အမ်မီနမ်
From Wikipedia, the free encyclopedia
Eminem သည် အမေရိကန် ရပ် အဆိုတော်နှင့် သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး၊ သူ၏ ဂီတပုံစံကြောင့် နာမည်ကြီးသူတစ်ယောက်ဖြစ်သည်။ Eminem ၏ ဒုတိယမြောက် အယ်လဘမ် Marshall Mathers LP (2000) သည် ထုတ်ဝေသည့် ပထမလမှာပင် ကော်ပီသန်းပေါင်း ၅၀၀ ကျော် ရောင်းချခဲ့ရသည်။[1] မစ်ဆူရီပြည်နယ် စိန့်ဂျိုးဆက်မြို့တွင် သူ့အား မွေးဖွားခဲ့ပြီး ငယ်နာမည်ရင်းမှာ Marshall Bruce Mathers III ဖြစ်သည်။[2] Eminem သည် လူငယ်ဘဝတွင် လှောင်ပြောင်ခံရခြင်း နှင့် အခြားသရော်စော်ကားပြုခံရခြင်းများအား ရပ်စာသားများအဖြစ် ထည့်သွင်းသီဆိုခဲ့သည်။
Eminem | |
---|---|
Eminem performing in June 2009 | |
မွေးဖွား | Marshall Bruce Mathers III (1972-10-17) အောက်တိုဘာ ၁၇၊ ၁၉၇၂ (အသက် ၅၁) St. Joseph, Missouri, U.S. |
အခြား အမည်များ |
|
အလုပ်အကိုင် |
|
တက်ကြွလှုပ်ရှားနှစ်များ | ၁၉၈၇–လက်ရှိ |
ဇာတိ | Detroit, Michigan. United States |
အိမ်ထောင်ဖက်(များ) | Kimberly Anne Scott (m. 1999–2001, 2006; divorced) |
သားသမီး | ၁ |
ဂီတခရီးလမ်း | |
ဂီတဟန် | Hip hop |
တူရိယာ | |
တေးသံသွင်း ကုမ္ပဏီ |
|
ပူးတွဲ ပါဝင်မှု |
|
ဝက်ဘ်ဆိုက် | eminem.com |
ကိုးတန်းသုံးခါကျပြီးနောက် ၁၉၈၉ တွင် Eminem သည် ကျောင်းမှထွက်ကာ စားသောက်ဆိုင်များတွင် အချက်အပြုတ်လုပ်သူအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ထိုကဲ့သို့ ဝင်ရောက်လုပ်ကိုင်ရင်း အားလပ်သော အချိန်များတွင် ရပ်သီချင်းများစွာကို ရေးသားခဲ့သည်။ အောင်မြင်မှုမရခင်က Eminem သည် မီရှီဂန်ပြည်နယ်၊ ဒတ်ထရွိုက်မြို့မှ အသားကင်ဆိုင်တွင် လုပ်အားခ တစ်နာရီ (၅.၅ ဒေါ်လာ) နှုန်းဖြင့် စားဖိုဆောင်တွင် အလုပ်လုပ်ခဲ့ရသူဖြစ်သည်။
အန္တရာယ်များသည့် ပတ်ဝန်းကျင်တွင် ခက်ခဲစွာရှင်သန်ခဲ့ရသော Eminem သည် သူ၏ ရပ်ပါ နာမည်အား Slim Shady ဟုနာမည်ပေးကာ သူ၏ ဒေါသများအား သရော်သောပုံစံဆန်သည့် ရပ်စာသားများအဖြစ်ပြောင်းခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် လော့အန်ဂျလိမြို့တွင်ပြုလုပ်ခဲ့သည့် ရပ်အိုလံပစ်ပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်ရာ ဒုတိယဆုရရှိခဲ့ပြီး တေးထုတ်လုပ်သူများက Eminem ကိုဂရုပြုမိလာကြသည်။ NWA ဝိုင်းတော်သားဟောင်း လူမည်း rapper နှင့် rap တေးထုတ်လုပ်သူ Dr.Dre မှ Eminem ကို သဘောကျသွားပြီး ၁၉၉၉ ခုနှစ်တွင် ပထမဆုံး အယ်လဘမ် Slim Shady LP (1999) အားထုတ်ဝေပေးခဲ့သည်။ ထိုအယ်လဘမ်မှ သီချင်းစာသားများသည် ကာရံများဆန်းသစ်ခြင်း၊ ကြမ်းတမ်းသော စကားလုံးများ အသုံးပြုခြင်း၊ကိုးရိုးကားယား ပုံရိပ်များနှင့် မိမိကိုယ်ကို သရော်သော ပုံစံများကြောင့် ဟစ်ဟော့ ဂီတ ပုံစံသစ်တစ်မျိုးအဖြစ် ကိုယ်ပိုင်ဟန်တစ်ခုကို Eminem သည်ဖန်တီးနိုင်ခဲ့သည်။ ထိုအယ်လ်ဘမ်သည် ချပ်ရေသုံးသန်းကျော် ရောင်းချခဲ့ရပြီး အကောင်းဆုံး rap album ဆုနှင့် အကောင်းဆုံး rap solo performance အဖြစ် My Name IS သီချင်းဖြင့် ဂရမ်မီဆုကို ဆွတ်ခူးနိုင်ခဲ့သည်။
Eminem သည် ဒုတိယ အယ်လဘမ် Marshall Mathers LP တွင် ပိုမိုအောင်မြင်လာသော်လည်း ထိုအယ်လဘမ်အတွင်းရှိ သီချင်းစာသားများသည် အမျိုးသမီးများနှင့် မိန်းမလျာ များအား ပုတ်ခတ်သည့် ပုံစံပေါက်နေသောကြောင့် အမျိုးသမီးအခွင့်အရေး တိုက်ပွဲဝင်သူများနှင့် မိန်းမလျာ အခွင့်အရေး တိုက်ပွဲဝင်သူများ၏ ပြင်းထန်စွာ ဆန္ဒပြမှုများနှင့် ကြုံခဲ့ရသည်။ မည်သို့ပင်ဖြစ်စေ Eminem သည် ၂၀၀၁ ခုနှစ် ဂရမ်မီဆုပေးပွဲတွင် မိန်းမလျာတစ်ဦးဟု သူ့ကိုယ်သူ ဝန်ခံထားသော ပေါ့အဆိုတော် Elton John နှင့်အတူတူ Stan သီချင်းအား သီဆိုဖျော်ဖြေခဲ့သည်။ ထိုဂရမ်မီဆုပေးပွဲတွင် Eminem သည် ဂရမ်မီဆု သုံးဆု ဆွတ်ခူးနိုင်ခဲ့သည်။