From Wikipedia, the free encyclopedia
အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့်အက်ဥပဒေ (အင်ဒီအေအေ) (အင်္ဂလိပ်: National Defense Authorization Act (NDAA)) သည် အမေရိကန်ပြည်ထောင်စု ကာကွယ်ရေးဌာနအတွက် နှစ်စဉ်ဘတ်ဂျက်နှင့် အသုံးစရိတ်များကို သတ်မှတ်ပေးသည့် အမေရိကန်ပြည်ထောင်စု ဖက်ဒရယ်ဥပဒေများ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ပထမဆုံး အင်ဒီအေအေအက်ဥပဒေကို ၁၉၆၁ ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည်။[1][2] အမေရိကန်ကွန်ဂရက်လွှတ်တော်သည် ကာကွယ်ရေးအသုံးစရိတ်ကို နှစ်စဉ်တစ်နှစ်တာ ဥပဒေကြမ်းနှစ်ခုဖြင့် ကြီးကြပ်သည်။ ယင်းတို့မှာ လုပ်ပိုင်ခွင့်ဥပဒေနှင့် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေတို့ဖြစ်ကြသည်။ ထိုလုပ်ပိုင်ခွင့်ဥပဒေကြမ်းသည် အထက်လွှတ်တော်၏ တပ်မတော်ရေးရာကော်မတီနှင့် အောက်လွှတ်တော်၏ တပ်မတော်ရေးရာကော်မတီတို့၏ စီရင်ပိုင်ခွင့်ဖြစ်ပြီး ကာကွယ်ရေးဆိုင်ရာများတွင် ရန်ပုံငွေထောက်ပံ့ပေးမှုနှင့် စရိတ်ငွေသုံးစွဲမှုဆိုင်ရာ မူဝါဒများတွင် အဆုံးအဖြတ်ပေးနိုင်သည်။[3] ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေမှတစ်ဆင့် ရန်ပုံငွေများထောက်ပံ့ပေးသည်။
ကွန်ဂရက်လွှတ်တော်သည် ထိုအက်ဥပဒေကိုအတည်ပြုရာ၌ တစ်ခါတစ်ရံတွင် ကွန်ဂရက်လွှတ်တော်အမတ် သို့မဟုတ် အခြားထင်ရှားသူတစ်ဦးဦးကို ဂုဏ်ပြုရန်အလို့ငှာ ထိုသူ၏အမည်ကို ဥပဒေအမည်တွင် ထည့်သွင်းလေ့ရှိသည်။ သာဓကအားဖြင့် ၂၀၀၁ ဘဏ္ဍာနှစ်အတွက် ဥပဒေကို တောင်ကယ်ရိုလိုင်းနားပြည်နယ်၏ လွှတ်တော်ကိုယ်စားလှယ် ဖလွိုက် ဒီ စပန့်စ်အား ဂုဏ်ပြုသောအားဖြင့် "၂၀၀၁ ဘဏ္ဍာနှစ်အတွက် ဖလွိုက် ဒီ စပန့်စ် အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့်အက်ဥပဒေ" ဟူ၍အမည်ပေးခဲ့သည်။[4]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.