From Wikipedia, the free encyclopedia
အယ်လဖားဖားပင် (အင်္ဂလိပ်: Alfalfa; /ælˈfælfə/); သိပ္ပံအမည် Medicago sativa)သည် ကျွဲနွားစာ အဖြစ် စိုက်ပျိုးသော နှစ်ကြာခံအပင်ငယ်မျိုး ဖြစ်သည်။ အယ်လဖားဖားဟူသော အမည်သည် စပိန်ဘာသာစကားဖြင့် မှည့်ခေါ်သော အမည်ဖြစ်၍ ရုက္ခဗေဒအမည်မှာ မယ်ဒီကားဂိုဆတိုင်းဗားဖြစ်သည်။ ထိုအပင်သည် ပဲလုံး၊ ပဲတောင့်၊ ကလိုဗာပဲပင်တို့ ကဲ့သို့ပင် လီဂူမီနိုစီးမျိုးရင်းတွင် ပါဝင်သည်။ အယ်လဖားဖားပင်သည် ၁၂ လက်မမှ လက်မ ၄ဝ အထိ အညွန့်များထွက်၍ ခရမ်းရောင်အပွင့် ကလေးများပွင့် သည်။ ငှက်မွှေးပုံ အရွက်ကလေးများသည် သုံးရွက်ဆိုင်ထွက်၍ ခွေးသွားစိတ်အနားများ ရှိသည်၊ သီးတောင့်များထဲ၌ ၁၂ ပုံ တစ်ပုံ လက်မခန့် အစေ့များရှိသည်။ အမြစ်များသည် မာ၍ ရှည်လျားသည်။
Medicago sativa | |
---|---|
Medicago sativa[1] | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Plantae |
Clade: | Angiosperms |
Clade: | Eudicots |
Clade: | Rosids |
မျိုးစဉ်: | Fabales |
မျိုးရင်း: | Fabaceae |
မျိုးဇာတ်: | Trifolieae |
မျိုးစု: | Medicago |
မျိုးစိတ်: | M. sativa |
ဒွိနာမ | |
Medicago sativa | |
Subspecies | |
| |
Synonyms[3] | |
စာရင်း
|
အယ်လဖားဖားပင်သည် ခြောက်သွေ့သောရာသီဥတု တွင် ဖြစ်ထွန်းသော အပင်မျိုးဖြစ်၍ မြေပြင် အနိမ့်အမြင့်မရွေး ပေါက်နိုင်သောအပင်ဖြစ်သည်။ အထူးသဖြင့်မြေဆီအောက်ခံလွှာ အတွင်းသို့ နက်စွာ စူးဝင်နိုင်သော အမြစ်ရှည်များရှိခြင်းကြောင့် မိုးခေါင်ရေရှားချိန်၌ပင် အသက်ရှင်ကြီးပွားနိုင်လေသည်။ အယ် လဖားဖားပင်သည် ထုံးမြေကိုကြိုက်သည်။ ဂလိုဗာပဲပင်ကဲ့သို့ မြေဆီလွှာတွင် နိုက်ထရိုဂျင်ဓာတ်ကို ဖြည့်တင်းပေးနိုင်သည်။ ထို့ပြင် ပျားမွေးသူတို့ကလည်း ထိုအပင်ကို ပျားရည်အတွက် စိုက်ပျိုးကြသည်။
ရှေးကတည်းက လူတို့သည် အယ်လဖားဖားပင်ကို ကျွဲနွားစာအဖြစ် စိုက်ပျိုးခဲ့ကြသည်။ အာရှတိုက်တွင် မူလ စိုက်ပျိုးခဲ့သော အပင်လည်းဖြစ်သည်။ ခရစ်မပေါ်မီကပင် ပါးရှားပြည်(အီရန်နိုင်ငံ) တွင် ထိုအပင် ကိုစိုက်ပျိုးခဲ့ကြသည်။ ပါးရှင်းလူမျိုးတို့သည် ဂရိပြည်ကို တိုက်ခိုက်သောအခါ ဂရိ ပြည်သို့ ထိုအပင်ကို ယူဆောင်သွားခဲ့ကြသည်။ အေဒီပထမရာစု တွင် ဂရိပြည်မှတဆင့် အီတလီပြည်သို့ ရောက်ရှိ၍ ထိုမှ တစ်ဖန် ဥရောပတိုက်အနှံ့အပြားသို့ ရောက်ရှိလေသည်။ ဥရော ပတိုက်တွင် ထိုအပင်ကို လူဆန်းပဲပင်ဟူ၍ ခေါ်လေ့ရှိသည်။တဖန် စပိန်လူမျိုးတို့က အယ်လဖားဖားပင်ကို တောင်အမေရိကတိုက်နှင့် မက္ကဆီကိုနိုင်ငံသို့ ယူဆောင်ခဲ့ကြ သည်။ ၁၈၅၄ ခုနှစ်ခန့်တွင် ချီလီနိုင်ငံမှ မြောက်အမေရိက တိုက် ကာလီဖိုးနီးယားပြည်နယ်သို့ ရောက်ရှိလာသည်။
ထို့နောက် မြောက်အမေရိကတိုက် နေရာအနှံ့အပြားတို့တွင် အယ်လဖားဖားပင်ကို စိုက်ပျိုးကြလေသည်။အမေရိကန်ပြည်ထောင်စုတွင် တစ်နှစ်လျှင် ပျမ်းမျှခြင်း အားဖြင့် အယ်လဖားဖား တန်ချိန် ၃၅ သန်း မှ သန်း ၅ဝ အထိထွက်၍ ကနေဒါနိုင်ငံမှ တန်ချိန် နှစ်သန်းကျော်ထွက် သည်။ ထွက်သမျှအပင်တို့ကို ကျွဲ နွားစာအဖြစ် အများဆုံး အသုံးချသည်။ တခါတရံ အပင်ခြောက်များကို အမှုန့်ကြိတ် ၍ တင်ပို့ရောင်းချသည်။
အချို့အရပ်ဒေသများ၌ အယ်လဖားဖားပင်များကို တစ်လတစ်ကြိမ် ရိတ်သိမ်းနိုင်သည်။ အမေရိကန်ပြည်ထောင်စု အနောက်တောင်ပိုင်းရှိ ပြည်နယ်များတွင် တစ်နှစ်လျှင် ခုနှစ် ကြိမ်၊ သို့မဟုတ် ရှစ်ကြိမ်မျှ ရိတ်သိမ်းနိုင်သည်။ အရှေ့ မြောက်ပိုင်းရှိ ပြည်နယ်များ၌မူကား တစ်နှစ်လျှင် နှစ်ကြိမ် သုံး ကြိမ်မျှသာ ရိတ်သိမ်းနိုင်သည်။ အပင်မနာစေရန်အတွက် ပင်လုံးကျွတ်အပွင့်မပွင့်မီ ရိတ်သိမ်းရသည်။ အယ်လဖားဖား ဆင်ပိုးနှင့် နှံကောင်တို့သည် အပင်ကိုအထူးဖျက်ဆီးတတ်သည်။ အရွက်နှင့် အမြစ်တို့၌လည်း မှိုရောဂါ ကျရောက်တတ်သည်။ [4]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.