အမ်မိုးနီးယား
From Wikipedia, the free encyclopedia
From Wikipedia, the free encyclopedia
အမ်မိုးနီးယား (အင်္ဂလိပ်: Ammonia)သည် အရောင်ကင်း၍ စူးရှ သည့်အနံ့ရှိသော ဓာတ်ငွေ့ဖြစ်သည်။ လေထက် အလေးချိန်ပေါ့ ၍ လေ၏ငါးပုံသုံးပုံခန့်သာလေးသည်။ နိုက်ထရိုဂျင် တစ်ဆ နှင့် ဟိုက်ဒရိုဂျင် သုံးဆရော၍ရသော ဓာတ်ငွေ့ဖြစ်သဖြင့် ယင်းကိုဓာတုသင်္ကေတအားဖြင့် NH3 ဟုရေးသည်။ အမ်မိုးနီး ယားကို လေများများနှင့် ရော၍ရှူလျှင် အသက်အန္တရာယ် မရှိသော်လည်း သူ့ချည်း ခပ်များများရှူမိပါက မွှန်၍ အသက် အန္တရာယ် ဖြစ်စေနိုင်သည်။
| |||
![]() | |||
အမည် | |||
---|---|---|---|
IUPAC name
Azane | |||
အခြားအမည်များ
ဟိုက်ဒရိုဂျင် နိုက်ထရိုက် သရိုင်ဟိုက်ဒရိုဂျင် နိုက်ထရိုက် | |||
အမှတ်အသားများ-->
--> --> --> ----- templatepar ----- --> | |||
CAS Number |
7664-41-7 | ||
3DMet | B00004 | ||
Beilstein Reference |
3587154 | ||
ChEBI | CHEBI:16134 | ||
ChEMBL | ChEMBL1160819 | ||
ChemSpider | 217 | ||
EC Number | 231-635-3 | ||
Gmelin Reference |
79 | ||
Jmol 3D model | Interactive image | ||
KEGG | D02916 | ||
MeSH | Ammonia | ||
PubChem | 222 | ||
RTECS number | BO0875000 | ||
UNII | 5138Q19F1X | ||
UN number | 1005 | ||
InChI
| |||
SMILES
| |||
ဂုဏ်သတ္တိများ | |||
NH3 | |||
Molar mass | 17.031 g/mol | ||
ရုပ်အဆင်း | Colourless gas | ||
အနံ့ | strong pungent odour | ||
သိပ်သည်းမှု | 0.86 kg/m3 (1.013 bar at boiling point) 0.769 kg/m3 (STP)[1] | ||
အရည်ပျော်မှတ် | −၇၇.၇၃ ဒီဂရီ စင်တီဂရိတ် (−၁၀၇.၉၁ ဒီဂရီ ဖာရင်ဟိုက်; ၁၉၅.၄၂ ကယ်လ်ဗင်) (Triple point at 6.060 kPa, 195.4 K) | ||
ရေဆူမှတ် | −၃၃.၃၄ ဒီဂရီ စင်တီဂရိတ် (−၂၈.၀၁ ဒီဂရီ ဖာရင်ဟိုက်; ၂၃၉.၈၁ ကယ်လ်ဗင်) | ||
ရေထဲပျော်ဝင်မှု |
47% w/w (0 °C) 31% w/w (25 °C) 18% w/w (50 °C)[4] | ||
ပျော်ဝင်မှု | soluble in ကလိုရိုဖောင်း, ether, အီသနောလ်, methanol | ||
ရေငွေ့ ဖိအား | 857.3 kPa | ||
အက်စစ် ပါဝင်မှု (pKa) | 32.5 (−33 °C),[5] 10.5 (DMSO) | ||
ဘေ့စ်ပါဝင်မှု (pKb) | 4.75 | ||
Magnetic susceptibility (χ) |
-18.0·10−6 cm3/mol | ||
Refractive index (nD) |
1.3327 | ||
ပျစ်စေးမှု | 0.276 cP (−40 °C) | ||
တည်ဆောက်ပုံ | |||
Point group |
C3v | ||
Molecular shape |
Trigonal pyramid | ||
Dipole moment |
1.42 D | ||
သာမိုဓာတုဗေဒ | |||
Std molar အင်ထရိုပီ (S |
193 J·mol−1·K−1[6] | ||
Std enthalpy of formation (ΔfH |
−46 kJ·mol−1[6] | ||
အန္တရာယ် | |||
