အယ်လ် ဝယ်လိဒ်ဘင် တယ်လယ်
From Wikipedia, the free encyclopedia
မင်းသား အယ်လ် ဝယ်လိဒ်ဘင် တယ်လယ် ( Waledd bin Talal ) ကို ၁၉၅၅ မတ် ၇ နေ့တွင် ဆော်ဒီ တော်ဝင်မိသား စုမှ ဖွား မြင်သည်။ သူသည် ဆော်ဒီအာရေဗီယန် ဘုရင် Abdullah ၏ တူဖြစ်သည်။ စီးပွားရေးစွမ်းဆောင်ရှင် နှင့် နိုင်ငံတကာတွင် ရင်းနှီးမြုပ်နှံမှုများပြုလုပ်ထားသူ တယောက်ဖြစ်သည်။ သို့သော် ဆော့ဒ် (သို့) ဆော်ဒီအာရေဗျ တော်ဝင်မိသားစု၏ နိုင်ငံရေးအရ ဩဇာအာဏာကြီးခြင်းကို အသုံးမချပဲ အိမ်ရာမြေလုပ်ငန်းများနှင့် ရှယ်ယာဈေးကွက်များတွင် ရင်းနှီးမြုပ်နှံမှုများပြုလုပ်ခြင်းဖြင့် ကြွယ်ဝချမ်းသာလာသူဖြစ်သည်။
အချက်တိုများ အယ်လ် ဝယ်လိဒ်ဘင် တယ်လယ် ...
အယ်လ် ဝယ်လိဒ်ဘင် တယ်လယ် | |
---|---|
![]() |
|
မွေးသက္ကရာဇ် | မတ်လ၇ရက်၊၁၉၅၅ ဂျက်ဒဟ်၊ဆော်ဒီအာရေးဗျနိုင်ငံ |
နိုင်ငံသား | ဆော်ဒီအာရေဗျ၊လက်ဘနွန် |
ပညာရေး | Menlo College (B.Sc) Syracuse University (M.SocSc) University of Exeter (Honorary PhD) |
ကြွယ်ဝမှု | အမေရိကန်ဒေါ်လာ ၁၉.၄ ဘီလျံ |
ကြင်ဖော် | ဒလယ်လ် ဘင့်တ် ဆော့ဒ် ဘင် အဘဒ္ဒူ အဇစ် မင်းသမီး အမီရာ |
သားသမီး | မင်းသား ခါလက်ဒ် မင်းသမီး ရမ်း မင်းသား နဂျမ် မင်းသမီးမိုနာ |
ပိတ်ရန်
၂၀၁ဝ မတ် Forbes စာရင်းအရ သူ၏ကြွယ်ဝချမ်းသာမှုမှာ အမေရိကန်ဒေါ်လာ ၁၉.၄ ဘီလျံခန့် ကြွယ် ဝပြီး ကမ္ဘာ့နံပါတ် ၁၉ အဆင့်ရှိ အချမ်းသာဆုံးပုဂ္ဂိုလ်တယောက် ဖြစ်သည်။ Time Magazine မှ သူ့အား အာရေဗျသား ဝါရင် ဘတ်ဖတ် ဟု ချစ်စနိုးဖြင့် မှည့်ခေါ်ခဲ့သည်။