အမျိုးသားအိုလံပစ်ကော်မတီ
From Wikipedia, the free encyclopedia
အမျိုးသားအိုလံပစ်ကော်မတီ (အင်္ဂလိပ်: National Olympic Committee ;NOC) ဆိုသည်မှာ ကမ္ဘာလုံးဆိုင်ရာ အိုလံပစ်နှင့် ဆက်စပ်အားကစားလှုပ်ရှားမှုများအတွက် သက်ဆိုင်ရာ တိုင်းပြည်တစ်ခု၏ အမျိုးသားအဆင့် အားကစားအဖွဲ့အစည်းဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ၏ လက်အောက်တွင်ရှိပြီး နိုင်ငံ၏ တည်နေရာဒေသကိုမူတည်၍ အစုအဖွဲ့လိုက် ဖွဲ့စည်းထားသည်။ နေရာဒေသအပေါ်လိုက်၍ အာရှအိုလံပစ်ကောင်စီ၊ ဥရောပ အိုလံပစ်ကော်မတီများ၊ အာဖရိကတိုက် အမျိုးသားအိုလံပစ်ကော်မတီများ အသင်း၊ ပန်အမေရိကန် အားကစားအဖွဲ့ချုပ်၊ သမုဒ္ဒရာပိုင်းဇုန် အမျိုးသားအိုလံပစ်ကော်မတီများ ဟူ၍ ခွဲခြားထားသည်။
အမျိုးသားအိုလံပစ်ကော်မတီများသည် မိမိတို့နိုင်ငံမှ ပြည်သူများ အိုလံပစ်အားကစားနည်းများနှင့် အားကစားပွဲများတွင် ပါဝင်လာစေရန် လုပ်ဆောင်ကြရသည်။ ထို့အပြင် အားကစားသမားများအား လေ့ကျင့်ပေးခြင်း၊ ဒေသတွင်းအဆင့် နည်းပြများအား လေ့ကျင့်ပေးခြင်းများလည်း ပြုလုပ်ရသည်။ ထို့အပြင် အိုလံပစ် အားကစားပြိုင်ပွဲအပါအဝင် မိမိတို့ နေရာဒေသအလိုက် သက်ဆိုင်ရာ အားကစားပြိုင်ပွဲများကို လက်ခံကျင်းပမည့် အိမ်ရှင်နိုင်ငံကို မဲပေးရွေးချယ်ပိုင်ခွင့်ရှိသည်။