Safety data sheet | ICSC 0414 (anhydrous) | ||
GHS pictograms | ![]() ![]() ![]() ![]() | ||
GHS hazard statements |
H221, H280, H314, H331, H400[7] | ||
GHS precautionary statements |
P210, P261, P273, P280, P305+351+338, P310[7] | ||
EU classification (DSD) |
![]() ![]() ![]() | ||
R-phrases | R10, R23, R34, R50 | ||
S-phrases | (S1/2), S9, S16, S26, S36/37/39, S45, S61 | ||
NFPA 704 | |||
Flash point | flammable gas | ||
Autoignition temperature |
၆၅၁ ဒီဂရီ စင်တီဂရိတ် (၁,၂၀၄ ဒီဂရီ ဖာရင်ဟိုက်; ၉၂၄ ကယ်လ်ဗင်) | ||
Explosive limits | 15–28% | ||
Lethal dose or concentration (LD, LC): | |||
LD50 (median dose) |
0.015 mL/kg (human, oral) | ||
LC50 (median concentration) |
40,300 ppm (rat, 10 min) 28595 ppm (rat, 20 min) 20300 ppm (rat, 40 min) 11590 ppm (rat, 1 hr) 7338 ppm (rat, 1 hr) 4837 ppm (mouse, 1 hr) 9859 ppm (rabbit, 1 hr) 9859 ppm (cat, 1 hr) 2000 ppm (rat, 4 hr) 4230 ppm (mouse, 1 hr)[8] | ||
LCLo (lowest published) |
5000 ppm (mammal, 5 min) 5000 ppm (human, 5 min)[8] | ||
US health exposure limits (NIOSH):[9] | |||
PEL (Permissible) |
50 ppm (25 ppm ACGIH- TLV; 35 ppm STEL) | ||
REL (Recommended) |
TWA 25 ppm (18 mg/m3) ST 35 ppm (27 mg/m3) | ||
IDLH (Immediate danger) |
300 ppm | ||
ဆက်စပ် ဒြပ်ပေါင်းများ | |||
Other cations |
Phosphine Arsine Stibine | ||
ဆက်စပ်သော nitrogen hydrides |
Hydrazine Hydrazoic acid | ||
ဆက်စပ် ဒြပ်ပေါင်းများ |
Ammonium hydroxide | ||
Except where otherwise noted, data are given for materials in their standard state (at 25 °C [77 °F], 100 kPa). | |||
verify (what is ?) | |||
Infobox references | |||
အမ်မိုးနီးယားသည် ရေတွင် အလွန်ပျော်ဝင်လွယ် သည်။ အမ်မိုးနီးယားဓာတ်ငွေ့ကို ရေတွင် ပျော်ဝင်စေသောအခါ အယ်လကာလိုင်းဂုဏ်သတ္တိများရှိသည့် အမ်မိုးနီးယားဟိုက် ဒရောက်ဆိုက်ကိုရ၏။ ထိုအမ်မိုးနီးယားရေကို ဟိုက်ဒရို ကလိုရစ် အက်ဆစ်နှင့် ပေါင်းစပ်စေလျှင် အမ်မိုးနီးယား ကလိုရိုက်ကို ရသည်။ စင်စစ် အမ်မိုးနီးယား ဟူသော အမည်ကို အမ်မိုးနီးယား ကလိုရိုက်မှ ရရှိခဲ့ခြင်းဖြစ်သည်။ အမ်မိုးနီးယားကလိုရိုက်ခေါ် ဇဝက်သာကို အီဂျစ်နိုင်ငံ ဂျူပီတာ အမ်မွန်ဘုရားကျောင်းအနီးမှ တွေ့ရှိရသည်ကိုအစွဲပြု၍ အမ်မိုးနီးယားဟူသောအမည် ဖြစ်ပေါ် လာသည်။ အမ်မိုးနီးယားကို ရှေးအခါက သမင်ဖို၏ဦးချို၊ ခွာနှင့် သားရေတို့မှ ထုတ်ယူကြသဖြင့် "သမင်ချိုအရက်ပြန်"ဟုခေါ် ကြသည်။ အမ်မိုးနီးယားကို ဓာတ်ငွေ့စစ်စစ်အဖြစ် ၁၇၇၄ ခုနှစ် တွင် ဂျိုးဇက် ပရီးဆလီဆိုသူ အင်္ဂလိပ်လူမျိုး ဓာတုဗေဒ ပညာရှင်က စတင်ထုတ်လုပ်၍ "အယ်လကလိုင်းလေ" ဟု မှည့်ခေါ်ခဲ့သည်။
