အမယ်ဒါဘတ်မြို့
From Wikipedia, the free encyclopedia
အမယ်ဒါဘတ်မြို့သည် အိန္ဒိယနိုင်ငံ ဂုဇရာတပြည်နယ်ရှိ အကြီးဆုံးမြို့ဖြစ်သည်။ ၎င်းသည် ယခင်က ဂုဇရာတပြည်နယ်၏ မြို့တော်ဖြစ်ခဲ့ပြီး ဂုဇရာတ ဗဟိုတရားရုံး ရုံးထိုင်ရာ မြို့ဖြစ်သဖြင့် ဂုဇရာတ၏ တရားစီရင်ရေး အချက်အချာ မြို့တော်ဟု ခေါ်ဆိုနိုင်သည်။ အိန္ဒိယနိုင်ငံတွင် သတ္တမမြောက် အကြီးဆုံးမြို့နှင့် သတ္တမမြောက် အကြီးဆုံး မက်ထရိုပိုလစ်တန် ဒေသဖြစ်သည်။ လူဦးရေ ၄ သန်းရှိပြီး မက်ထရိုဒေသအတွင်းတွင် လူဦးရေ ၅.၄ သန်းမျှ ရှိသည်။ ၂၀၁၀ ခုနှစ်တွင် ဖော်ဘီမဂ္ဂဇင်းမှာ အမယ်ဒါဘတ်မြို့အား ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးမှု အမြန်ဆန်ဆုံးမြို့များတွင် တတိယနေရာ အဖြစ် သတ်မှတ်ခဲ့သည်။ အမယ်ဒါဘတ်မြို့သည် ဆဘာမတီမြစ်ကမ်းပေါ်တွင် တည်ရှိပြီး ပြည်နယ်မြို့တော် ဂန္ဒီနာဂါးမြို့မှ ၃၂ ကီလိုမီတာ အကွာတွင် ရှိသည်။
အချက်တိုများ အမယ်ဒါဘတ်မြို့અમદાવાદ Amdavad, နိုင်ငံ ...
အမယ်ဒါဘတ်မြို့ અમદાવાદ Amdavad | |
---|---|
မက်ထရိုပိုလစ် | |
အမယ်ဒါဘတ်မြို့မြင်ကွင်း | |
ကိုဩဒိနိတ်: 23.03°N 72.58°E / 23.03; 72.58 | |
နိုင်ငံ | အိန္ဒိယ |
ပြည်နယ် | ဂုဇရာတပြည်နယ် |
ခရိုင် | အမယ်ဒါဘတ်ခရိုင် |
တည်ထောင်သူ | Sultan Ahmed Shah I |
အမည်ပေး | Ahmedshah |
အစိုးရ | |
• အမျိုးအစား | မြို့တော်ဝန်-ကောင်စီ |
• အစိုးရအဖွဲ့ | အမယ်ဒါဘတ် မြူနီစီပယ်ကော်ပိုရေးရှင်း |
• မြို့တော်ဝန် | Meenakshi Patel |
• ဒုတိယမြို့တော်ဝန် | Bipin Sikka |
• မြူနီစီပယ်မင်းကြီး | D.Thara |
ဧရိယာ[1] | |
• မက်ထရိုပိုလစ် | ၄၆၄.၁၆ စတုရန်းကီလိုမီတာ (၁၇၉.၂၁ စတုရန်းမိုင်) |
ပင်လယ်ရေ မျက်နှာပြင်အမြင့်[2] | ၅၃ မီတာ (၁၇၄ ပေ) |
လူဦးရေ (၂၀၁၁)[3] | |
• မက်ထရိုပိုလစ် | ၅,၅၇၀,၅၈၅ |
• အဆင့် | ဆဋ္ဌမ |
• သိပ်သည်းမှု | ၁၂၀၀၀/km၂ (၃၁၀၀၀/sq mi) |
• မြို့ပြကြီး[4] | ၆၃၅၂၂၅၄ |
Demonym(s) | Ahmedabadi/Amdavadi |
အချိန်ဇုန် | IST (UTC+5:30) |
စာပို့သင်္ကေတ | 380 0XX |
ဧရိယာကုဒ်(များ) | တယ်လီဖုန်းကုဒ် |
ယာဉ်မှတ်ပုံတင် | GJ-1,GJ-18,GJ-27,GJ-28 |
ကျားမအချိုး | ၁.၁၁[5] ♂/♀ |
စာတတ်မြောက်မှုနှုန်း | ၈၉.၆၂[5] |
ဘာသာစကားများ | ဂူဂျာရတီ၊ ဟင်ဒီနှင့် အင်္ဂလိပ် |
ရင်းမြစ်: အိန္ဒိယနိုင်ငံ သန်းခေါင်စာရင်း[6] |
ပိတ်ရန်