From Wikipedia, the free encyclopedia
အမျိုးသားက ကွန်ဒုံး မသုံးစွဲလိုတဲ့ အခါမှာ အမျိုးသမီးက တပ်ဆင် ထားလိုက် နိုင်ပါတယ်။ လိင်ဆက်ဆံတဲ့ အခါတိုင်း အသစ်တစ်ခု သုံးစွဲသင့်ပါတယ်။ သက်တမ်းကုန် နေရင်၊ အထုပ်ပေါက်ပြဲနေရင်၊ ကွန်ဒုံးပွန်းပဲ့ ဟောင်းစုတ်ရင် မသုံးစွဲပါနဲ့။ ကွန်ဒုံးကို အထုပ်ထဲက ထုတ်ရင် သွားနဲ့၊ ဓားနဲ့၊ ကပ်ကြေးနဲ့ ကိုက်ညှပ် မထုတ်ပါနဲ့။ တခြားထက်တဲ့ ချွန်တဲ့ ပစ္စည်းတွေ မသုံးပါနဲ့။ ကွန်ဒုံး ပျက်စီး နိုင်ပါတယ်။ ကွန်ဒုံးဟာ ချောဆီ အတွင်းအပြင် အလုံအလောက် ရှိရဲ့လား စစ်ဆေးဖို့ လိုပါတယ်။ ကိုယ်တိုင်တပ်ဆင်ရတာ လွယ်ကူပါတယ်။ တစ်ဦးတည်း သီးသန့် ရှိတဲ့ အခါမှာ လေ့ကျင ့်ထားနိုင်ပါတယ်။
ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက် စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။ |
ဤဆောင်းပါးသည် သဒ္ဒါ၊ သတ်ပုံ၊ ရေးဟန် စသည်တို့အတွက် ဝီကီစံညွှန်းနှင့်အညီ အရေးအသား တည်းဖြတ်ပေးရန် လိုအပ်နေသည်။ |
အမျိုးသမီးသုံး ကွန်ဒုံး | |
---|---|
Polyurethane female condom | |
နောက်ခံ | |
အမျိုးအစား | Barrier |
ပထမဆုံးအသုံးပြု | ၁၉၈၀ ခုနှစ်များ |
မအောင်မြင်မှုနှုန်းများ (ပထမနှစ်) | |
အပြည့်အစုံအသုံးပြု | 5%[1] |
ယေဘုယျအသုံးပြု | 21%[1] |
အသုံးချမှု | |
နောက်ပြန်ပြင်နိုင်မှု | ချက်ချင်း |
အသုံးပြုသူအသိပေးချက်များ | To avoid risk of incorrect use, read the instructions carefully prior to use. |
ကောင်းကျိုးဆိုးကျိုးများ | |
STI ကာကွယ်မှု | Yes |
အလေးချိန်စီးမှု | No |
အားသာချက်များ | No external drugs or clinic visits required |
(၁) ပွင့်နေတဲ့ ဘက်ကို အောက်ဘက် ထားပြီး ကိုင်ပါ။
(၂) သက်တောင့်သက်သာ အနေအထားနဲ့ ပေါင်ကွပြီး ထိုင်ခုံပေါ် ခြေတစ်ဖက် တင်ထား နိုင်ပါတယ်။ ကွန်ဒုံးရဲ့ ပိတ်နေတဲ့ ဘက်ကို ကိုင်ပြီး အတွင်းကွင်းကို ရှည်ရှည် ကျဉ်းကျဉ်းဖြစ်အောင် ညှစ်ကိုင်ရပါမယ်။ တခြား လက်က မိန်းမကိုယ်ဝကို ဟထားရပါမယ်။ အတွင်းကွင်းကို မိန်းမ ကိုယ်ထဲ အသာသွင်းရပါမယ်။
(၃) လက်ညှိုးကို ကွန်ဒုံး အတွင်းဘက်ကို ထည့်ပြီး အတွင်းကွင်းကို အတွင်း အရောက်နိုင်ဆုံး တွန်းသွင်းရပါမယ်။ ကွန်ဒုံး လိမ်မနေ စေရပါဘူး။
