![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/1/1b/0000140_-_Wat_Arun_Ratchawararam_005.jpg/640px-0000140_-_Wat_Arun_Ratchawararam_005.jpg&w=640&q=50)
အရုဏ်ကျောင်းတော်
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်ရှိ ဗုဒ္ဓဘာသာကျောင်းတော် / From Wikipedia, the free encyclopedia
အရုဏ်ကျောင်းတော် (မြန်မာ: အရုဏရာဇဝရာရာမ ရာဇဝရမဟာဝိဟာရ, ပါဠိ: Aruṇarājavarārāma Rājavaramahāvihāra) သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၏ ဘန်ကောက်ယယ်အရပ်တွင် ရှိသည်။ ကျော့ဗြးယာမြစ်၏ အနောက်ဘက်ကမ်းရှိ သွန်ဘူရီ တွင် တည်ရှိသည်။ ကျောင်းတော်၏ အမည်သည် ဟိန္ဒူနတ်ဘုရား Aruna (အရုဏ) မှ ဆင်းသက်ဖြစ်ပေါ်လာသည်။[1] တက်နေ၏ အလင်းဖြာခြင်းဟု ခိုင်းနှိုင်းတင်စားသည့် စကားလုံး ဖြစ်သည်။ အရုဏ်ကျောင်းတော်သည် ထိုင်းနိုင်ငံ၏ အထင်ကရနေရာများတွင် အထူးကျော်ကြားသည်။ မနက်ခင်း၏ လင်းရောင်ခြည်တို့သည် ကျောင်းတော်၏ မျက်နှာပြင်များကို အလင်းပြန်ကြသည်။[2] ကျောင်းတော်သည် အနည်းဆုံး (၁၇) ရာစုကာလကတည်းကတည်ရှိခဲ့သော်လည်း ကျောင်းတော်၏ ခေါင်သည် (၁၉) ရာစုအစောပိုင်းကာလ ရာမဘုရင် (၂) လက်ထက်တွင် တည်ဆောက်ခဲ့သည်။
အချက်တိုများ Wat Arun Ratchawararam, အချက်အလက်များ ...
Wat Arun Ratchawararam | |
---|---|
Temple of Dawn | |
![]() ၂၀၁၇ ခုနှစ်၊ ပြင်ဆင်မွမ်းမံပြီးနောက် အာရန်ကျောင်းတော်ကို ညအချိန်တွေ့မြင်ရပုံ | |
အချက်အလက်များ | |
ကိုဩဒိနိတ် | 13°44′37″N 100°29′20″E |
ဘာသာရေး နှီးနွယ်မှု | ထေရဝါဒ ဗုဒ္ဓဘာသာ |
နိုင်ငံ | Thailand |
ဝက်ဘ်ဆိုဒ် | watarun.org |
ဗိသုကာ | |
ပြီးစီး | ၁၆၅၆ခုနှစ် မတိုင်မီက |
ပိတ်ရန်