![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/0/0a/Emma_Watson_interview_in_2017.jpg/640px-Emma_Watson_interview_in_2017.jpg&w=640&q=50)
အမ်မာ ဝက်ဆင်
From Wikipedia, the free encyclopedia
အမ်မာ ရှားလတ် ဒျူရဲ ဝေါ့ဆန် (အင်္ဂလိပ်: Emma Charlotte Duerre Watson)[2] (၁၅ ဧပြီ ၁၉၉၀ မွေးဖွား)[3] သည် ဗြိတိန် သရုပ်ဆောင်၊ မော်ဒယ် တစ်ဦး ဖြစ်သည်။ ပဲရစ်မြို့တွင် မွေးဖွားခဲ့ပြီး အောက်စဖို့ဒ်ရှီးယားမြို့တွင် ကြီးပြင်းခဲ့သည်။ Oxford Dragon ကျောင်းတွင် ငယ်စဉ်က ကျောင်းတွင် တတ်ခဲ့ပြီး အောက်စဖို့ဒ်တက္ကသိုလ်ခွဲဖြစ်သော Stagecoach Theatre Arts တွင် အမျိုးသမီးဇာတ်ဆောင်ပညာများကို သင်ယူခဲ့သည်။ ကျောင်းတွင် အနုပညာပွဲများတွင်သာ ဆင်နွဲနေသော ဝက်ဆင်သည် တရားဝင် အမျိုးသမီးဇာတ်ဆောင်အလုပ်ကို ဟာမီရုန်း ဇာတ်ရုပ်ဖြင့် ဟယ်ရီပေါ်တာ ရုပ်ရှင်ဇာတ်လမ်းတွဲများ များတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ၂၀၀၁ မှ ၂၀၁၁ အထိ ဟယ်ရီပေါ်တာရုပ်ရှင် ရှစ်ကားစလုံးတွင် ပါဝင်ခဲ့သည်။ [4] ဟယ်ရီပေါ်တာ ဇာတ်လမ်းများသာမက The Tale of Despereaux ကားတွင် အသံသရုပ်ဆောင်အဖြစ် ပါဝင်ခြင်းနှင့် Ballet Shoes ဝတ္တုကို ရုပ်ရှင်ပြန်ရိုက်ရာတွင်လည်း ပါဝင်ခဲ့သည်။ ထို့နောက် ခေါင်းဆောင်မင်းသမီးနေရာမှ The Perks of Being a Wallflower နှင့် The Bling Ring တို့တွင် ပါဝင်ခဲ့သည်။ This is the End ကားထဲတွင် ပုံကြီးချဲ့ပြောတတ်သော ကောင်မလေးအဖြစ်လည်းကောင်း၊ Noah ကားထဲတွင် မွေးစားသမီးနေရာမှလည်းကောင်း ပါဝင်သရုပ်ဆောင်ခဲ့သည်။[5]
အမ်မာ ဝက်ဆင် | |
---|---|
![]() အမ်မာ ဝက်ဆင် (2017) | |
မွေးဖွား | Emma Charlotte Duerre Watson (1990-04-15) ၁၅ ဧပြီ၊ ၁၉၉၀ (အသက် ၃၄) ပဲရစ်မြို့၊ ပြင်သစ်နိုင်ငံ |
နိုင်ငံလူမျိုး | ဗြိတိသျှ[1] |
မိခင်ကျောင်း | ဘရောင်းတက္ကသိုလ် Worcester College, Oxford |
အလုပ်အကိုင် |
|
တက်ကြွလှုပ်ရှားနှစ်များ | ၁၉၉၉–လက်ရှိ |
ကျော်ကြားမှုအရင်းခံ | ဟယ်ရီပေါ်တာ ရုပ်ရှင်ဇာတ်လမ်းများ My Week with Marilyn The Perks of Being a Wallflower ကုလသမဂ္ဂ အမျိုးသမီး ကိုယ်စားလှယ် |
၂၀၁၁ မှ ၂၀၁၄ အထိ အမ်မာသည် သူမ၏ သရုပ်ဆောင်အလုပ်များမှ ခဏတာ အနားယူခဲ့ပြီး ကျောင်းစာများအပေါ်တွင်သာ အာရုံစိုက်ခဲ့သည်။ Brown တက္ကသိုလ်နှင့် အောက်စ်ဖို့ဒ်တက္ကသိုလ် အခွဲWorcester ကောလိပ် တို့တွင် တက်ရောက်ခဲ့ပြီး အင်္ဂလိပ်စာအထူးပြုဖြင့် Brown တက္ကသိုလ်မှ ဘွဲ့ရခဲ့သည်။ [6] အမ်မာသည် Burberry နှင့် Lancôme မှပြုလုပ်သော ပွဲများတွင် သူမသည် မော်ဒယ်အဖြစ် ပါဝင်လေ့ရှိသည်။[7][8] အမ်မာသည် British Academy of Film and Television Arts မှပေးအပ်သော တစ်နှစ်တာ အကောင်းဆုံး ဗြိတိန်အနုပညာရှင်ဆုကို ရရှိခဲ့သည်။ ထိုနှစ်တွင် ကုလသမဂ္ဂ အမျိုးသမီးများ၏ အခွင့်အရေးဆိုင်ရာ ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခြင်းခံရသည်။ HeForShe အမည်ရသော ကုလသမဂ္ဂ အမျိုးသမီးများ၏ အခွင့်အရေးဆိုင်ရာ လုပ်ရှားမှုကို ဦးဆောင်စေသည်။ ထိုလုပ်ရှားမှုသည် ကျားမတန်းတူအခွင့်အရေးရရှိရေးအတွက် ဆောင်ရွက်သည်။[9]