(၄) အပြင်ကွင်းက မိန်းမ ကိုယ်ဝမှာ ရှိပြီး ကွန်ဒုံးသားဟာ မိန်းမကိုယ် နံရံနဲ့ ကပ်နေပြီး အတွင်းသားနဲ့ တသားတည်း ဖြစ်နေရပါမယ်။
ယောက်ျား လိင်တံကို ကွန်ဒုံးနဲ့ မိန်းမ ကိုယ်နံရံကြားထဲ ဝင်မသွားဘဲ မိန်းမ ကိုယ်ထဲသို့ သေချာဝင်အောင် လက်နဲ့ အသာ ထိန်းသွင်း ပေးရပါတယ် (ချောဆီ အလုံအလောက် သုံးစွဲမှ သာလျှင် လိင်ဆက်ဆံစဉ်မှာ ကွန်ဒုံးဟာ နေရာတကျ ရှိနေပါလိမ့်မယ်)။ ဆက်ဆံပြီးတဲ့ အခါမှာ အပြင်ကွင်းကို လိမ်ပြီး ကွန်ဒုံးကို အပြင် ဆွဲထုတ် ရပါတယ်။ မတ်တတ် မရပ်ခင် ကွန်ဒုံးကို ဆွဲထုတ်ရမှာ ဖြစ်ပါတယ်။ အမျိုးသားသုံး ကွန်ဒုံးလို လိင်တံ မပျော့ခင် အလျင်စလို ဆွဲထုတ်စရာ မလိုပါဘူး။ သုံးပြီး ကွန်ဒုံးကို အမှိုက်ပုံး၊ အိမ်သာတွင်းထဲ စွန့်ပစ်ရပါမယ်။ ရေဆွဲ အိမ်သာထဲ ရေဆွဲမချပါနဲ့။ ကွန်ဒုံး အပိုဆောင်ထား သင့်ပါတယ်။
အမျိုးသားသုံး ကွန်ဒုံးကို တစ်ပြိုင်တည်း မသုံးရပါဘူး။ ကွန်ဒုံးချင်း ပွတ်တိုက် စုတ်ပြဲ သွားပါလိမ့်မယ်။ အမျိုးသား အများစုဟာလည်း အမျိုးသမီးဘက်က ကွန်ဒုံးသုံးတာကို နားလည် လက်ခံလာကြပါပြီ။ အမျိုးသားသုံး ကွန်ဒုံးလို အလျင်စလို မဟုတ်ဘဲ ၈ နာရီ ကြိုသွင်း ထားနိုင်လို့ နှစ်သက်ကြပါတယ်။ နာကျင်ခြင်း လုံးဝမရှိပါဘူး။ ကျပ်ခြင်း၊ တင်းခြင်း မရှိပါဘူး။ အပူအအေး မျှတပါတယ်။
ရာသီ လာနေတဲ့ အခါ၊ သားအိမ် နောက်လန်နေတဲ့ အခါ၊ ကိုယ်ဝန်ဆောင် နေတဲ့အခါ သုံးစွဲနိုင်ပါတယ်။ (သွေးဆုံးပြီး သူတွေ အတွက်လည်း သင့်လျော်ကြောင်း ကြုံတုန်းပြော ချင်ပါတယ်)။ အမျိုးသားသုံး ကွန်ဒုံးလုပ်တဲ့ latex တို့ nanoxynol-9 တို့နဲ့ သွေး မတည့်ဘဲ ယားယံတတ် သူတွေလည်း သုံးစွဲနိုင်ပါတယ်။ အရင် လေးငါးနှစ်တုန်းက ဆိုရင် အမျိုးသမီးသုံး ကွန်ဒုံးဆိုတာ ပစ္စည်း အသစ်အဆန်း ဖြစ်နေသေးခဲ့တဲ့ အတွက် သုံးစွဲဖို့ လက်မခံချင်တာရယ်၊ နည်းပညာနဲ့ အတွေ့အကြုံ မပြည့်စုံ သေးတာရယ်၊ သုံးစွဲစဉ် အသံမြည်တဲ့ အတွက် ငြင်းဆန်ကြပါတယ်။ အခု နောက်ဆုံးပေါ်တွေကတော့ အဲဒီ ချို့ယွင်း ချက်မရှိဘဲ လိင်မှု ဆိုင်ရာ အိမ်ထောင်သည် ဘဝ အရသာကို ပြည့်ဝစွာ ခံစား နိုင်ကြပါတယ်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.