာခဏဆိုသလို ယင်းတို့၏အမြင့်ကို အသုံးပြုရန်အတွက် အမျိုးမျိုးသော ရည်ရွယ်ချက် နှင့် တစ်ခုတည်းရပ်တည်ခြင်း သို့မဟုတ် ပိုကြီးသော အဆောက်အဦ၏ တစ်စိတ်တစ်ဒေသအဖြစ် တည်ဆောက်ကြသည်။ အများဆုံး ရည်ရွယ်ချက်မှာ ဆက်သွယ်ရေးလုပ်ငန်းများ နှင့် ကြည့်ရှုစရာစင်မြင့် အဖြစ်တည်ဆောက်ကြသည်။
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ တွင်ပြီးစီးခဲ့သည့် တိုကျို Skytree သည် အမြင့် ၆၃၄ မီတာ (၂၀၈၀ ပေ) ဖြင့် ကမ္ဘာတွင် အမြင့်ဆုံးမျှော်စင်နှင့် ဒုတိယ အရှည်ဆုံး လွတ်လပ်စွာ ရပ်တည်သည့် အဆောက်အဦ ဖြစ်သည်။[2][3][4]