မြန်မာ အဆိုတော် From Wikipedia, the free encyclopedia
အမ်ဇော်ရိန် သည် မြန်မာနိုင်ငံသား ကချင်လူမျိုး အဆိုတော်တစ်ဦး ဖြစ်သည်။[1] အမ်ဇော်ရိန်သည် Myanmar Idol အစီအစဉ်၏ ပထမရာသီတွင် Final Top 3 အထိတက်ရောက်နိုင်ခဲ့ပြီးWinner မဖြစ်ခဲ့ပေ။[2]
အမ်ဇော်ရိန် M Zaw Rain | |
---|---|
မွေးဖွား | ပျဉ်းမနားမြို့ | ဇန်နဝါရီ ၂၀၊ ၁၉၉၃
နိုင်ငံလူမျိုး | မြန်မာ |
အခြား အမည်များ | ဇော်ရိန် တယောလေး |
လူမျိုး | ကချင် |
အလုပ်အကိုင် | အဆိုတော် |
ကျော်ကြားမှုအရင်းခံ | Myanmar Idol နောက်ဆုံးအဆင့် ပြိုင်ပွဲဝင် |
မိဘ(များ) | ဦးMဇော်ခွန်၊ ဒေါ်နော်ခရစတာဘဲလ် |
အမ်ဇော်ရိန်သည် မြန်မာအိုင်ဒေါ၏ ပထမဆုံးရာသီကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး နောက်ဆုံး Final Top 3 တွင် စောလားထော်ဝါး၊ နင်ဇီမေတို့နှင့်အတူ ယှဉ်ပြိုင်ခဲ့ရာ စောလားထော်ဝါးက အနိုင်ရခဲ့သည်။[3][4] သူသည် မြန်မာအိုင်ဒေါတွင် လူသိများလာပြီး ပရိသတ် သိန်းချီရှိလာခဲ့သည်။[5][6]
အမ်ဇော်ရိန်ကို ဇန်နဝါရီ ၂၀ ရက်နေ့၊ ၁၉၉၃ ခုနှစ်တွင် ဦးMဇော်ခွန်၊ ဒေါ်နော်ခရစတာဘဲလ်တို့မှ ပျဉ်းမနားမြို့၌ မွေးဖွားခဲ့သည်။ သူသည် Myanmar Idol တွင်သူနှင့်အတူ ပါဝင်ယှဉ်ပြိုင်ခဲ့သော စောထက်နိုင်စိုးနှင့် ညီအစ်ကို တစ်ဝမ်းကွဲ တော်စပ်သည်။
အမ်ဇော်ရိန်သည် ခရစ်ယာန်ဘာသာဝင် ကချင်လူမျိုးဖြစ်ပြီး အရပ် ၅ပေ ၆လက်မ (၁.၉၄ မီတာ) ရှိပြီး မွေးချင်း၄ယောက်အနက် အငယ်ဆုံးဖြစ်သည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.