အမြင့်ပြမီတာ (အင်္ဂလိပ်: Altimeter) ဆိုသည်မှာ အရာဝတ္တုတစ်ခု၏ ရောက်ရှိနေသောအမြင့် (Altitude) ကို တိုင်းတာပြသပေးသော ချိန်ခွက်ကိရိယာတစ်မျိုးဖြစ်သည်။ အမြင့်ပြမီတာသည် လေယာဉ်ပျံသန်းရေး အထောက်အကူပြု တိုင်းတာရေးကိရိယာအဖြစ် တွင်ကျယ်စွာ အသုံးပြုလျက်ရှိသည်။ ထို့အပြင် တောင်တက်သမားများနှင့် လေထီးခုန်သမားများသည်လည်း အမြင့်ပြမီတာကိရိယာကို အသုံးပြုကြသည်။[1]

Thumb
လေယာဉ်ပျံတွင်သုံးသော သမာရိုးကျ ဖိအားသုံးအမြင့်ပြမီတာ

အမြင့်ပြမီတာ ကို အဓိကအားဖြင့် သုံးမျိုးခွဲခြားနိုင်သည်။၎င်းတို့မှာ

  1. ဖိအားသုံးအမြင့်ပြမီတာ
  2. အသံလှိုင်းသုံးအမြင့်ပြမီတာ
  3. ရေဒါအမြင့်ပြမီတာ တို့ဖြစ်ကြသည်။

ဖိအားသုံးအမြင့်ပြမီတာ

ဖိအားသုံးအမြင့်ပြမီတာ (Pressure Altimeter) သည် လေထုဖိအား (Atmospheric Pressure) ပြောင်းလဲမှုကို အခြေခံရယူကာ အမြင့်ကို ပြသတိုင်းတာသော အမြင့်တိုင်းကိရိယာ တစ်မျိုးဖြစ်သည်။ ကမ္ဘာကြီး၏ အမြင့်သို့တက်လာသောအခါ လေထုဖိအား ကျဆင်းလာသည်။ ဤသဘောတရားအား အခြေခံပြီး ဖိအားသုံးအမြင့်ပြမီတာကို ပြုလုပ်ထားသည်။ လေထုဖိအားကို ရယူ၍ ချိန်ညှိမှုပြုလုပ်ထားကာ အမြင့်ကို တိုင်းတာပြသလျှင် ဘာရိုမက်ထရစ်အမြင့်ပြမီတာ ဟုလည်းခေါ်ဆိုနိုင်သည်။ ဖိအားသုံးအမြင့်ပြမီတာသည် လေယာဉ်များတွင် အသုံးများသော အမြင့်ပြမီတာအမျိုးအစား ဖြစ်သည်။ တောင်တက်သမားများနှင့် လေထီးခုန်သမားများသည်လည်း လက်တွင် ပတ်ရသည့် ဘာရိုမက်ထရစ်အမြင့်ပြမီတာများကို အသုံးပြုကြသည်။

ဖိအားသုံးအမြင့်ပြမီတာသည် အောက်ပါညီမျှခြင်းကို အခြေခံလုပ်ဆောင်သည်။

[2]

ဖိအားသုံးအမြင့်ပြမီတာကိုအသုံးပြုမှု

တောင်တက်သမားများသည် ဘာရိုမက်ထရစ်အမြင့်ပြမီတာများကို ဂျီပီအက်စ် နှင့်တွဲဖက်၍ အသုံးပြုသည်။ ဂျီပီအက်စ်ကိရိယာသည် တောင်တက်သမား ချောက်အတွင်း ရောက်ရှိနေချိန်တွင်သော်လည်းကောင်း၊ ဂြိုဟ်တုများနှင့် မြေပြင်နီးကပ်နေချိန်တွင် အမြင့်ပြသမှု မတိကျမှု ဖြစ်ပေါ်ချိန်တွင်သော်လည်းကောင်း ဘာရိုမက်ထရစ်အမြင့်ပြမီတာသည် အလွန်အသုံးဝင်ပေသည်။ လက်ပတ်အမြင့်ပြမီတာသည် လေထီးခုန်သမားများအတွက် အလွန်အရေးပါသော အထောက်အကူပြုပစ္စည်းတစ်ခု ဖြစ်သည်။

