အမှောင်နည်းလမ်းများ- တရုတ်နိုင်ငံအကြောင်း အမှန်တရား
From Wikipedia, the free encyclopedia
အမှောင်နည်းလမ်းများ- တရုတ်နိုင်ငံအကြောင်း အမှန်တရား Ways That Are Dark: The Truth About China သည် ၁၉၃၃ ခုနှစ်တွင် Ralph Townsend မှရေးသားသော စာအုပ်ဖြစ်ပြီး ထိုအချိန်ကတရုတ်ပြည်၏ အခြေအနေအပေါ် Townsend ၏ လေ့လာတွေ့ရှိချက်များကို တင်ပြထားသည်။ ထိုစာအုပ်ကို တရုတ်ဆန့်ကျင်ရေးဝါဒ ဟု ယူဆကြသည်။
Barnes ပြန်လည်သုံးသပ်ထုတ်ဝေမှု၏မျက်နှာဖုံး | |
စာရေးသူ | Ralph Townsend |
---|---|
နိုင်ငံ | အမေရိကန်ပြည်ထောင်စု |
ဘာသာစကား | အင်္ဂလိပ် |
အမျိုးအစား | တရုတ်လူ့အဖွဲ့အစည်းနှင့် ယဉ်ကျေးမှု |
ထုတ်ဝေသူ | Putnam |
ထုတ်ဝေသည့်ရက် | ၁၉၃၃ နိုဝင်ဘာ ၁၀ |
စာမျက်နှာ | ၃၃၆ |
တရုတ်လူ့အဖွဲ့အစည်းနဲ့ ယဉ်ကျေးမှုကို ပြင်းပြင်းထန်ထန်ဝေဖန်တဲ့ အမှောင်နည်းလမ်းများ ကို တရုတ်ပြည်တွင်း ပဋိပက္ခများ ဖြစ်ချိန်က ရေးသားခဲ့သည်။ တရုတ်နိုင်ငံ၏ ပြဿနာများ၏ အရင်းအမြစ်မှာ တရုတ်လူမျိုးများ၏ လူမျိုးရေးစရိုက်လက္ခဏာများတွင် အခြေခံ ချို့ယွင်းချက်များ ရှိနေသည်ဟု Townsend က အခိုင်အမာဆိုသည်။ စာအုပ်သည် အမေရိကန်ပြည်ထောင်စုတွင် အရောင်းရဆုံးဖြစ်ခဲ့သော်လည်း ၎င်းအားထောက်ခံသူများနှင့် ဆန့်ကျင်သူများထံမှ အလွန်ကွဲပြားသော တုံ့ပြန်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။ သတင်းစာအချို့က ချီးကျူးခံရသော်လည်း ၎င်းစာအုပ်အား တရုတ်ပညာရှင်များက ရှုတ်ချခဲ့ကြသည်။ တရုတ်အစိုးရကမူ ထိုစာအုပ်အားတားမြစ်ပိတ်ပင်ထားသည်။
ဒုတိယကမ္ဘာစစ်အပြီးတွင် ထိုစာအုပ်သည် တိမ်မြုပ်သွားခဲ့သည်။ ၎င်းကို Barnes Review မှ ၁၉၉၇ ခုနှစ်တွင် ပြန်လည်ပုံနှိပ်ခဲ့ပြီး ၂၀၀၄ ခုနှစ်တွင် ဂျပန်ဘာသာပြန် ထုတ်ဝေလိုက်သောအခါတွင် ဂျပန်တွင် အသစ်ပြန်လည်ရေပန်းစားလာခဲ့သည်။