အမှတ်(၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်
နေဝန်းနီ / From Wikipedia, the free encyclopedia
အမှတ်(၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (အတိုကောက် စကခ(၁)) သည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေဖြစ်သော ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင်တည်ရှိသည့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တစ်ခုဖြစ်သည်။ "စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်" သည် 'ခြေမြန်တပ်မဌာနချုပ်' အသွင်ယူထားသော တိုက်ခိုက်ရေးတပ်ဖွဲ့ ဖြစ်သည်။ တပ်မများ နှင့် စကခများသည် ကက(ကြည်း) (စစ်ဆင်ရေး)၏ တိုက်ရိုက်ကွပ်ကဲစီမံသော တိုက်ခိုက်ရေးတပ်ဖွဲ့များဖြစ်ပြီး စစ်နယ်ဝန်းပုံသေမရှိဘဲ ရန်သူ၏အင်အားအပေါ်မူတည်၍ လိုအပ်သလိုစစ်ကစားနိုင်ရန် ဖွဲ့စည်းထားခြင်းလည်းဖြစ်သည်။ လက်ရှိ အမှတ်(၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး တာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်မှူးချုပ် မင်းမောင် ဖြစ်သည်။
အချက်တိုများ အမှတ်(၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်, နိုင်ငံ ...
အမှတ်(၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် | |
---|---|
စကခ(၁) | |
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တံဆိပ် | |
နိုင်ငံ | မြန်မာ |
တပ်မတော် အမျိုးအစား | တပ်မတော် (ကြည်း) |
တပ် အမျိုးအစား | စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် |
အခန်းကဏ္ဍ | နယ်မြေလုံခြုံရေး၊ ပင်မတိုက်ခိုက်ရေး၊ အကူတိုက်ခိုက်ရေး၊ ရွေ့လျားတိုက်ခိုက်ရေး၊ စစ်ကစားခြင်း |
တပ် အရွယ်အစား | တပ်မ |
အုပ်ချုပ်သူများ | |
စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး | ဗိုလ်မှူးချုပ် မင်းမောင် |
အဆောင်အယောင်များ | |
အလံတော် |
ပိတ်ရန်