Thumb
လက်ယာဘက်အပေါ်တန်း ဒုတိယမြောက်မီတာသည် ဖိအားသုံးအမြင့်ပြမီတာ ဖြစ်ပေသည်

အသံလှိုင်းသုံးအမြင့်ပြမီတာ

ဖိအားသုံးမီတာသည် မိုးသည်းထန် ရာသီဥတုဆိုးရွားချိန်တွင် လေဖိအားတိုင်းတာမှု မှန်ကန်ခြင်းမရှိသောကြောင့် အမြင့်ကို မှန်ကန်စွာ မပြသနိုင်တော့ပေ။ ၁၉၃၁ ခုနှစ်တွင် အမေရိကန်လေတပ်မှ ဖိအားသုံးမီတာထက် ပိုမိုတိကျကောင်းမွန်သော အသံလှိုင်းသုံးအမြင့်ပြမီတာတစ်မျိုးကို အောင်မြင်စွာ တီထွင်နိုင်ခဲ့သည်။ ထိုအမြင့်ပြမီတာသည် လင်းနို့များအသံလှိုင်းရယူကာ အကွာအဝေးတွက်ချက်သည့်နည်းအား အတုယူတီထွင်ထားခြင်း ဖြစ်သည်။ အသံလှိုင်းသုံးမီတာသည် မြေပြင်သို့ သံလွန်လှိုင်းများ ရိုက်ခတ်ရရှိလာသော အသံထုတ်လွှင့်မှုအား တွက်ချက်ပြောင်းလဲပြီး လေယာဉ်အမြင့် မည်မျှတွင် ရောက်ရှိနေသည်ကို မီတာဒိုင်ခွက်တွင် ပြသပေးသည်။[3]

ရေဒါအမြင့်ပြမီတာ

ရေဒါအမြင့်ပြမီတာသည် လေယာဉ်ပေါ်မှ မြေပြင်သို့ ရေဒီယိုလှိုင်း ထုတ်လွှင့်၍ ပြန်လည်ရောက်ရှိလာသည့် လှိုင်းကြာချိန်ကို တွက်ချက်၍ အမြင့်ပေကိုတိကျစွာ တိုင်းတာပြသပေးသည်။ ရေဒါအမြင့်ပြမီတာကို စစ်ဘက်နှင့် အရပ်ဘက်သုံး လေယာဉ်များ မြေပြင်ဆင်းသက်စဉ် မြေပြင်နှင့် အမြင့်အကွာအဝေးကို သိရှိနိုင်ရန် အသုံးပြုသည်။ရေဒါအမြင့်ပြမီတာသည် မြေပြင်အတားအဆီးသတိပေးစနစ်()၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် ပါဝင်သည်။ဤစနစ်တွင် လေယာဉ် မြေပြင်နှင့်နီးကပ်စွာ ပျံသန်းနေသောအခါတွင်းလည်းကောင်း၊ရှေ့တွင် တောင်၊မြင့်မားသည့် အဆောက်အအုံစသည့် မြေပြင်အတားအဆီးများရှိသည့်အခါတွင်လည်းကောင်း သတိပေးမှုလုပ်ဆောင်နိုင်ရန် ရေဒါအမြင့်ပြမီတာမှ အဓိကတိုင်းတာမှုပြုလုပ်ပေးသည်။ ရေဒါအမြင့်ပြမီတာနည်းပညာကို တိုက်လေယာဉ်အနိမ့်ပျံသန်းရာတွင် သုံးသောမြေပြင်ညွှန်းရေဒါစနစ်တွင်လည်း အသုံးပြုသည်။

ကိုးကား

Wikiwand in your browser!

Seamless Wikipedia browsing. On steroids.

Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.

Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.