အမ်မိုးနီးယားသည် ခြောက်နေသည့်အခါ အခြားဓာတ် များနှင့်ပေါင်းစပ်မှုနည်း၍ ရေတွင်ပျော်ဝင်နေသည့်အခါ အခြား ဓာတ်များနှင့် ပေါင်းစပ်သွားလေသည်။
ရိုးရိုးကျောက်မီးသွေးမှ ကုတ်မီးသွေးနှင့် ကျောက်မီး သွေးဓာတ်ငွေ့ကို ထုတ်ယူရာတွင် အမ်မိုးနီးယားကို ဘေးထွက် ပစ္စည်းအဖြစ်ဖြင့် အမြောက်အမြားရရှိနိုင်သည်။ ရရှိပုံမှာ ကျောက်မီးသွေးဓာတ်ငွေ့ကို ထုတ်ယူရန်အတွက် ကျောက်မီး သွေးကို ရီတော့ပေါင်းအိုးကဲ့သို့သော ပေါင်းချွေးခံအိုးလုံလုံတွင် ထည့်၍ မီးတိုက်သောအခါ အမ်မိုးနီးယားရေသည်လည်း ဘေး ထွက်ပစ္စည်းအဖြစ်ဖြင့် ရောနှော၍ထွက်လာ၏။ ထိုထွက်လာ သော အမ်မိုးနီးယားရေကို ဖောက်ထုံးရေနှင့်ရော၍ မီးပေါ်တွင် ကျိုလိုက်သောအခါ အမ်မိုးနီးယားကိုရရှိ၏။
ထို့ပြင် ဟိုက်ဒရိုဂျင်နှင့် နိုက်ထရိုဂျင်ဓာတ်ငွေ့ နှစ်မျိုး ကို တိုက်ရိုက်ပေါင်းစပ်ယူခြင်းဖြင့်လည်း အမ်မိုးနီးယားကို ရရှိ နိုင်ပေသည်။ ဤနည်းတွင် နိုက်ထရိုဂျင်ဓာတ်ငွေ့သန့်သန့်တစ်ပုံ နှင့် ဟိုက်ဒရိုဂျင် ဓာတ်ငွေ့သန့်သန့် သုံးပုံကို ရောပြီးလျှင် အပူချိန် ၅ဝဝ မှ ၇ဝဝ ဒီဂရီစင်တီဂရိတ်အထိ မီးပြင်းတိုက် ပေးရလေသည်။
အမ်မိုးနီးယားကို ၃၄ ဒီဂရီစင်တီဂရိတ်အထိ အေး အောင်ပြုလုပ်လျှင် အရည်ဖြစ်လာသည်။ အမ်မိုးနီးယားသည် −၃၃.၃၄ ဒီဂရီစင်တီဂရိတ်တွင်ဆူပွက်၍ −၇၇.၇၃ ဒီဂရီစင်တီဂရိတ် တွင် အခဲဖြစ်သွားသည်။ အမ်မိုးနီးယားကိုအအေးခံ၍ ဖိအား ကောင်းကောင်းနှင့် ဖိလိုက်သောအခါ အလွယ်တကူနှင့် အရည် ဖြစ်သွားနိုင်သဖြင့် သံမဏိစည်ကြီးများထဲတွင်ထည့်၍ သယ်ယူ ရွှေ့ပြောင်းနိုင်လေသည်။
စက်မှုလက်မှုလုပ်ငန်းများတွင် အသုံးပြုသော ဓာတ် ပစ္စည်းများအနက် အမ်မိုးနီးယားသည် အလွန်အသုံးဝင်သော ပစ္စည်းတစ်ခုဖြစ်၏။ အမ်မိုးနီးယားကို ရေခဲပြုလုပ်ရာ၌လည်း ကောင်း၊ အအေးဓာတ်ပြုလုပ်ယူသော စက်များ၌လည်းကောင်း၊ နိုက်ထရစ်အက်ဆစ် ဖော်စပ်ယူရာ၌လည်းကောင်း အသုံးပြုကြ သည်။
အမ်မိုးနီးယားကို အက်ဆစ်များနှင့် ပေါင်းစပ်လိုက် သောအခါ အဖိုးတန်သော အမ်မိုးနီးယား ဓာတ်ဆားများကိုရ ၏။ ဆား(လ်) ဗော်လတိုင်းခေါ် အမ်မိုးနီးယားကာဗွန်နိုက်ကို ရှူဆေး (ဇဝက်သာ ရှူဆေး) တွင်လည်းကောင်း၊ ဆား(လ်) အမ်မိုးနီးယက်ခေါ် အမ်မိုးနီးယားကလိုရိုက် (ဇဝက်သာ) ကို ဘယဆေးများအပြင် ဗက်ထရီဓာတ်အိုးတွင်ထည့်ရန်နှင့် ဂဟေ ဆော်ရာ၌ ချွေးချွတ်ဆေးအဖြစ်ဖြင့်လည်းကောင်း အသုံးပြုကြ ၏။ အမ်မိုးနီးယမ်းဆာလဖိတ်ကို ဓာတ်မြေဩဇာအဖြစ် အသုံး ပြုကြ၍၊ အမ်မိုးနီးယမ်းနိုက်ထရိတ်ကို ပေါက်ကွဲစေတတ်သော ခဲယမ်းမီးကျောက်များ ပြုလုပ်ရာ၌ အသုံးပြုကြလေသည်။[10]
Seamless Wikipedia browsing. On steroids.